ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေဟိုတယ် အချို့  လိင်ဖျော်ဖြေရေးများ ဖြင့် ခရီးသွားများအား စွဲဆောင်

၁၀ ဒီဇင်ဘာ ရန်ကုန် ၊                           ၊ဟိန်းခိုင်ထွန်း

ရန်ကုန်မြို့ ရှိဖက်ရှင်ရှိုးတစ်ခု

ဧရာဝတီ တိုင်းအတွင်းရှိ ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေဟိုတယ်အချို့ သည် လိင်
ဖျော်ဖြေရေး လုပ်ငန်းများ ဖြင့် ခရီးသွား များကို ဆွဲဆောင်မှု ပြုလုပ်ကြသည် ဟု စုံစမ်းသိရှိ
ရသည်။

၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းတိုက်ခတ်ပြီးကတည်းက ခရီးသွားများ အလာ နည်းသွားခဲ့သဖြင့် ငွေကြေးအရ ဆုံးရှုံးမှု ကြုံခဲ့ရသည့်ချောင်းသာ နှင့် ငွေ ဆောင်ကမ်း
ခြေ ဟိုတယ် အချို့ တွင် မြူးကြွသော တီးလုံးများ ဖြင့် အမျိုးသမီးငယ် များ ၏ အဖော်အချွတ်က ပွဲ များကို ညစဉ် မြန်မာငွေ ကျပ်သုံးသောင်း နှင့် ကြည့်ရှု နိုင်သည်ဟု
သိရသည်။

ဧရာဝတီ တိုင်းအတွင်းရှိ ကမ်းခြေဟိုတယ်များတွင် ထိုကဲ့သို့ အဖော်အချွတ်ပွဲများကျင်းပ
မှု နှင့် ပတ်သက်၍ ရန်ကုန် မြို့ ရှိ ကီးဘုတ် တီး ဆရာ တစ်ဦး က “ကျွန်တော်က ချောင်းသာ က ဟိုတယ်က ကီးဘုတ် တီးဖို့ လာငှားတာ လစာကောင်းတယ် ၊ကျွတ်တော်က ရန်ကုန် မှာ လို ဆိုင်တွေက စင်တင်တေးဂီတ ထင်လို့ လိုက်သွားတာ ဟိုကျတော့ မှ ဘီကီနီ နဲ့ ကောင်မလေးတွေ လမ်းလျှောက် ထွက် လာတာ တို့ ဘာတို့ တီး
ပေးရတာ ဗျ ”ဟု သူ့ အတွေ့ အကြုံကို ပြောသည်။

ချောင်းသာ ကမ်းခြေရှိ ဟိုတယ်တစ်ခု တွင် ကျင်းပသည့် ဖက်ရှင်ရှိုး တစ်ခု ကို သွားရောက်
ခဲ့ဖူးသူ တစ်ဦးက “တရုတ်တွေလာတာများတယ် ၊ပြည်မ ကြီးက တရုတ်တွေက ပိုလာကြတယ် ၊ကူမင်းမှာဆို ငွေဆောင်က ခုနှစ်လွှာ အကပွဲ သွားချင်ရင် ရတယ် လို့ တောင် တရုတ် လို ကြော်ငြာထားတယ် ဆိုပဲ ။ ငွေဆောင်မှာတော့ ကောင်မလေး လေး
ငါးခြောက်ယောက် က ကတယ် တစ်ယောက် အ၀တ်တွေ တစ်ယောက် က ဖြည်းဖြည်းချင်း ချွတ်ပြတယ် ၊ တစ်ကိုယ် လုံး နီးပါးပဲ အလင်းရောင် သိပ်မပေးထားတဲ့ အခန်းလေးတွေ ပေါ့ “ဟု ပြောသည်။

ထိုကဲ့သို့ လိင်ဖျော်ဖြေရေး ဆန်ဆန် လုပ်ငန်းများကို ငွေဆောင် နှင့် ချောင်းသာ ကမ်းခြေရှိ အာဏာပိုင်များကို အခကြေးငွေ ပေးကာ လာဘ် ထိုး၍ ကျင်းပကြရခြင်း ဖြစ်သည်။ ထိုဖျော်ဖြေပွဲ များသည် နိုဝင်ဘာလ က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နာဂစ် ဒေသ လှည့်လည် အပြီး ပုသိမ် တွင် တစ်ထောက် နား ညအိပ်ရပ်နား ပြီးကာမှ ပိုမို တွင်ကျယ်လာ ခြင်းဖြစ်သည်။

ကမ်းခြေ အဖော်အချွတ် ကပွဲများတွင် ကပြဖျော်ဖြေရသည့် အမျိုးသမီး များသည် အသက် ၁၈ နှစ်နှင့် ၂၅ နှစ်ကြားအရွယ်များဖြစ်သည်။

ယခင် ရန်ကုန် ဆက်ဆီ ရှိုးသတင်း

One thought on “ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေဟိုတယ် အချို့  လိင်ဖျော်ဖြေရေးများ ဖြင့် ခရီးသွားများအား စွဲဆောင်

  1. ကောင်းတော့မကောင်းဘူးပေါ့။
    ဒါပေမယ့် အမေရိကန်ဆန်လာတယ်ပဲပြောရမှာပေါ့။

Comments are closed.