အိုဘားမား နိုဘလ် ငြိမ်းချမ်းရေးဆု တက်ရောက်လက်ခံရယူ

၁၀ ဒီဇင်ဘာ ဘော်စတွန် ၊                        ၊သီရိထက်

War sometimes justified, Obama says in Nobel Peace Prize speech (PHOTO)

နိုဘလ်ငြိမ်းချမ်းရေးဆုရှင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံရှေ့တွင် တွေ့ ရသည့် အိုဘားမား
နိုဘလ်ဆုနှင့်အတူတွေ့ ရသည့်အိုဘားမား

အမေရိကန် သမ္မတ အိုဘားမားသည် နိုဝေ နိုင်ငံ အော်စလို မြို့ တွင်နိုဘလ်ငြိမ်းချမ်းရေးဆု တက်ရောက်လက်ခံရယူစဉ် သူ၏ မဟာဗျူဟာ သစ်ဖြစ်သည့်  အာဖဂန် နစ္စတန် နိုင်ငံ အား စစ်တပ်ထပ်မံပို့ လွှတ်ရေး အစီအစဉ် နှင့် ပတ်သက်၍ ကာကွယ် ပြောကြားသွားသည်။နိုဘယ် ငြိမ်းချမ်းရေးဆုတက်ရောက် လက်ခံရယူစဉ် သူက အကြမ်းမဖက် ဘဲ တိုက်ပွဲ ၀င်နေကြသည့် ငြိမ်းချမ်းရေး ၀ါဒီများကို ချီးကျူးသွားပြီး စစ်ဆိုသည် မှာ ထိန်းညှိပေးရေး အစီအစဉ် တစ်ခုသာ ဖြစ်ကြောင်း ပြောကြားသွားသည်။

အိုဘားမားအား နိုဘလ်ဆု ပေးခြင်း အပေါ် နိုင်ငံတကာ နှင့် တက်ကြွသူ အချို့ ကဝေဖန် ကန့် ကွက်ကြသည်။ နိုဘလ်ဆု ငြိမ်းချမ်းရေးဆု တက်ရောက်လက်ခံရယူရန် သွားမည့် နေ့ မတိုင်ခင်က အာဖဂန် တွင် အမေရိကန် စစ်တပ် အင်အား သုံးသောင်းကျော်ထိ တိုးမြှင့်ချထားရန်ဆုံးဖြတ်ခဲ့သည်။

ဒီဇင်ဘာလ ၁ ရက်နေ့ က အမေရိကန် နိုင်ငံ West Point စစ်တက္ကသိုလ် တွင် သင်တန်းဆင်းဗိုလ်လောင်းများကို စစ်ရေးအင်အားပေါ်မှီခိုသည့် အယူအဆ ဆန်သည့် မိန့် ခွန်းကို ထည့်သွင်းပြောကြားခဲ့သည်။ဆုတက်ရောက် လက်ခံရယူစဉ် သူက ဂန္ဒီ၏ အကြမ်း
မဖက်လမ်းစဉ်ကို ထည့်သွင်းပြောကြားခဲ့သော် လည်း ငြိမ်းချမ်းရေး အတွက် စစ်ပွဲ ရှိရမည်
ဟု သဘောရသည့် သူ၏ မိန့် ခွန်းကြောင့် အာရပ် ကမ္ဘာက ဒေါသထွက် သည် ဟု သတင်းရ ရှိသည်။

အိုဘားမား နှင့် နိုဘလ် ဆု သိမှတ် စရာ

ယခင်နိုဘဲဆုရှင် အမေရိကန်သမ္မတ ၊    ၊Theodore Roosevelt and Woodrow Wilson.

ယခု မိန့်ခွန်းရေးပေးသူ Ben Rhodes and Jon Favreau; a team of White House political advisors၊

ဆုအတွက်ရရှိမည့် ငွေကြေး၊ အမေရိကန် ဒေါ်လာ ၁.၄ သန်း

အမေရိကန်ပြည်သူတို့ ၏ သဘောထား၊သမ္မတ သည် အာဖဂန် ၊အီရတ် အရေးထက် နိုင်ငံ၏
ယိုယွင်းပျက်စီးလာသော စီးပွားရေး နှင့် အလုပ်လက်မဲ့ နှုန်းမြင့်တက်လာမှု ကိုအာရုံထားသင့်

စိတ်ဝင်စားမှု ၊                   ၊ယခုနှစ်နိုဘဲလ် ဆုသတင်းကိုနိုင်ငံတကာတွင်စိတ်ဝင်စားမှုမြင့်
တက်လာ၊ရုပ်သံမှ တိုက်ရိုက်ကြည့်ရှုသူ  သန်း ၉၀၀ ကျော်ရှိ

အိုဘားမား နိုဘယ်ဆုမိန့် ခွန်းအပြည့်အစုံ နှင့် ဗီဒီယို

ဒီဇင်ဘာလ၁၀ရက်လူ့ အခွင့်အရေးနေ့ က နိုဘလ်ဆုလက်ခံရယူစဉ် မိန့် ခွန်းပြောကြားနေသည့် အိုဘားမား
နိုဘလဲလ်ငြိမ်းချမ်းရေးဆုရှင်နိုင်ငံများတွင်စာရင်း (ထိုအထဲတွင်မြန်မာနိုင်ငံလည်းပါဝင်သည်)
နိုဘလ်ဆုပေးအပ်ချီးမြှင့်ရာအော်စလိုနိုဘလ်City Hall ခန်းမ