၂၈ ဒီဇင်ဘာ ရန်ကုန် ၊ ၊Planet News
မြန်မာနိုင်ငံ တဝှမ်းလုံးရှိ လူသားတိုင်း ကမ္ဘာနှင့် မြန်မာတွင် ဖြစ်ပေါ်နေသော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ပြီး ဓာတ်ပုံ၊ ဗီဒီယို၊ တေးဂီတစသည်တို့ကိုလည်း တစ်နေရာတည်းတွင် ရယူအသုံးပြုနိုင်မည့် Yatanarpon Portalကို The 8th Myanmar ICT Week 2009တွင် စတင်မိတ်ဆက်ပြသခဲ့သည်။ Yatanarpon Portal၏ ဝက်ဘ်ဆိုက်လိပ်စာမှာ www.yatanarpon.com.mmဖြစ်ပြီး Web Portal Serverအား နိုင်ငံအတွင်းတွင် ထားရှိသောကြောင့် အသုံးပြုသူများ၏ လိုအပ်ချက်များ၊ ထူးခြားဆန်းသစ်သော ကဏ္ဍများကို အချိန်နှင့် တပြေးညီလွှင့်တင်ပေးနိုင်မည် ဖြစ်သည်။

ထို့အြ့ပင် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီစေရန် စိစစ်ထားသည့်အတွက် လူကြီး၊ လူငယ်မရွေး ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ကြောင်း သိရသည်။ Yatanarpon Web Portalတွင် မြန်မာနှင့် ကမ္ဘာ့သတင်း၊ အားကစား၊ နည်းပညာ၊ စီးပွားရေး၊ ရုပ်ရှင်အနုပညာ၊ စာအုပ်စင်၊ ဈေးဝယ်၊ ကမ္ဘာလှည့်ခရီးသွား၊ ဂိမ်း၊ ကျန်းမာရေး၊ ရာသီဥတု၊ အလုပ်အကိုင်၊ အခမဲ့ကြော်ငြာ Yellow Pagesစသော ကဏ္ဍပေါင်းစုံအပြင် ထူးခြားဆန်းသစ်ပြီး မြန်မာလူမျိုးတိုင်း အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ်ပေးထားကြောင်း သိရသည်။ Web Portal ဆိုသည်မှာ လွန်ခဲ့သော ၁၅နှစ်ခန့်က ကွန်ပျူတာနှင့် ဆက်သွယ်ရေး နည်းပညာချိတ်ဆက် အသုံးပြုပြီး ကဏ္ဍပေါင်းစုံကို သတင်းအချက်အလက် မြောက်မြားစွာဖြင့် စုစည်းထားသော အင်တာနက်စာမျက်နှာများဟု သတ်မှတ်ထားသည်။ Yatanarpon Web Portalကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဖော်ပြပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
Credit: Internet Journal (Vol. 10, No. 51)
