၂၀၀၉ ခုနှစ်၏ အထူးခြားဆုံး ရူးကြောင်ကြောင် သတင်းအဖြစ်အပျက်

၃၀ ဒီဇင်ဘာ ရန်ကုန် ၊                      ၊Freedom News Group

မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)၏ကြေညာချက်ကို The Voice ဂျာနယ်တွင် တွေ့ ရစဉ်

Freedom News Group သည်တစ်နှစ်တာ အတွင်း ရူးကြောင်ကြောင် နိုင်လှသော သတင်း(သို့ မဟုတ်) အဖြစ်အပျက်တစ်ခု ကို ဖေါ်ပြနိုင်ရန် ရွေးချယ်ထားရာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ထုတ် အတွဲ၆ အမှတ် ၈ The Voice ဂျာနယ်မှ ဖော်ပြသော သတင်းတစ်ပုဒ် ဖြစ်သည့် “မြန်မာ့ဆိုင်းဝိုင်းများတွင်အနောက်တိုင်းတူရိယာ မသုံးရန်ညွှန် ကြားချက် ငါးခု ထုတ်ပြန် ”ဆိုသည့်  သတင်းကို ဖော်ပြလိုက်ပါသည်။

ထိုသတင်း နှင့် ဆက်စပ်သည့် ကြေညာချက်အား မြန်မာ နိုင်ငံသဘင်ပညာ ရှင်များ အစည်းအရုံး (ဗဟို) ကထုတ်ပြန်ခြင်း ဖြစ်သည်။အဆိုပါ သတင်း မှာ မည်သည့် နိုင်ငံသား
ဂီတ ပညာရှင်မှ ပြန်မပြောရဲ လောက်အောင် ရှက်ဖွယ်လိလိ ကောင်းသော ကြေညာချက်
တစ်ခု ဖြစ်ပြီး မြန်မာ နိုင်ငံတွင် ထိုကဲ့သို့ သော ကြောညာချက် အမိန့် မျိုး ထွက်ပေါ်လာနိုင်
လောက်သည့် ရေခံမြေခံ ကို ကြည့်ခြင်းအားဖြင့်

၁ ။ယခုထက်တိုင် မြန်မာနိုင်ငံတွင် ရှေးရိုးဝါဒီ နှင့် ခောတ် အမြင်မရှိသူ များ ကြီးစိုးနေခြင်း
ရှိနေသည် ကို ဖော်ပြရာရောက်သည်။

၂။ ခောတ်အမြင် နည်းပါးမှု နှင့် ခောတ်မှီနည်းပညာ ပေါင်းစပ်သုံးနိုင်မှု အား နည်းသည် ကို
လည်း လှစ်ဟ ပြရာရောက်သည်။

၃။မြန်မာ နိုင်ငံထက် ပိုမို ကာ ဂီတ သမိုင်း ရှည်လျှားစွာ ရှိခဲ့သည် အီဂျစ် ၊အိန္ဒိယ ၊ဂျပန် နှင့် တရုတ် တို့ သည် ၎င်း တို့ ၏ ရိုးရာ ဂီတ နှင့် ခောတ်ပေါ် အင်စထရုမန့် များကို ပေါင်း
စပ်တီးခတ် ပြီး နိုင်ငံ တကာ သို့ ထိုးဖောက် ကာ လူကြိုက်များမှု ရယူနိုင်ခဲ့သည်။

အချုပ်အား ဖြင့် ဆိုရသော နှစ်ပါးသွား နှင့် တစ်ပင်တိုင် ကို ညလုံးပေါက် ထိုင်မကြည့်
တော့သည် မြန်မာ ပရိသတ် များ အားဖျော်ဖြေရသည့် အနုပညာ ရှင်များ ရှင်သန် ရပ်တည် မှု ခက်ခဲသွားမည် ဖြစ်သလို မြန်မာ့ ဆိုင်းဝိုင်း နှင့် မြန်မာ့ ရိုးရာ ဂီတသည်
လည်း ထိုကြေညာ ချက်ကြောင့် ပင် ပိုမို တိမ်ကော ပပျောက်သွားမည် ဖြစ်သည်။