အမေရိကန် သရုပ်ဆောင် ဘရစ်တနီ မာဖီ အသက် ၃၂ အရွယ်တွင် ကွယ်လွန်

၂၀ ဒီဇင်ဘာ ဘော်စတွန် ၊                          ၊သီရီထက်

Actress Brittany Murphy Dead at 32

လက်ရှိခင်ပွန်းနှင့်ဘရစ်တနီမာဖီအားလွန်ခဲ့သည့် တစ်နှစ်ခန့် ကတွေ့ ရစဉ်

အမေရိကန် သရုပ်ဆောင် ဘရစ်တနီ မာဖီသည် လောစ်ဇင်းဂျလိစ် ရှိ ဆီဒါ ဆိုင်းနိုင် မက်ဒီကယ် စင်တာ တွင် ဒီဇင်ဘာလ ၂၀ ရက်နေ့  (တနင်္ဂနွေနေ့ ) မနက် ဆယ်နာရီ
တွင် ကွယ်လွန် သွားကြောင့် ထိုဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ စတယ်လာ စတီးဝတ်က
CNN ရေဒီယို အစီအစဉ် ကို ပြောသည်။

ကွယ်လွန် ချိန်တွင် အသက် ၃၂ ရှိပြီဖြစ်သည့် ဘရစ်တနီမာဖီသည် သရုပ်ဆောင် တစ်ဦးအဖြစ် ၎င်း အဆိုတော် တစ်ဦးအဖြစ်၎င်း အသက်မွေးဝမ်းကျောင်းပြုသူဖြစ်သည်။

အယ်အေ မီးသတ်ဌာန မှ သူမနေထိုင်ရာ 1800 block of N. Rising Glen Road နှင့်အနီး
တ၀ိုက်မှ အရေးပေါ်ဆက်သွယ်ရေး နံပါတ် ၉၁၁ ကိုခေါ်ဆိုခဲ့သည် ဟု TMZ.com ကိုပြောသည်။

မည်သည့် အကြောင်းကြောင့် သေဆုံးခဲ့သည် ကို စုံစမ်းဆဲဖြစ်သည်။သူမ၏မိခင် ဖြစ်သူ
က ရေပန်းအောက် လဲနေသော ဘရစ်တနီကို တွေ့ ရှိခဲ့ပြီးနောက် ဆေးရုံသို့ ပို့ စဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဘရစ်တနီ မာဖီကို ၁၉၇၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့ တွင် ဂျော်ဂျီယာ ပြည်နယ် အတ္တလန်တာ မြို့ တွင် ဖွားမြင်သည်။သူမသည် ၁၉၉၃ ခုနှစ်တွင် Family Prayers ရုပ်ရှင်
ဇာတ်ကားတွင် စတင်သရုပ်ဆောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် Clueless ရုပ်ရှင်ကားဖြင့် လူသိများလာခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အန်ဂျီလီနာ ဂျိုလီ အော်စကာဆုရရှိခဲ့သည့် Girl,
Interrupted တွင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး 8 Mile , Uptown Girl ,Just Married နှင့် Sin
City ဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့သည်။

Just Married ဇာတ်ကားတွင် အတူသရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ချစ်သူဟောင်းလည်း ဖြစ်သည့် အက်ရှတွန် ကွတ်ချာ မှ သူ၏ Twitter စာမျက်နှာမှ တစ်ဆင့် ဘရစ်တနီမာဖီအတွက် ၀မ်းနည်းစကားဆိုခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဗြိတိသျှ ဇာတ်ညွှန်းရေးဆရာ ဆိုင်မွန် မွန်ဂျက် နှင့် လက်ထပ်ခဲ့ပြီး
ကွယ်လွန်ချိန်ထိ အတူနေခဲ့သည်။ဘရစ်တနီ မာဖီသည် ၁၉၉၁ ခုနှစ်တွင် Murphy Brown
ရုပ်သံဇာတ်လမ်းတွဲတွင် စတင်သရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင် ဇာတ်ကားပေါင်း ၄၀ ကျော်တွင် သရုပ်
ဆောင်ခဲ့သည်။