၂၃ ဒီဇင်ဘာ ဘန်ကောက် ၊ ၊အေပီ သတင်း
Russia to deliver 20 MiG fighters to Myanmar: report
ဖွံ့ ဖြိုးမှု အနည်းဆုံးနိုင်ငံများစာရင်းတွင်ပါရှိပြီး မိမိနိုင်ငံသားများ အိမ်နီးချင်းနိုင်ငံ၏ အမှိုက်ပုံပေါ်တွင် ပင် ရှာဖွေစားသောက်နေထိုင်ရသော မြန်မာနိုင်ငံက ရုရှားထံမှ ဒေါ်
လာ သန်း၅၇၀ ဖိုးရှိ ဂျက်တိုက်လေယာဉ်များဝယ်ယူရန် သဘောတူထားပြီးဖြစ်ကြောင်း
ရုရှား သတင်းဌာန အီတာတာစ် က သတင်းထုတ် လွှင့်သွားသည်။
ရုရှားက နိုင်ငံမှ ၀ယ်ယူမည့် တိုက်လေယာဉ်များ မှာ MiG -29 အမျိုးအစားတိုက်လေယာဉ်များ ဖြစ်ပြီး ထိုလေယာဉ်များကို ရုရှားတိုက်လေယာဉ်များထုတ်လုပ်သည့် မီကိုယန် တိုက်လေယာဉ် ကော်ပိုရေးရှင်းမှ၁၉၇၇ ခုနှစ်တွင် စတင်ထုတ်လုပ်ပြီး၁၉၈၃ ခုနှစ် မှ စ၍ ဗဟိုအာရှ နိုင်ငံများ၊အယ်လ ဂျီးယား နိုင်ငံများ နှင့် ယီမင် နိုင်ငံ များမှ ၏ လေတပ်များတွင် စတင်အသုံးပြုခဲ့သည်။
ရုရှားနိုင်ငံ က ၂၀၀၁ ခုနှစ်တွင် မြန်မာ နိုင်ငံသို့ MiG 29 အမျိုးအစား တိုက်လေယာဉ် ၁၂ စီးပေးပို့ ခဲ့သေးသည်။ ထို မီကိုယန် လေယာဉ် ကုမ္ပဏီ ၏ မိခင် ကုမ္ပဏီ ဖြစ်သည့် United Aircraft Corporation က AN-148 အမျိုးအစား ခရီးသည် တင်လေယာဉ်များ ပို့ ပေးမည်
ဟု ဒီဇင်ဘာလဆန်းပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
ရုရှားနိုင်ငံမှ ၀ယ်ယူမည့် ဂျက်တိုက်လေယာဉ် အစီး နှစ်ဆယ် သည် မြန်မာ နိုင်ငံသို့ 
ရှေ့နှစ်ဆန်းတွင် ရောက်ရှိလာမည် ဖြစ်သည်။မြန်မာ နိုင်ငံသည့် အမေရိကန် နှင့် ဥရောပ
တို့ မှ စီးပွားရေး နှင့် လက်နက်တင်ပို့ ရောင်းချမှု ပိတ်ပင်ထားသော် လည်း ရုရှား၊တရုတ်၊အိန္ဒိယ နှင့် မြောက်ကိုရီးယား တို့ မှ အကူအညီ ရလျှက်ရှိ သည်။
