ကရင်နှစ်သစ်ကူးနေ့ တွင်ဗုံးပေါက်ကွဲ ရှစ်ဦးသေ နှစ်ဆယ်ကျော် ဒဏ်ရာရ

၁၇ ဒီဇင်ဘာ မဲဆောက်၊                         ၊Freedom News Group

Bomb Explode Ethnic New Year Celebrates

who was responsible for the bomb ?

ကရင်တိုက်ခိုက်ရေးသမားများ ဓာတ်ပုံ-အေပီ

ကရင် ပြည်နယ်ဖာပွန် မြို့ တွင်  ကရင်နှစ်သစ်ကူး နေ့ အခမ်းအနားကျင်းပနေစဉ် ဗုံးပေါက်ကွဲသော
ကြောင့် ကရင်လူမျိုး ရှစ်ဦးသေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရရှိကြောင်းသိရသည်။

အငြင်းပွားဖွယ်ရာ ပေါက်ကွဲခဲ့သည့် ထိုဗုံးသည် မည်သူ၏ လက်ချက်ဖြစ်ကြောင်းကို မြန်မာစစ်အစိုးရ မှ ထုတ်ဖေါ်ပြောကြားခြင်းမရှိ သေးချေ။ပြီးခဲ့သည့် ဇွန်လက စစ်အစိုးရတပ်ဖွဲ့ များသည် ကရင်လွတ်မြောက်ရေး တပ်မတော် အခြေစိုက်ရာ ထိုဒေစအနီးရှိစခန်း
များအား အကြီးအကျယ် ထိုးစစ်ဆင်ခဲ့သည်။

ဗုံးပေါက်ကွဲရာဒေသ

ကရင်လွတ်မြောက်ရေးတပ်မတော် ၏ ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်မြ
မွေးဖွားရာ ဒေသတွင် ဗုံးပေါက်ကွဲမှု နှင့် ပတ်သက်၍ Freedom News Group မှ ဖာပွန်
ပညာရေးဌာန မှ ၀န်ထမ်းတစ်ဦးကို ဆက်သွယ်မေးမြန်းရာ သူက “နအဖ လက်ချက်လို့ 
စွပ်စွဲ လို့ မရ နိုင်ဘူး ၊တရုတ် ၀န်ကြီးချုပ် လာနေတဲ့ အချိန် ဒီလို အခြေအနေမျိုးရှိနေ တာကို သူတို့ ကိုယ်တိုင်လုပ်မှာ မဟုတ်ဘူး ၊ဒီကိစ္စက ကရင်ခွဲထွက် အဖွဲ့တွေ လက်ချက်
ဖြစ်လိမ့်မယ် ။  ကမမောင်း နဲ့ လှိုင်းဘွဲ့် ဘက်မှာ ဆိုရင် ကရင် နှစ်သစ်ကူးပွဲလုပ်
တာကိုတောင် ဒီကေဘီအေက ကရင်အချင်းချင်းဆက်ကြေးတောင်းတယ် ၊ဆက်ကြေး
တောင်းမရရင် ရန်ရှာတာတွေရှိတယ် “ဟု ပြောသည်။

ဗုံးပေါက်ကွဲ ပြီးနောက် ဖာပွန် ခလရ ၁၃ မှ ပျော်ပွဲရွှင်ပွဲများ ကျင်းပနေခြင်း ကို ရပ်နား
ခိုင်းပြီး နောက်တစ်နေ့ မနက် ၇ နာရီထိ မည် သူမှ အပြင်မထွက်ရန် ညွှန်ကြားထားသည်
ဟု သတင်းရရှိသည်။

မြန်မာ နိုင်ငံ အရှေ့တောင်ဘက်ခြမ်းတွင် ဗုံးကွဲမှုသည် ယခု တတိယ အကြိမ် ဖြစ်ပြီး
ဇွန်လ က မော်လမြိုင်၊ စက်တင်ဘာလ က မြ၀တီ ဒီကေဘီအေ တပ်ဖွဲ့ရုံး တို့ တွင်
ဗုံးများကွဲ ခဲ့ဖူးသည်။

ယခုကဲ့သို့ လူမျိုးတစ်မျိုး၏ နှစ်သစ်ကူးနေ့ အခါသမယတွင် ဗုံးကွဲတိုက်ခိုက်ခြင်းသည် ယုတ်မာ
ကောက်ကျစ်ပြီး အကြမ်းဖက်သည့် အပြုအမူ သဘောသဘာဝ ဖြစ်ကြောင်း နယ်စပ်ဒေသတွင်
ကရင် ဒုက္ခသည် များကို အကူအညီပေးနေသည့် အမေရိကန် အစိုးရ မဟုတ်သော အဖွဲ့ အစည်းမှ ပုဂ္ဂိုလ်တစ်ဦး ကပြောသည်။