ရွေးကောက်ပွဲလွန် အီရန်ကျောင်းသားအုံကြွမှု ပိုမိုအားကောင်းလာ

၇ ဒီဇင်ဘာ ဘော်စတွန် ၊                     ၊သီရိထက်

Student Protests in Iran Against Regime

ရွေးကောက်ပွဲ ကျင်းကအပြီး ခြောက်လ အကြာတွင် ပထမ ဦးဆုံး အကြိမ်အဖြစ် အီရန် ဆန္ဒပြမှု များပိုမို အားကောင်းလာသည် ဟု စီအန်အန် သတင်းတွင်ယနေ့အကျယ်တ၀င့်ထုတ်လွှင့်သွားသည်။

မြစိမ်းရောင် တော်လှန်ရေး ဟု အမည်ပေးထားသည့် အီရန်ကျောင်းသားများ၏ လှုပ်ရှားမှု
သည် ယနေ့  တီဟီရန် မြို့ လည် တွင် ပေါ်ပေါက်လာက ကျောင်းသူ၊ကျောင်းသား နှင့် ပြည်သူ နှစ်သောင်း ကျော် ပါဝင် ဆင်နွှဲသည် ဟု သိရသည်။

အစိုးရ က တီဟီရန် တက္ကသိုလ် တစ်ဝိုက်အား ပိတ်ဆို့ မှု များပြုလုပ်ထားပြီး အာဏာရှင် မသာပေါ်ပါစေ ဟု ကြွေးကျော်ကာ စီတန်းလှည့်လည် လာသော ကျောင်းသားများကိုမျက်
ရည်ယိုဗုံးများ ၊နံပါတ်တုတ်များ အသုံးပြုကာ ဆိုင်ကယ်ဖြင့် ၀င်ရောက်တိုက်ခိုက် သည် ဟု
သိရသည်။

တီဟီရန် အခြေစိုက် ရိုက်တာ ၊အေပီ စသည့် သတင်းဌာနများအား စောင့်ကြပ်ကြည့်ရှုနေကာ သတင်းယူခွင့် ပိတ်ပင်ထားသော် လည်း ယနေ့ ဆန္ဒပြပွဲ သတင်း ဓာတ်ပုံများမှာ ယူတု ၊ ဖေ့ဘွတ် နှင့် နိုင်ငံတကာသတင်းမီဒီယာများပေါ်သို့ ရောက်ရှိလာသည်။

ဘာသာရေး အစွန်းရောက် အာဏာရှင် အစိုးရက ယမန်နေ့ ကတည်းက အင်တာနက် မြန်နှုန်းကို လျှော့ချထားပြီး ယနေ့ တွင် အင်တာနက် ဆက်သွယ်ရေးအား ဖြတ်တောက်ထားသည်။