ဒီတစ်ပတ် သတင်းဓာတ်ပုံ

၂၈ ဒီဇင်ဘာ ရန်ကုန် ၊                            ၊Freedom News Group

Photo : In This Week

အီရန်တွင် ရွေးကောက်ပွဲလွန် လူထူမကျေနပ်မှုများပိုမိုကြီးထွားလာရာ ပုံတွင် ဆန္ဒပြသူများက အကြမ်းဖက် နှိမ်နှင်းသည့် ရဲတပ်ဖွဲ့ ဝင်များကို နာဂျာဖာဖတ် တွင်ပြန်လည် ခုခံစဉ် ဒီဇင်ဘာ လ ၂၆ ရက်နေ့ က လူထုအုံကြွမှု တွင် အတိုက်အခံ မူဆာဗီ ၏ တူအပါအ၀င်ဆန္ဒပြသူ ငါးဦး သေဆုံးခဲ့သည်။ ဓာတ်ပုံ- အေပီ
မြန်မာနိုင်ငံဖွားအမေရိကန်နိုင်ငံသား တစ်ဦးဖြစ်သည့် ကိုညီညီအောင်အား နှိပ်စက် ဖမ်းဆီးထားမှုအတွက် ၀ါရှင်တန် ပိုစ် သတင်းစာ နှင့် တွေ့ ဆုံပြောကြားမှု ပြုခဲ့သည့် မ၀ါဝါကျော် (Jahi Chikwendiu/the Washington Post)
ရတနာပုံတယ်လီပို့ တွင်ကျင်းပသည့် မြန်မာ အိုင်စီတီ ပြပွဲ ဖွင့်ပွဲတွင် သီဆိုဖျော်ဖြေနေသည့် အဆိုတော် ဂျင်းနီ ဓာတ်ပုံ-လမင်းနိုင် Planet News
ရှစ်ကြိမ်မြောက် မြန်မာ ဆက်သွယ်ရေးနည်းပညာ ရက်သတ္တပတ် ပြပွဲမှ ပြခန်းများ  ဓာတ်ပုံ - လမင်းနိုင် (Planet News)
ရှစ်ကြိမ်မြောက် မြန်မာ ဆက်သွယ်ရေးနည်းပညာ ရက်သတ္တပတ် ပြပွဲမှ ပြခန်းများ ဓာတ်ပုံ - လမင်းနိုင် (Planet News)
ခရစ္စမတ်နေ့ က အမေရိကန် လေယာဉ်အား ဗုံးဖောက်ခွဲရန်ကြိုးစားခဲ့သည် နိုင်ဂျီးရီးယား လူမျိုး အသက် ၂၃ နှစ် အရွယ် အိုမာဖရွတ် အဘ်ဒူလ် မူတာလဘ် (၎င်းသည် လန်ဒန်ကောလိပ်မှ စက်မှု အင်ဂျင်နီယာ ဘွဲ့ ရရှိထားပြီး ဖခင်ဖြစ်သူမှာ နိုင်ဂျီးရီးယားနိုင်ငံတွင် ချမ်းသာသော ဘဏ်သူဌေးတစ်ဦး ဖြစ်သည်။၎င်း တက်ခဲ့သော ကျောင်းသည် နိုဘလ် ဆုရှင် ရာဘင်ဒြာ နတ်တဂိုး နှင့် အကြမ်းမဖက် တိုက်ပွဲ ၀င်ခဲ့သည့် အိန္ဒိယ အမျိုးသား ခေါင်းဆောင် မဟတ္တမ ဂန္ဒီ အပါ အ၀င် နိုဘလ် ဆုရှင် အများအပြားတက်ခဲ့သော ကျောင်းဖြစ်သည်။)
မဆုံးနိုင်သေးသည့် အကြမ်းဖက် တိုက်ခိုက်မှု အစီအစဉ်များ ကြောင့် အမေရိကန် နိုင်ငံသည် ဗီဇာ နှင့် ပြည်ပ ၀င်ရောက်မှုများ အပြင် ပြည်တွင်းအခြေချနေထိုင်သူ အချို့ ကို စီစစ်သွားမည် ဖြစ်သည်။ပုံတွင် ဒက်ထရွိက်လေဆိပ်၌ တင်းကျပ်သည့် စစ်ဆေးမှု များပြုနေစဉ် ဓာတ်ပုံ - အေအက်(ဖ)ပီ

More Photo Click Here

ရွှေကမ္ဘာလုံးဆုရွေးချယ်ချီးမြှင့် ရန်လျှာထားခြင်းခံရသည့် Up in the air ဇာတ်ကားမှ ဂျော့ကလူနီ
ဂါးဒီးယန်း သတင်းစာတွင် ဖော်ပြထားသည့် လေယာဉ် ဗုံးခွဲရန် ကြံစည် သူ အိုမာဖရွတ်သတင်းအား စိတ်ဝင်တစားဖတ်ရှု နေသူ နိုင်ဂျီးရီးယန်း လူငယ်တစ်ဦး (၎င်းသည် ယီမင် နိုင်ငံရှိ အယ်ခိုင်ဒါ ကလပ်စည်းများနှင့် အဆက်အသွယ်ရှိ သူ တစ်ဦး ဖြစ်ပြီး အကြမ်းဖက်ရန် စီစဉ်မှု ဖြင့် ရုံးတင် တရားစွဲဆိုခြင်း ခံရမည် ဖြစ်သည်)
အိုမာဖရွတ်ခ် ၏ ဖခင် (၎င်းသည် သူ၏ သားဖြစ်သူ၏ အကြမ်းဖက် ရန် အစီအစဉ် ရှိကြောင်းကို နိုင်ဂျီးရီးယန်း နိုင်ငံရှိ အမေရိကန် သံရုံးသို့ ယခင်လက အကြောင်းကြားခဲ့သည်)