၁၂ ဒီဇင်ဘာ ကိုပင်ဟေဂင် ၊ ၊စိုးသီဟ (Green Peace)
Copenhagen rally for climate treaty hit by violence
Updated : Police 1200 Protesters Detainee
သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးဆော်သြသူ ၆၀၀ ခန့် ကို ဒန်းမတ် ရဲက ဖမ်းဆီးထားစဉ်

ကုလသမဂ္ဂမှ ကြီးမှုးကျင်းပသည့် ကမ္ဘာ့ ရာသီဥတု ညီလာခံအား ဒိန်းမတ် နိုင်ငံ ကိုပင်ဟေဂင် မြို့ တွင်ကျင်းပရာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ များဖြစ်
သည့် Green Peace နှင့် အခြားအဖွဲ့ များက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်
ချမ်းသာ သည့် နိုင်ငံများက လစ်လျှုရှုထားပုံ ကို မကျေနပ် သဖြင့် ကိုပင်ဟေဂင် မြို့ လည် တစ်လျှောက် ဒီဇင်ဘာလ ၁၁ ရက်နေ့ သောကြာနေ့ ညက ချီတက် ဆန္ဒပြကြစဉ် ပါလီမန်
အရောက် ရဲတပ်ဖွဲ့ ၏ ဖြိုခွဲ ဖမ်းဆီးဖြင်းကို ခံရသည် ။ကနဦးတွင် ဆန္ဒပြသူ နှစ်ရာခန့် သာဖမ်းဆီးခဲ့သော် လည်း ကိုပင်ဟေဂင် ရဲချုပ် ၏ ဂျန် ဟန်နရသ် ဟိုဘခ် ၏ အမိန့် ပေးမှု
ကြောင့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ထိ တက်ကြွသူ တစ်ထောင် ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားပြီး ဖြစ်သည်။
နိုင်ငံတကာမှ ဆန္ဒပြကျွမ်းကျင်သူများကလည်း မကြာခင် ရက်ပိုင်းအတွင်း ကိုပင်ဟေဂင်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီများကို အကူအညီ ပေးကြမည် ဖြစ်သလို ဒိန်းမတ်
တော်ဝင် ရဲတပ်ဖွဲ့ ကလည်း ဥရောပ ရဲတပ်ဖွဲ့ မှ ချေမှုန်းရေးရဲ သုံးထောင် ကျော်ကို အကူအညီ တောင်းထားပြီး ဖြစ်သည်။
ကိုပင်ဟေဂင် မြို့ တော်ဝန် ရစ် ဘာခ်ျဂါဒ် က ကိုပင်ဟေဂင် အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံတကာမှခေါင်းဆောင် များအတွက် လုံခြုံမှု ရှိစေရမည် ဟုအာမခံ
ပြီး ဆန္ဒပြမှု များကန့် သတ်ထားသည့် နေရာ (မြို့ ပြင်) ကျော်လွန်ပါက ဖြို့ ခွဲသွားရန် ညွှန်
ကြားထားပြီး ဖြစ်သည်။
ဒိန်းမတ်ရောက် မြန်မာ တကကြွသူ အချို့ ကလည်း မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ထိုအစည်းအဝေး သို့ ရောက်ရှိ လာပါက အရှက်တကွဲ အကျိုးအနည်း ဖြစ်စေ
ရန် စီစဉ်ထားပြီး ဖြစ်သည် ဟု သတင်းရရှိသည်။
ကိုပင်ဟေဂင် သဘာဝပတ်ဝန်းကျင် နှင့် ရာသီဥတု ပြောင်းလဲရေး ညီလာခံတွင် လာရောက် ဆန္ဒပြသူ ဂျပန် နိုင်ငံမှ Green Peace အဖွဲ့ ဝင် နှင့် Environmental
student တစ်ဦးဖြစ်သူ မူရာမီကို က ချမ်းသာပြီး နိုင်ငံတွေက ခေါင်းစဉ် အမျိုးတပ်ပြီး
ဖွံဖြိုးဆဲ နိုင်ငံငယ်လေးတွေ ကို အကြွေး နွံထဲ နစ်နေအောင် လုပ်ထားတဲ့ အစီအစဉ်
တွေပါ “ ဟုပြောသည်။
ဒိန်းမတ်ရဲတပ်ဖွဲ့ က ဖမ်းဆီးထားတဲ့ ဆန္ဒပြသူ တွေကို ၂၉ ဒီဂရီ ဖာရင်ဟိုက် လောက်သာရှိတဲ့
အပူချိန်မှာ လမ်းမပေါ်မှာ သုံးနားရီကျော်လောက် ထိုင်ခိုင်းထားတဲ့ အတွက် လူ့ အခွင့်အရေးကို
ချိုးဖောက်တယ်လို့  ဝေဖန် ခံရပါတယ်။
Danish police retrain a demonstrator in Copenhagen. (Photo: Johan Spanner for The New York Times)
