၁၅ ဒီဇင်ဘာ ရန်ကုန် ၊ ၊တင်ကျော်ကျော်စိုး

ရန်ကုန်မြို့ ရွှေဂုံတိုင် အထူးကုဆေးခန်း တွင် အောက်တိုဘာလ ၂၅ ရက်နေ့ က ခွဲစိတ်ကုသခံရစဉ် ကွယ်လွန်ခဲ့သည့် မခိုင်ရွှန်းလဲ့ရည် သေဆုံးရသည် ကိုအကြောင်းပြု၍ မြန်မာ နိုင်ငံ ဆေးကောင်စီက ခွဲစိတ် သမားတော်ကြီး
ဒေါက်တာ ကြည်စိုးအား မြန်မာနိုင်ငံဆေးကောင်စီက ဆမ လိုင်စင် ပိတ်သိမ်းခြင်းကို ဆရာဝန် အများ နှင့် ဆေးတက္ကသိုလ် ကျောင်းသားများက
မကျေမနပ် ဖြစ်မှုများ ပိုမိုကြီးထွား လာသည် ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ က ဆေးတက္ကသိုလ် (၁) မှ ဆေးကျောင်းသား အချို့ မှာ ရန်ကုန် မြို့  သမ္မတရုပ်ရှင်ရုံ အနီးတ၀ိုက် နှင့် အာရှ ပလာဇာ အနီး တို့ တွင် ဒေါက်တာကြည်စိုးတွင် အဖြစ်လုံးဝမရှိကြောင်း
အကျယ်တ၀င့် ရေးသားထားသည့် A4 တစ်မျက်နှာ ခန့် အရွယ် စာရွက်များအား လိုက်လံဝေငှ ခဲ့သည် ဟု ကိုယ်တိုင် ကြုံရသူ အစိုးရ၀န်ထမ်း တစ်ဦး က Freedom News Group သို့ ပြောသည်။
နာမည် ကောင်းလက်မှတ် ရှိခဲ့သည့် ပြင် ဆေး(၁) နှင့် ဆေး(၂) တို့ တွင် ပါမ္ခောချုပ် အဖြစ်တာဝန် ဆယ့်လေး နှစ်ကျော်ကြာ ထမ်းဆောင်ဖူးခဲ့သည့် ဆရာ ၀န် တစ်ဦးအား စစ်အစိုးရ က ယခုကဲ့ သို့ တစ်ဖက်သတ် အရေးယူးခြင်းနှင့် ပတ်သက်၍ ဆေးဝန်ထမ်း အသိုင်းအ၀ိုင်း နှင့် ဆေးတက္ကသိုလ် ကျောင်းသားများ ကြားတွင် မကျေနပ် မှု များ ကြီးထွားနေသည် ဟု သိရသည်။
ဆေးတက္ကသိုလ် နှစ် မှာ ကျောင်းသား တစ်ဦးကမူ “ဒါသေသေချာ စုံစမ်းစစ်ဆေးပြီး ဆုံးဖြတ်တာ မဟုတ် ဘူး ဂျာနယ်ထဲမှ အများဆုံးပါလာတဲ့နာမည် ကို ပဲ အဓိက ထားပြီး ဆုံဖြတ်တာ ဒါ မတရားဘူး ဟု ပြောသည်။
ယခင် ဆက်စပ်သတင်း အား ဖတ်ရှုရန်

ဘယ်လိုပဲဖြစ်ပါစေ မသိနားမလည်တဲ့လူနာတွေအပြင်သိသိကြီးနဲ့ခံနေရသူ တွေများလှပါပြီ။ပညာရှင်တွေသာကြီးစိုးနေတဲ့ကျန်းမာရေးဋ္ဌာန၊တရားရေးဋ္ဌာန၊ပညာရေးဋ္ဌာနတွေရဲ့ဒဏ်ကိုပြည်သူတွေအများဆုံးခံစားနေကြရပါတယ်။အထူးကုဆေးရုံတွေမှမဟုတ်ပြည်သူ့ဆေးရုံတွေမှာလဲဒီလိုပါပဲ။ဆေးပညာရှင်များဂရုဏာထားပေးကြပါ။အားလုံးကမိမိတို့အသက်တင်မကငွေကြေးစည်းစိမ်ကိုပေးအပ်ထားရပါတယ်။နိုင်ငံရေးနဲ့ရောမမြင်ကြပါနဲ့။ဒီဋ္ဌာနတွေဟာပြည်သူနဲ့အမြဲထိတွေ့နေ၇ပြီးယုတ်မာရက်စက်နေတာကြာပါပြီ။