၁၄ ဒီဇင်ဘာ ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး
Chinese vice president leaves for four-Asian-nation visit

တရုတ် ဒုသမ္မတ ဇီကျင်ပင်သည် ဂျပန်၊တောင်ကိုရီးယား နှင့် ကမ္ဘောဒီးယား နိုင်ငံများ
၏ ခရီးစဉ် အပြီးတွင် မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ်မည် ဟု ယနေ့ ထုတ်ဂျပန်
သတင်းစာ တစ်စောင် ဖြစ်သည့် အဆာဟိ ရှင်ဘွန်း သတင်းစာတွင် ဖော်ပြထားသည်။
လက်ရှိ သမ္မတ ဟူကျင်တောင် ၏ ရာထူးကို မကြာခင် လက်ခံမည် သတင်းပြေးနေ သည့်
တရုတ် ဒု သမ္မတ ၏ ခရီးစဉ် သည် ဒေသတွင်း အမေရိကန် သြဇာထူထောင် နေသည့် ကိစ္စများ နှင့် ပတ်သက် နေပြီး ရေနံ သဘာ ၀ ဓာတ်ငွေ့  နှင့် တရုတ်-မြန်မာ ရထားလမ်း
ပိုင်းဖောက်လုပ်ရေး ဆိုင်ရာ ကိစ္စရပ်များ ပါဝင် မည် ဟု အတိုက်အခံ တို့ က ထင်မြင်ယူဆကြသည်။
ရန်ကုန် သံတမန် သတင်းရပ်ကွက် ကမူ တရုတ် ဒုသမ္မတ ၏ မြန်မာ နိုင်ငံခရီးစဉ် သည်
၂၀၁၀ ရွေးကောက် ပွဲ နှင့် ပတ်သက်ပြီး တရုတ် နိုင်ငံ ၏ သဘောထား နှင့် မြန်မာ စစ်အစိုးရ နှင့် ၀ တပ်ဖွဲ့ ကြား တင်းမာနေ မှု များကို ဆွေးနွေး လိမ့်မည် ဟု မျှော်လင့်
ကြောင်း သုံးသပ်ကြသည်။
ယခု နှစ် ဇွန်လ က မြန်မာ စစ်အစိုးရ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်မှုးကြီး
မောင်အေးသည် တရုတ် နိုင်ငံသို့ သွားရောက် လည် ပတ်ပြီး ဇီကျင်ပင် နှင့် ၀မ်ကျားပေါင်
တို့ ကို တွေ့ ဆုံခဲ့သည်။
ဇီကျင်ပင် မြန်မာ နိုင်ငံသို့ လာရောက်လည် ပတ်မှုမှာ ၂၀၀၀ ခုနှစ် တွင် ထိုစဉ်က
တရုတ် ဒုသမ္မတ ဟူကျင်တောင် မြန်မာ နိုင်ငံသို့ ပထမဦး ဆုံးအကြိမ် တရုတ် အဆင့်
မြင့် ခေါင်းဆောင် တစ်ဦးလာ ရောက် လည်ပတ်ခြင်း ဖြစ်သည်။
သြဂုတ်လက တရုတ်-မြန်မာ နယ်စပ်တွင် ဖြစ်ပွားခဲ့သည့် စစ်အစိုးရ၏ ကိုးကန့် ထိုးစစ်
နောက်ပိုင်းတွင် တရုန် – မြန်မာ နယ်စပ် အရေးများ ရှုပ်ထွေးလာခဲ့သည်။
တရုတ် ခေါင်းဆောင် တစ်ဦး မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်မှုနှင့် ပတ်သက်၍
တရုတ် – မြန်မာ ဆက်ဆံရေး လေ့လာ အကဲခတ် သူ တစ်ဦး ဖြစ်သည့် ဦးသီဟတင့်ဆွေ
က “ ဒေသတွင်း အရေး ပါတဲ့ နိုင်ငံ တွေ ကို ဘယ်နိုင်ငံကြီးတွေကမှ လက်လွတ် မခံချင်
ဘူး အခုကြားရတာက မြန်မာ က ကိုကိုးကျွန်း ကို တရုတ် ရေတပ် အတွက် ထပ်မပေးချင်တော့ ဘူး ၊ဒါတွေ လည်းပါလိမ့်မယ် ၊ အမေရိကန်က အာရှ ကို အာရုံစိုက်လာတာ ဆို တရုတ်က သဘောကျပုံမပေါ်ဘူး၊ ဟူကျင်တောင်လည်း အလည်အာရှ နိုင်ငံတွေ ကို သွားနေတယ် မြန်မာ စစ်အစိုးရက တရုတ်သြဇာလွှမ်းမိုးမှု
မရှိ ဘူးဆိုတာ ကို ကမ္ဘာ ကို ပြချင်နေတယ့် အချိန်ဘဲ ဟု ပြောသည်။
တရုတ် နိုင်ငံသည် မြန်မာ နိုင်ငံ၏ လူ့ အခွင့်ရေး ဒီမိုကရေစီ ရေး ကိစ္စများ နှင့် ပတ်သက်
ပြီး အမြဲတမ်း ရေငံ နှုတ်ပိတ် နေလေ့ရှိသည့် နိုင်ငံဖြစ်သော် လည်း မြန်မာ နိုင်ငံ နှင့် အကြီး
ဆုံးကုန် သွယ်ဘက် နိုင်ငံဖြစ်သည်။
ပြီးခဲ့သည့် အပတ်က ယူနန် နယ်မှ စစ်ဗိုလ်ချုပ် တစ်ဦးလည်း မြန်မာ နိုင်ငံ သို့ လာရောက် ၍ နယ်
စပ်ဒေသ အခြေအနေများ ဆွေးနွေးခဲ့သည်။
