၈ ဒီဇင်ဘာ ဘော်စတွန် ၊ ၊သီရိထက်
Fashion Guide
ဒီနှစ်ဆောင်းတွင်းအမေရိကန် နိုင်ငံက အမျိုးသမီး ငယ်တွေမှာ အတွေ့ ရများလာ တဲ့ဖက်ရှင်
ကတော့ Tight ခေါ် အသားကပ် အီလပ်စတစ် ဘောင်းဘီ ပေါ်မှမီနီ စကတ်တို လေးတွေ နဲ့ မိမိ
နှစ်သက်ရာ စကတ်တွေ ၀တ်လာတဲ့ ဖက်ရှင်ပါ။
ဒီဖက်ရှင်ကို ၁၉၉၅ ခုနှစ် လောက်က ဝေလ မင်းသမီး ဒိုင်ယာနာ က စတင် ၀တ်ဆင်ခဲတယ် လို့ Hello မဂ္ဂဇင်းကြီးမှာ ဖေါ်ပြထားပါတယ်။အမေရိကန် တစ်နံတစ်လျှားက တက္ကသိုလ် ကျောင်းသူ
တွေ ရဲ့ ဆောင်းရာသီ ဒီဖက်ရှင် ဟာ မြန်မာ နိုင်ငံမှာ လည်း ထိုက်သင့်သလောက် တွင်ကျယ်နေပြီးပြီးခဲ့တဲ့ တစ်ပတ်က မဲဆောက်မှာ ကျင်းပ ကျင်းပခဲ့တဲ့ ထိုင်းဘုရင့် မွေးနေ့ ပွဲ မှာ လည်း မြန်မာ အဆို
တော် ရေဘက္က၀င်းက ဒီလိုဖက်ရှင် မျိုး ၀တ်ဆင် ခဲ့တာ ကို ဘလောက် တွေ မှာ တွေ့ လိုက်ရပါတယ်။(ရေဘက္က၀င်း ရဲ့ Tight ကတော့ နဲနဲထူလွန်းပါတယ်)
အမျိုးသမီးတွေ အများဆုံးဝတ်လေ့ရှိတဲ့ Tight အ
ရောင်က အနက်ရောင် နဲ့ အနက်ရောင် စကတ်ကို
ရွေးချယ်ကြပေမယ့် တချို့ ကလည်း မိမိ နှစ်သက် တဲ့ အရောက် တွေကို တွဲဖက် ၀တ်ဆင်ကြပါ
တယ်။
ပုံမှာဖော်ပြထားတာက တော့ နာမည်ကျော်တွေ နဲ တော်ဝင်မျိုးနွယ်တွေ ကိုယ်တိုင် ဒီဖက်ရှင်ကို နှစ်
သက်လာခြင်းပါပဲ။



