၁၃ ဒီဇင်ဘာ ဆန်ဒီယေးဂိုး၊ ၊Freedom News Group
Oscar Race Starts

အော်စကာဆု နှင့် ရွှေကမ္ဘာလုံးဆု တို့ အတွက် ယှဉ်ပြိင်မည့် ရုပ်ရှင်ဇာတ်ကားသစ်များ
အပြိုင်အဆိုင် ရုံဝင်လာကြပြီ ဖြစ်သည်။ မော်ဂန် ဖရီးမန်း နှင့် မတ်ဒေမွန် တို့ သရုပ်ဆောင်
ထားသည့် Invictus ဆိုသည့် ဇာတ်ကားမှာယခုနှစ် အတွက် အော်စကာဆု ရရှိနိုင်သည် ဟု တစ်ပေးခြင်းခံထားရသည့် ဇာတ်ကားဖြစ်သည်။
မော်ဂန်ဖရီးမန်းက တောင်အာဖရိက နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦး နှင့် ခေါင်း
ဆောင် တစ်ဦး ဖြစ်သူ နယ်ဆင် မင်ဒဲလား အဖြစ်သရုပ်ဆောင်သည်။Rain Maker နှင့်The Departed ဇာတ်ကားများတွင် သရုပ်ဆောင် ကောင်းခဲ့သူ မတ်ဒေမွန် က တောင်အာဖရိ
က ၏ နာမည်ကျော် ရပ်ဂဘီ အသင်း၏ ခေါင်းဆောင် ဖြစ်သူ ဖရန်ဆွာ ပီနာ အဖြစ် သရုပ်
ဆောင်သည်။နယ်ဆင်မင်ဒဲလား ထောင်မှ လွတ်လာပြီးသည့် အချိန်တွင် သူ့ နိုင်ငံ၌ အသားအရောင် ခွဲခြားမှု များပပျောက် ရေးအတွက် နိုင်ငံတွင်း နေထိုင်ကြသူ အားလုံးနှစ်သက် သည့် Springbok ရပ်ဂဘီ အသင်းကို ၁၉၉၅ ခုနှစ် ရပ်ဂဘီ ကမ္ဘာ့ ဖလားပြိုင်ပွဲ တွင် အနိုင်ရရှိရန် ပံ့ပိုးပေးပြီး နိုင်ငံစည်းလုံးမှု ရရှိရန် ကျော်ကြားသူ များကို
အားထား၍ စီစဉ် သွားပုံ ကို တွေ့ ရမည် ဖြစ်သည်။
ထိုဇာတ်ကားကို Million Dollar Baby , Flags of our father , Letter from Iojima ,
Mystic River ,ဇာတ်ကားများကို ရိုက်ကူးခဲ့သူ အော်စကာဆုများရှင် ဒါရိုက်တာ ကလင့်
အိတ်စ် ၀ုဒ် ကရိုက်ကူးထားသည်။
မက်ဒေါနား၏ ခင်ပွန်းဟောင်း ဖြစ်သူ ဒါရိုက်တာ ဂိုင်းရစ်ချီ ရိုက်ကူးသည့် Sherlock Homes ဇာတ်ကားမှာ ရှေ့တစ်ပတ်တွင် ရုံဝင်လာမည် ဖြစ်ပြီး စတင် ရိုက်ကူးစဉ်ကတည်း
က လူစိတ်ဝင်စားနေသည့် ဇာတ်ကားဖြစ်သည်။ထိုဇာတ်ကားမှာ စာရေးဆရာကြီး ဆာအာသာ ကိုနင်ဒွိုင်း၏ ဇာတ်လိုက် ကျော် စုံထောက်ကြီး ရှားလောခ် ဟုမ်းအကြောင်း
ရိုက်ကူးထား ခြင်းဖြစ်သည်။
The Natural Born Killer နှင့် Singing Detective ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့
သည် ရောဘတ်ဒေါင်းနေး ဂျူနီယာက စုံထောက်ကျော် ရှားလောခ် ဟုမ်း အဖြစ် သရုပ်
ဆောင် မည် ဖြစ်ပြီး သူ၏ မိတ်ဆွေ ကြီး ဒေါက်တာ ၀တ်ဆန် အဖြစ် Road To Perdition,
Closer , Aviator ဇာတ်ကားများ တွင် သရုပ်ဆောင် ခဲ့သည့် ဂျူလော က သရုပ်ဆောင်
မည် ဖြစ်သည်။
ယမန် နှစ်က အော်စကာဆုရရှိခဲ့သည့် မင်းသမီး ပယ်နီလိုပီ ခရုဇ် ၏ Nine အမည်ရှိ ဇာတ်
ကားသစ် မှာ လည်း ယခုနှစ် အော်စကာဆု အတွက် ရေပန်းစားနေသည်။ တေးသံစုံဇာတ်
မြူး အမျိုးအစား ဇာတ်ကားဖြစ်သည့် Nine ကို ၂၀၀၂ ခုနှစ်က အော်စကာဆု ရရှိခဲ့သည့်
ဒါရိုက်တာ ရောဘ်မာရှယ် က ရိုက်ကူးထားခြင်းဖြစ်သည်။ဒီနီယလ် ဒေးလူးဝဇ် ၊ ဆိုဖီယာ လောရင်း၊မာရီယွန် ကောတီလတ် ၊ နစ်ကိုးကဒ်မန်း ဂျူဒီဒန့် ရှ် ဖာဂီ နှင့် ပင်နီလိုပီ ခရုဇ် တို့ ပါဝင်သရုပ်ဆောင် ထားသည်။
အသက် ၅၀ နီးပါး အရွယ် သို့ ရောက်ရှိ နေပြီ ဖြစ်သည့် ဒါရိုက်တာ ဂီဒို ကွန်တီနီ ၏ ဘဝ
ကာမ စည်းစိမ် တွင် လာရောက် အသုံးတော်ခံကြသည့် ကချေသည် နှင့် အော်ပရာအချော
အလှ များ၏ ဘ၀ ဇာတ်ကြောင်း ကိုရိုက်ကူး တင်ဆက်ထားခြင်း ဖြစ်သည်။
လူကြီးပိုင်း အရွယ်တွင် ဖြစ်တတ်သည့် Midlife Crisis နှင့် အနုပညာ သည်တို့ ၏ စိတ်၏
မလုံခြုံရာ ကြုံဆုံရမှု ဖြစ်တတ်သည့် သဘာသများကို ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။
The Twilight Saga : New Moon , Broken Embraces , An Education နှင့် Police ,
Adjective တို့ မှာ လည်းလူကြိက်များပြီး အော်စကာ အတွက် ရေပန်းစားနေသည့် ဇာတ်
ကားများ ဖြစ်သည်။