၁၆ ဒီဇင်ဘာ ဘော်စတွန် ၊ ၊သီရိထက်
Time names Bernanke Person of the Year

တိုင်း မဂ္ဂဇင်းကြီး မှ နှစ်စဉ်ရွေးချယ်ချီးမြှင့်သည့် တစ်နှစ်တာ ထူးခြားထင်ရှားသည့် ပုဂ္ဂိုလ်
Person of the year အဖြစ်ယခုနှစ် တွင် အမေရိကန် ဗဟိုဘဏ် အကြီးအကဲ ဘင်ဘာနန် ကေးအား ယနေ့ ရွေးချယ်ဖေါ်ပြခဲ့သည်။
ဟာဗတ် တက္ကသိုလ် နှင့် မက်ဆာချူးဆက် တက္ကသိုလ်များတွင် စီးပွားရေး စီမံခန့် ခွဲမှု နှင့် ဘောဂဗေဒ နှင့် သက်ဆိုင်သည့် ပညာရပ် များကို လေ့လာ သင်ကြားခဲ့သည့် ဘန်ဘာနန်
ကေးသည် အလန် ဂရင်းစပန်း၏ ရာထူးကိုဆက်ခံသူတစ်ယောက်ဖြစ်ပြီး ယခင် သမ္မတ ဂျော့ဘုရှ် လက်ထက် ၂၀၀၆ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ တွင် ဗဟိုဘဏ် ဥက္ကဌ အဖြစ်
တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
အိုဘားမား သမ္မတ ဖြစ်သည့် အခါ တွင်လည်း ရီပတ်ဘလစ်ကန် တစ်ဦးဖြစ်သည့် ဘာနန်ကေးအား ဗဟိုဘဏ် ဥက္ကဌ အဖြစ်ဆက်လက်တာဝန် ပေးခဲ့သည်။
တိုင်း မဂ္ဂဇင်းက ဘာနန်ကေးသည် တိုင်းပြည်၏ ငွေကြေးဈေးကွက်ပြိုလဲမှု နှင့် အတူ ကျွဲကူးရေပါ ကြုံတွေ့ ရသည့် စီးပွားပျက်ကပ် ကို ကယ်တင်နိုင်ခဲ့သူ အဖြစ် ချီးကျုးခဲ့သည်။
၁၉၃၀ ပြည့်လွန်နှစ်များက အမေရိကန် ကြုံတွေ့ ခဲ့ရသည့် မဟာစီးပွားပျက်ကပ်မျိုးမဖြစ်ရ
လေ အောင် ဂျူးနွယ်ဖွား တစ်ဦး ဖြစ်သည့် ဘာနန်ကေးသည် ထူးထူးခြားခြားစွမ်းဆောင် နိုင်ခဲ့သည် ဟု ဖေါ်ပြထားသည်။
ဒီဇင်ဘာ လ ၁၃ ရက်နေ့ တွင် အသက် ၅၆ နှစ်ပြည့်သွားပြီ ဖြစ်သည့် ဘာနန်ကေအား
တိုင်း မဂ္ဂဇင်းက “စွမ်းပကားကြီးမားလှသည့် တဇွတ်ထိုး သမားကြီး” ဟု ၀ိသေသ ပြုခဲ့သည်။
တိုင်း မဂ္ဂဇင်း၏ အုပ်ချုပ်မှု ဆိုင်ရာ အယ်ဒီတာ ရစ်ချတ် စတန်ဂယ်က “စီးပွားရေးတုံ့ ဆိုင်းမှု ဟာ ဒီနှစ်အတွက် ဇာတ်လမ်းတစ်ခုပါပဲ တကယ်လို့ ဘာနန်ကေးသာ ဒီနေရာမှာ
မရှိခဲ့ဘူးဆိုရင် ဒီထက်ပို ဆိုးသွားနိုင်တယ် “ဟု NBC ရုပ်သံကို ပြောကြားခဲ့သည်။
တိုင်းမဂ္ဂဇင်းက Person of the year အဖြစ်ထုတ်ဖော်ပြောကြားခြင်းမပြုသေးခင် တစ်ရက်
အလိုက လွှတ်တော် ဘဏ္ဍရေးကော်မတီ က နောက်ထပ် သက်တမ်းအားဆက်လက်တာ
ဝန်ထမ်းဆောင်ရန် အတည်ပြုပေးခဲ့သည်။
တိုင်း မဂ္ဂဇင်းသည် ၁၉၂၇ ခုနှစ်မှ စ၍ Man of the year အမည်ရှိ တစ်နှစ်တာအတွင်း
ထူးခြားထင်ရှားသည့် သူများကို ဆုများစတင်ပေးခဲ့ရာ လေယာဉ်မှုး နှင့် စွန့် စားသွားလာသူ ချာလ်းလင်းဘတ်က ပထမ ဦးဆုံးအကြိမ် Man of the year အဖြစ်ရွေးချယ်ဖေါ်ပြခံရသည်။
ဟစ်တလာ ၊စတာလင် စသူတို့ လည်း Man of the Year အဖြစ်ရွေးချယ်ခံရသည်။တရုတ်သမ္မတ တိန့် ရှောင်ဖိန် နှင့် အမေရိကန် သမ္မတ ထရူးမင်း၊အိုင်စင်ဟောင်ဝါ ၊ဂျော့ဘှုရှ် တို့ မှာ နှစ်ကြိမ်တိုင်ရွေးချယ်ဖော်ပြခံရသူများစာရင်း
တွင်ပါဝင်သည်။
ဘုရှ် အကြီး နှင့် အငယ် တို့ မှာ သားအဖနှစ်ဦးစလုံးရွေးချယ်ဖေါ်ပြခံရသည်။ယခင်က နိုင်ငံရေး နယ်ပယ်မှ ထင်ရှားသူ များကို ဦးစားပေး၍ ဖော်ပြသည်။ ၁၉၉၀ ပြည့်လွန်နှစ်
နောက်ပိုင်းတွင် သတင်းဆက်သွယ်ရေးနည်းပညာ နှင့် မီဒီယာ နယ်မှ ပုဂ္ဂိုလ် အချို့ ကို
ဖော်ပြခဲ့သော်လည်း စီပွားရေး နှင့် ဘဏ္ဍရေးနယ်ပယ်မှ ပုဂ္ဂိုလ် အားယခု ဖော်ပြမှုသည်
ပထမ ဆုံးအကြိမ် ဖြစ်သည်။

အာရှ မှ အမျိုးသမီးတစ်ဦး ဖြစ်သည့် ဖိလစ်ပိုင်လူမျိုး နှင့် အာဏာရှင် မားကိုစ်အားဖြုတ်
ချနိုင်ခဲ့သူ ကိုရာဇန် အကွီနိုသည် လည်း တိုင်း၏ Person of the year အဖြစ်၁၉၈၆ ခုနှစ်တွင် ရွေးချယ်ခံ ခဲ့ရသည်။
ဘာနန်ကေးသည် ပရင်စတန် ၊စတန်းဖို့ဒ် ၊MIT နှင့် နယူးယောက် တက္ကသိုလ် တို့ ၏ပါမ္ခောအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
တိုင်း မဂ္ဂဇင်းက သူ့ အားအမေရိကန် ၏ စီးပွားရေးသာမက ကမ္ဘာ့စီးပွားရေးကို
ပါ ကယ်တင်နိုင်ခဲ့သူ ဟု ယနေ့ ထုတ်တိုင်းမဂ္ဂဇင်း တွင်ဖော်ပြထားသည်။
တိုင်း မဂ္ဂဇင်းက ထိုသို့ စီးပွားရေးပညာရှင်အား ဂုဏ်ပြုခြင်းသည် မြန်မာနိုင်ငံတွင် စစ်အစိုးရ နိုဘလ်ဆုရှင် စီးပွားရေးပညာရှင် စတိုင်းဂလစ် အားနေပြည် တော်သို့ ခေါ်၍
အကြံဥာဏ် တောင်းချိန် နှင့် လည်းတိုက်ဆိုင်နေသည်။
ဘာနန်ကေးသည် အမေရိကန် ၏ ၁၄ ဦးမြောက် ဗဟိုဘဏ် ဥက္ကဌ ဖြစ်သည်။၁၃ မြောက် ဗဟိုဘဏ် ဥက္ကဌ ဂရင်းစပန်းသည် ၁၉ နှစ် တိုင် ဗဟိုဘဏ် ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
