ဒေါ်အောင်ဆန်းစုကြည် ဂါရ၀ ပြုတွေ့ ဆုံသည့် သတင်းကို သတင်းစာတွင် ဖေါ်ပြ

၁၇ ဒီဇင်ဘာ ရန်ကုန် ၊                         ၊စပယ်ထွန်း

Aung San Suu Kyi News in Junta ‘s Mouthpiece

ယခင်က ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ၏ လှုပ်ရှားမှုအချို့ ကို အသေရေဖျက်ခြင်း၊အဖြစ်ဖို့ ခြင်းတို့ မှ လွဲ၍ မည်သည့် အခါတွင်မှ ထည့်သွင်းဖေါ်ပြခြင်း မရှိသော မြန်မာ စစ်အစိုးရသည် ယနေ့ ထုတ် မြန်မာ့ အလင်းသတင်းစာတွင် တစ်လက်မခွဲ နှစ်ကော်လံ တွင် “ဒေါ်အောင်ဆန်းစုကြည်
အသက်အရွယ်ကြီးရင့် ပြီ ဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် များအား
တွေ့ ဆုံဂါရ၀ပြု “ဟုခေါင်းစဉ် တပ်ရေးသားထားသည်။

မြန်မာစစ်အစိုးရ အာဘော် သတင်းစာတွင် ထိုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် ၏ သတင်း
ဖော်ပြမှု နှင့် ပတ်သက်၍ ၀ါရင့်စာနယ်ဇင်းသမားတစ်ဦးက “၂၀၀၂ ခုနှစ်က အကျယ်ချုပ်က တစ်ခါလွှတ်ပေးတော့ သူတို့ ဆည်တွေ ကို လိုက်ပြတာကို ဖော်ပြဖူးတယ်။
အခု က ဒေါ်စု သတင်းက သူတို့ ဖော်ပြတယ်။စာလုံးရွယ် သေးသေး နဲ့ သတင်းစာရဲ့ အရေးမပါတဲ့ နေရာမှာ နောက်ပြီး ၀ါဒဖြန့် ချိရေး ကြော်ငြာတွေကြားမှာ အပေါ်မှာတော့
သန်းရွှေက ဘုရားဖူနေတဲ့ သတင်းတွေ စာလုံးကြီး ပုံတွေ နဲ့ ဝေေ၀ဆာဆာ ဒေါ်စု က လူကြီးသူမ တွေ ကို ရိုသေကိုင်းရှိုင်းမှု ရှိသလို သူ လည်း ဘုရားတရားကြည်ညိုတယ်
ဆိုတဲ မက်ဆေခ်ျ ပေါ့ “ဟု သုံးသပ်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် သတင်းပါရှိသော ယနေ့ ထုတ်သတင်းစာ၏ မျက်နှာဖုံးတွင် မူဗိုလ်

ဆင်များရှင်ဘုရားအားမတ်တတ်ကြီးကန်တော့နေပုံ (တီဗွီထုတ်လွှင့်မှုတွင်လည်းမတ်တတ်ကန်တော့ပုံသာရိုက်ကူးပြသွားသည်)

ချုပ်မှုးကြီးသန်းရွှေသည် ဗေဒင်၊ယတြာ အရ တစ်နှစ်နှစ်ခါ ခန့် ဖူးမြော်ကြည်ညိုနေသည့် ပုဂံ ရှိ ဆင်များရှင် ဘုရား နှင့် လောက မာရ်အောင် ဘုရာများ အားဖူးမြော်ကြည်နေ ပုံနှင့်
သတင်းတို့ ကို ထည့်သွင်းဖေါ်ပြထားသည်။

ရန်ကုန် မြို့ မှ ဗေဒင် ဆရာတစ်ဦးက “ရှေ့ဆုံးက လောကမာရ်အောင် ဘုရားပုံ နဲ့ တည့်တည့် နောက်စာမျက်နှာ လောက် မှာ ဒေါ်စု သတင်းကို ထည့်ထားတယ် ဒါလောကီအစီအရင် တွေ ပေါ့ ဟု ပြောသည်။