ခရစ်မတ်နေ့ လေယာဉ် ဗုံးခွဲရန် ကြိုးပမ်းမှု မအောင်မြင်

၂၅ ဒီဇင်ဘာ ခရစ်မတ်နေ့  ဘော်စတွန် ၊                   ၊သီရိထက်

U.S. says al Qaeda-linked man tried to blow up plane

နိုင်ငံတကာ အကြမ်းဖက်အဖွဲ့ အစည်း တစ်ခုဖြစ်သည့် အယ်ခိုင်ဒါ အဖွဲ့ နှင့် အဆက်အသွယ်ရှိ သည့် နိုင်ဂျီးရီးယား လူမျိုး တစ်ဦးက North West ကြောင်းပိုင်လေယာဉ် တစ်စီးအား သောကြာနေ့ (ခရစ်မတ်နေ့ )က ဝေဟင် တွင် ပျံသန်းနေစဉ်ဖောက်ခွဲဖျက်ဆီးရန် ကြိုးစားစဉ် မအောင်ဖြင် ဖြစ်သွားသည် ဟု စီအန်အန် ရေဒီယိုကထုတ်လွှင့် သွားသည်။

နယ်သာလန် နိုင်ငံ အမ်စတာဒမ် မြို့ မှ ပျံသန်းလာသည့် North West လေကြောင်းလိုင်း
ခရီးစဉ် အမှတ် ၂၅၃ တွင် လိုက်ပါလာသည့် နိုင်ဂျီးရီးယား ခရီးသည် တစ်ဦးသည် အမေရိ
ကန် နိုင်ငံ မစ်ချီဂန် ပြည်နယ် ဒက်ထရွိုက် လေဆိပ် သို့ အရောက်တွင် ၎င်း တွင် ပါလာသည့် ပေါက်ကွဲစေတတ်သည့် ပစ္စည်း တစ်ခု အား ဖောက်ခွဲရန် ကြံရွယ်စဉ် လေယာဉ် အမှုထမ်းများ နှင့် ခရီးသည် များက အချိန် မှီ တားဆီးနိုင်ခဲ့သည် ။

ထိုလေယာဉ် တွင် ခရီးသည် ၂၇၈ ဦးနှင့် လေယာဉ် အမှုထမ်း ၁၁ ဦးလိုက်ပါလာသည်။အိမ်ဖြူတော် နှင့် အမိမြေ လုံခြုံရေးဌာန မှ နိုင်ဂျီးရီးယန်း လူမျိုး၏ ဗုံးဖောက်ခွဲရန် အားထုတ် မှုသည် အကြမ်းဖက် မှု ဖြစ်သည် ဟု ထုတ်ဖော်ပြောဆိုသည်။

သမ္မတ အိုဘားမားက ခရစ္စမတ် အားလပ်ရက် ဇာတိ ဟာဝိုင်ယီ သို့  အပန်းဖြေခရီးထွက်နေသော် လည်း ထိုသတင်း ထွက်ပေါ်လာပြီး နောက် ပြည်တွင်းလေကြောင်း ခရီးစဉ် များ နှင့် နိုင်ငံတကာမှ အမေရိကန် နိုင်ငံတွင်းသို့ ဝင်ရောက်လာမည့် လေကြောင်း လိုင်းများ၏ လုံခြုံရေး အား ပိုမို တင်းကျပ်သွားရန်ညွှန်ကြားထားသည်။

A Delta Airbus 330 airliner sits on a runway at Detroit Metropolitan Airport in Romulus, Michigan in this video grab made December 25, 2009. REUTERS/WDIV TV/Handout

ဗျောက် အိုးပေါက်ကွဲ သံကွဲ နှင့် ဆင်တူသည့် အသံမျိုး လေယာဉ်စီးခရီးသည်များက ကြားရပြီး ယမ်နံ့ များထွက် ပေါ်လာစဉ် အဆိုပါ နိုင်ဂျီးရီးယား လူမျိုးအား ဖမ်းဆီးနိုင်ခဲ့
ခြင်းဖြစ်သည်။ထိုပုဂ္ဂိုလ်က သူသည် အယ်ခိုင်ဒါ အဖွဲ့ နှင့် အဆက်အသွယ်ရှိကြောင်း ၀န်ခံသည် ဟု FBI ပြောခွင့်ရ ပုဂ္ဂိုလ်က စီအန်အန် သို့ ပြောသည်။

ထိုလေယာဉ် သည် အာဖရိက တိုက် နိုင်ဂျီးရီးယား နိုင်ငံမှ စတင်ပျံသန်းလာခြင်း ဖြစ်ပြီးအမ်စတာဒမ် တွင် တစ်ထောက်နားကာ ဒက်ထရွိုက်တွင် ခရီးဆုံးမည် ဖြစ်သည်။

ဗုံဖောက်ခွဲရန် ကြံရွယ် သော ပုဂ္ဂိုလ် သည် အသက် ၂၃ နှစ် အရွယ်ရှိ  နိုင်ဂျီးရီးယန်း လူမျိုး
အိုမာ ဖရောက် အဘ်ဒူလ် မူတဘ် ဆိုသူ ဖြစ်ပြီး အယ်ခိုင်ဒါ က လေ့ကျင့်ပေးထားသော ပုဂ္ဂိုလ် ဖြစ်သည် ဟု သတင်းရရှိသည်။

၂၀၀၁ ခုနှစ်က ရစ်ချတ်ရိဒ် ဆိုသည့် အယ်ခိုင်ဒါ အဖွဲ့ ဝင်လူငယ်တစ်ဦးသည့် ရှုးဖိနပ်
တွင် ဗုံးထည့်ပြီး လေယာဉ်အားဖောက်ခွဲရန် ကြံရွယ်ခဲ့သည်။

ယခု ဖြစ်ရပ်သည် နိုင်ငံတကာ လေဆိပ်များတွင် လုံခြုံရေး အားနည်းချက်များရှိနေခြင်းကို
အထင်အရှားပြသရာရောက်သည် ဟု ဘော်စတွန် လေဆိပ်မှ  နေ၍ မြန်မာနိုင်ငံသို့ သွားမည့် ခရီးသွား ဧည့်သည် တစ်ဦးက Freedom News Group သို့ ပြောသည်။

အကြမ်းဖက်ဖောက်ခွဲရန် ကြံစည်မှု ဖြစ်ပွားပြီးနောက် လေယာဉ်မှာ မီချီဂန် ပြည်နယ် ရိုမူလပ်စ် လေဆိပ် သို့ အရေးပေါ်ဆင်းသက်ခဲ့သည်။ထိုသတင်းကြောင့်လေကြောင်း

ဖြင့်ခရီးသွားမည့် သူ အချို့ မှ ခရီးစဉ်များ ဖျက်သိမ်းခဲ့သည်။

ဗုံးဖောက်ခွဲရန် အတွက် ပါဝင်ပစ္စည်းများကို ရောစပ်နေစဉ် အဖမ်းခံခဲ့ရသည် ထိုနိုင်ဂျီးရီးယန်း လူငယ်ကို FBI ကစတင်စစ်ဆေးမေးမြန်းနေပြီ ဖြစ်သည်။ပေါက်ကွဲစေတတ်သော ပစ္စည်းများ
လေယာဉ် ပေါ်ထိ တင်ဆောင်လာ နိုင်သည့် အတွက် ထိုကိစ္စမှာ နောက်ကွယ်တွင် ပါဝင်ပတ်သက်မှုများရှိ သည် ဟု FBI က ယူဆသည်။