မစ္စတာ ခရီယေတာ ဖန်တီးထားတဲ့သိန်းစိန်ရဲ့ ကိုပင်ဟေဂင် ခရီး လူကြိုက်များ

၉ ဒီဇင်ဘာ ရန်ကုန်၊                    ၊ယူကွန်

Thein Sein  ‘s Venturing on Copenhagen

Mr Creator ဖန်တီးထားသည့် မြန်မာဝန်ကြီးချုပ် သိန်းစိန်၏ ကိုပင်ဟေဂင်သွား ခရီးစဉ်
ဂရပ်ဖစ် စတိုင်ယာ မှာ ဖေ့ဘွတ် နှင့် ဖိုရမ် များ အသုံးပြုသော မြန်မာလူငယ်များကြားတွင်
ဟာသ ဖြစ်စရာ အမြင် တစ်ခု အနေဖြင့် လူကြိုက်များနေကြောင်းသိရသည်။

ထို ဂရပ်ဖစ် တွင် ဒန်းမတ် နိုင်ငံ ကိုပင်ဟေဂင် မြို့ တွင် ကုလသမဂ္ဂမှ ကြီးမှုးကျင်းပမည့်
သဘာဝပတ် ၀န်းကျင်ဆိုင်ရာ ရာသီဥတု ပြောင်းလဲမှု များညီလာ ခံသို့ တက်ရောက်မည့် မြန်မာ ၀န်ကြီးချုပ် သည် နိုင်ငံ့ခေါင်းဆောင် တစ်ဦး၏ ပြည်ပ ခရီး နှင့် မတူညီ ဘဲ ဖြစ်နေရပုံ ကို သရုပ်ဖော်ထားသည်။

ထိုဂရပ်ဖစ် နှင့် ပတ်သက် ၍  “တာဝ တက္ကသိုလ် စိတ်ပညာဌာန မှ ကျောင်းသားတစ်ဦး
က သိန်းစိန်က တိုင်းပြည်မှာ ဘာသြဇာမှ မရှိ ဘူးဆိုတာ သန်းရွှေက မီဒီယာကနေ တစ်ဆင့် ပြည်သူ ကို ပြောတာလေ ။နယူးယောက်မှာ ကုလ အစည်း အဝေးသွားတက်
တုန်းက ကော်ဇောနီ ပေါ်က နေ သန်းရွှေ တို့ မောင်အေး တို့ လျှောက်သလိုမလျှောက်ရဘူး ၊နောက် စင်္ကာပူ မှာ အိုဘားမား တို့ နဲ့ တွေ့ ဖို့ သွားတာကြတော့ မောင် အေးကို ဆောင်းထားတဲ့ ထီးကိုတောင် ဖိုတိုရှောပ် နဲ့ ဖျောက်တယ် ၊ အခု ဒီ ဂရပ်ဖစ် က နိုင်ငံတော် ၀န်ကြီးချုပ် ဆိုပြီး ကုပ်ချောင်းချောင်း
နဲ့ ဖြစ်နေရတာကို ထင်ဟပ် ပြတယ်။ ခင်ညွှန့် တုန်းက တောင် ဒီလောက် အောက်မကျို့ ဘူး “ဟု ပြောသည်။

ဂရပ်ဖစ် ဒီဇိုင်းများ ဖြစ် နိုင်ငံရေး အံတုမှု ပြုပြီး စစ်အုပ်စု ကို သလျှော်သော မစ္စတာ ခရီယေတာ သည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းကာ

လ မှ စ၍ သူ၏ လက်ရာ မြောက်သော သလျှော်ချက်များ ကြောင့် လူသိများထင်ရှား
လာသည်။