အိတ်ခ်ျအိုင်ဗွီ နှင့် နေထိုင်သူ မိဘမဲ့ ကလေးငယ် များအတွက် ကဗျာ ရွတ်ဆိုပွဲ ကျင်းပမည်

၁၅ ဒီဇင်ဘာ ရန်ကုန် ၊                           ၊ဟိန်းခိုင်ထွန်း

Myanmar Poet Fund raising  for HIV Orphanage

အလင်းပျိုးမယ့်လက်များကဗျာရွတ်ဆိုပွဲဖိတ်ကြားလွှာ

အိတ်ခ်ျအိုင်ဗွီ နှင့် နေထိုင်သည့် မိဘမဲ့ ကလေးငယ်များအတွက် ရည်စူးသည့် “အလင်းပျိုးမယ့်လက်များ” ကဗျာရွတ်ဆိုပွဲ တစ်ရပ်ကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ၌ ရန်ကုန် မြို့ အင်းလျှားလမ်းရှိ စိမ်းလန်းစိုပြေ တွင် ကျင်းပမည် ဖြစ်သည်။

ထိုအခမ်းအနားကို လူငယ်များ နှင့် ကဗျာဆရာများ  ဖွဲ့ စည်းထားသည့် DOI Poetry Clubကကြီးမှုးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ထို ကဗျာ ရွတ်ဆိုပွဲ တွင် ပါဝင်မည့် ကဗျာဆရာတစ် ဦးက “ဒီကဗျာရွတ်ပွဲဟာ HIV AIDS ရောဂါဝေဒနာကို ခံစားနေကြရတဲ့ ကမ္ဘာတစ်ဝှမ်းကကလေးငယ်တွေအားလုံးကိုရည်စူးတဲ့ရန်ပုံငွေပွဲလေးတစ်ပွဲဖြစ်လာမှာပါ။ကျွန်တော်တို့ ဒီကလေးငယ်တွေအတွက် စာနာနားလည်မှုနဲ့ရေးထားတဲ့ကဗျာလေးတွေ ရွတ်ကြပါမယ်။

နောက်ပြီး ဒီပွဲအတွက်အမှတ်တရ T-Shirtတွေရောင်းပေးပါမယ်။TShirtရောင်းရငွေတွေကို ၂၅ ရက်နေ့မှာ “သုခရိပ်မြုံ မိဘမဲ့ကလေးဂေဟာ” ကိုသွားရောက်လှူဒါန်းမှာပါ ဟု ပြောကြားသည်။

ယခင်က သုခရိပ်မြုံဂေဟာရှိ HIV နှင့် နေထိုင်သူ မိဘမဲ့ ကလေးငယ်များအတွက် အဖြူရောင် သက်တံ့ အမည်ရှိ အဖွဲ့ က ရံပုံငွေများ ရှာဖွေ ပေးခဲ့သော် လည်း သဘောထား
သေးသိမ်လှ သည့် မြန်မာ စစ်အစိုးရက ထို အဖွဲ့ ဝင် အားလုံးနီးပါး ကို အကြောင်း အမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချခဲ့ပြီး ဖြစ်သည်။

ယခု ကဗျာ ရွတ်ဆိုပွဲမှာ HIV နှင့် နေထိုင်သူ မိဘမဲ့ ကလေးငယ်များအတွက် နှစ်နှစ်အတွင်း ပထမ ဦးဆုံးအကြိမ် ဖြစ်သည်။ထိုအခမ်းအနားတွင်  အနုရသ မြောက် ကဏ္ဍများ နှင့် Performance Art
ပြကွက် အချို့ ပါဝင်မည် ဖြစ်သည်။

ဒဂုံ မြို့ သစ်မြောက်ပိုင်းရှိ သုခရိပ်မြုံ ဂေဟာ တွင် ထိုသို့ သော ကလေးငယ် ၆၄ ဦးရှိသည်။