၁၅ ဒီဇင်ဘာ ဘန်ကောက် ၊ ၊Freedom News Group
Myanmar Junta Chief ‘ s Future Uncertain : Tehran Times

ယခင်က မြန်မာ စစ်အစိုးရ ၏ အာဘော်သတင်းအချို့ ကို သာ ဖော်ပြလေ့ရှိသည့် အီရန် နိုင်ငံ တီဟီရန် အခြေစိုက် တီဟီရန် တိုင်း၏ ယနေ့ ထုတ်သတင်းစာတွင် အနာဂတ် မသေချာ တော့သည့် မြန်မာ စစ်အာဏာရှင် ဆိုသည့် ခေါင်းစဉ် ဖြင့် ဖေါ်ပြထားသည်။ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ အတိုက်အခံ အချို့ နှင့် တွေ့ ဆုံမေးမြန်းထားသည့် AFP သတင်းဌာန၏ သတင်း ပုဒ် ကို တီဟီရန် တိုင်းမ် သတင်းစာ၏အင်္ဂလိပ် ဘာသာ ဖြင့် ယနေ့ ထုတ်ဝေသည့် သတင်းစာတွင် ပြန်လည် ဖေါ်ပြထားခြင်းဖြစ်သည်။
၁၉၉၂ ခုနှစ် ကတည်းက နိုင်ငံအာဏာကိုရယူထားသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေမှာ အသက် ၇၆ နှစ် အရွယ်ခန့် ရှိနေပြီ ဖြစ်သည့် အတွက် ၎င်း ၏ အသက်အရွယ်အရ အရေးကြီးသည့် နိုင်ငံရေး ကိစ္စများကို စီမံခန့် ခွဲ နိုင်စွမ်း ကင်းမဲ့ နေပြီ ဟု ဖေါ်ပြထားသည်။
ထို့ ပြင်အာဏာ အတွက် ယခင် သမ္မတ ဟောင်း ဦးနေ၀င်း နှင့် ၀န်ကြီးချုပ် ဟောင်း ဗိုလ်
ချုပ်ကြီး ခင်ညွှန့် တို့ ကိုဖမ်းဆီးထားမှု များက သူ့ အား တစ်ဖန် ပြန် ၍ ၀ဋ်လည် စေနိုင်သည် ဟု AFP သတင်းထောက် ဒီဒီယာ လော်ရပ် (စ) ကရေးသားထားသည်။
တီဟီရန် တိုင်းမ် သတင်းစာသည် ၁၉၇၉ ခုနှစ် အီရန် တော်လှန်ရေး ကာလတွင် စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး အီရန် အစ္စလာမစ် အစိုးရ အာဘော် သတင်းစာ ဖြစ်သည်။
တီဟီရန် တိုင်းမ် သတင်းစာ တွင် မြန်မာ စစ်ခေါင်းဆောင် အကြောင်း အပုပ်ချရေးသားထားခြင်းနှင့်
ပတ်သက်၍ “ဘူ…ဘူချင်း တစ်လုံး ပိုရှုတာပေါ့ ” ဟု မြန်မာ စာနယ်ဇင်းသမား တစ်ဦးက သုံးသပ်
သည်။
