၂၀၀၉ ခုနှစ် ၏ သတင်းဖြစ်စေသူများ

၃၁ ဒီဇင်ဘာ ရန်ကုန် ၊                         ၊Freedom News Group

News Maker of the Year 2009

၂၀၀၉ ခုနှစ် ၏ တစ်နှစ်တာ အတွင်း မြန်မာနိုင်ငံ၏ အလှုပ်ခတ် ဆုံးသတင်းဖြစ်စေခဲ့သူ များ၊ ဖြစ်ရပ်များကို ရွေးချယ်ဖော်ပြလိုက်ပါသည်။ထိုသို့ ရွေးချယ်ဖော်ပြမှုမှာ Freedom News Group အဖွဲ့ ဝင်များ၏ ဆန္ဒသဘော ထားကို အခြေခံ၍ ဖော်ပြခြင်းဖြစ်သည်။
News Makers of the Year တွင် ဖော်ပြခံရသူများ မှာ ၂၀၀၉ ခုနှစ် တွင်း နိုင်ငံတွင်းနှင့်
နိုင်ငံပြင်ပရှိ သတင်းမီဒီယာများ ၏ အာရုံစိုက်မှု အထူးခံရသူများကို ရွေးချယ်ဖော်ပြခြင်း
ဖြစ်သည်။

၁ ။ ဒေါ်အောင်ဆန်းစုကြည်

၂၀၀၉ ခုနှစ် မေလ လေးရက်နေ့ တွင် အမေရိကန် နိုင်ငံသားဗီယက်နမ် စစ်ပြန်    ဂျွန်ဝီ
လျှံ ယက်ထော သည် သူမ ၏ နေအိမ်သို့  ချဉ်းနင်းဝင်ရောက်ခဲ့မှု နှင့် ပတ်သက် ၍   နိုင်ငံတကာမီဒီယာများတွင် တကျော့ပြန် ထင်ရှားလာခဲ့သည်။မေလ  ၁၃   ရက်နေ့ တွင်ဒေါ်အောင်ဆန်းစုကြည် အားနေအိမ်မှ နေ၍ အင်းစိန် ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ပြီး မြန်မာ စစ်အစိုးရမှ ရုံးတင် တရားစွဲဆိုရာမှ ကမ္ဘာကျော် တရားခွင် တစ်ခု ဖြစ်ခဲ့သည်။

မေလ ၁၈ ရက်နေ့ တွင် စတင်အမှု စစ်ဆေးပြီး သုံးလ အကြာ သြဂုတ်လ ၁၁ ရက်နေ့ ထိ အင်းစိန် ထောင်တွင်း တရားရုံး၌ စစ်ဆေးခဲ့ရာ မေလ ၂၇ ရက်နေ့ တွင် နေအိမ် အကျယ်ချုပ် သက်တမ်းပြည့်မြောက်တော့မည် ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အကျယ်ချုပ် ဥပဒေဖောက် ဖျက်မှု အပါအ၀င် ၀င်ရောက်လာ သူကို လက်ခံထားမှု ဖြင့် ထောင် ဒဏ် သုံးနှစ် အပြစ်ပေးခံခဲ့ရသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက မြန်မာ့ တပ်မတော်၏ ဖခင် တစ်ဦး ဖြစ်သည့် ဗိုလ်ချုပ် အောင်ဆန်း၏ သမီး ဖြစ်သော
ကြောင့် ဟု ဆိုကာ ထောင်ဒဏ် ၁၈ လ သို့  လျှော့ပေါ့ ပေးခဲ့ပြီး နေအိမ် အကျယ်ချုပ် ဖြင့်ကျန်ရှိ သည့်  ပြစ်ဒဏ် ကို ပြောင်းလဲ ပေးခဲ့သည်။

နေအိမ် အကျယ်ဖြင့် နေထိုင် စဉ် ဗာဂျီးနီးယား ပြည်နယ် လွှတ် တော် အမတ် ဗီယက်နမ်
စစ်ပြန် ဂျင်ဝဘ် နှင့် ၎င်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်းဘဲလ်
တို့ နှင့် ၎င်း တွေ့  ဆုံခွင့် ရခဲ့သည်။

သြဂုတ်လ ၁၁ ရက် နေအိမ် အကျယ်ချုပ် ဖြင့် နေထိုင်စဉ် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ထံသို့  စာရေးကာ အမျိုးသား ရင်ကြားစေ့ ရေး နှင့် နိုင်ငံတကာ
၏ ပိတ်ဆို့ မှုများကို အတူ ပူးပေါင်း ဖြေရှင်းသွားရန် အမြော်အမြင် ကြီးသော ကမ်းလှမ်းမှု ကို စတင်နိုင်ခဲ့သည်။

၂၀၁၀ တွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် သူမပါဝင်ခွင့် ရရှိရေးမှာ မသေချာလှ သော်လည်း အကယ် ၍ သူမသာ ပါဝင်ခွင့် မရရှိပါက ပြည်သူများ နှင့် နိုင်ငံတကာ၏ ရွေး
ကောက်ပွဲ အပေါ်ယုံကြည် မှု ကင်းမဲ့သွားပြီး အီရန်၊ထိုင်း အစရှိသည့် နိုင်ငံများ၏ ရွေးကောက်ပွဲလွန် ဂယက် များကဲ့ သို့ ဖြစ်သွားနိုင်ကြောင်း နိုင်ငံတကာ ရွေးကောက်ပွဲ ဆိုင်ရာ စောင့်ကြည့် လေ့လာ ရေး အဖွဲ့ ကြီး က ခန့် မှန်း သုံးသပ်ထားသည်။

၂ ။ဂျွန်ဝီလျှံ ယက်ထော

မြန်မာ နိုင်ငံ တွင် လူသိနည်းလှ သည့်  အမေရိကန် အခြေစိုက် မိုမန် ဘာသာရေး ဂိုဏ်းဝင် တစ်ယောက် ဖြစ် သည်။ ၂၀၀၈ ခုနှစ် မေလ တွင် မြန်မာ နိုင်ငံ သို့ တစ်ကြိမ်
လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည် နှင့် တစ်ကြိမ် တွေ့ ဆုံဖူးခဲ့သည်။ ၂၀၀၉ ခုနှစ်
မေ လတွင် တစ်ကျော့ ပြန်ရောက် ရှိလာကာ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှိရာ အင်းလျား

ကန်သို့ ရေကူးဝင်ရောက်ခဲ့သည်။

သြဂုတ်လ ၁၁ ရက်တွင် ထောင်တွင်း တရားရုံးမှာ သူ့ အား ထောင်ဒဏ် ခုနှစ်နှစ် အပြစ်
ပေးခဲ့သော် လည်း လေးရက် အကြာ တွင် သူ၏ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦး ဖြစ်သူ
ဗာဂျီးနီးယားပြည်နယ် လွှတ်တော် အမတ် ဂျင်ဝဘ် က လာရောက် ကယ်ထုတ်သွားနိုင်မှု
ကြောင့်ပြန်လည် လွတ် မြောက်သွားသည်။

သြဂုတ်လ ၂၀ ရက်နေ့ ချီကာဂို ရှိ အိုဟာရေး လေဆိပ် သို့ အရောက် သတင်းထောက်များ နှင့် တွေ့ ဆုံရာ တွင် ဒေါ်အောင်ဆန်းစုကြည် အား ဘေးအန္တရာယ် ဆိုးများမှ ကယ်တင် နိုင်ရန် အကြိမ် တစ်ထောင် မက ကြိုးစား အုံးမည် ဟု ဆိုသည်။

၃ ။  ဗိုလ်ချုပ်ကြီး သိန်းစိန်

စစ်အစိုးရ အဖွဲ့ မှ Figure Head ၀န်ကြီးချုပ် တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး သိန်းစိန် သည် ယခုနှစ် အတွင်း ၎င်း ၏ ဘောစ် ဖြစ်သူ ဗိုလ်ချုပ် မှုးကြီး သန်းရွှေ နှင့် မြေး ဖြစ်သူ နေရွှေ သွေးအောင် ပြီးလျှင် အကြော်ကြားဆုံး သူ တစ်ဦး ဖြစ်သည်။

ဝန်ကြီးချုပ် ၏ ကျော်ကြားမှု များ၌ တိုင်းပြည် အတွက် စွန့် လွှတ် အနစ် နာခံသော ကြော်ကြား မှု များထက် ကော်ဇော နီ ပေါ် တွင် ဗိုလ်ချုပ် မှုးကြီးသန်း ရွှေ နှင့် ဒုဗိုလ်ချုပ်
မှုးကြီး မောင်အေး တို့ နှင့်ရင် ဘောင်တန်း မလျှောက် ရခြင်း ၊ဧပြီလ က ကျင်းပသည့်
ထိုင်းနိုင်ငံ အာဆီယံ ခေါင်းဆောင်များ အစည်းအဝေး တွင် အနီဝတ် အာဏာရှင် ဆန့် 
ကျင်ရေး တပ်ဦး ကြောင့် မျက်မှန် ကျကွဲပြီး နှလုံးခုန် နှုန်း မမှန် ဖြစ်ကာ ဟိုတယ် နောက်
ပေါက်မှ ထွက်ပြေးရခြင်း ၊ နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တွင် မြန်မာ့
အရေး လှုပ်ရှား တက် ကြွသူများ၏ ဖိနပ်စာ မိခြင်း တို့  ကြုံခဲ့သော သူ၏ သတင်းမှာ နေ
ပြည်တော် တွင် ဖိနပ် သိန်းစိန် ဟု ပင် အမည် တွင်ခဲ့သည်။

၎။ ရဲချုပ် ခင်ရီ

စစ်အစိုးရ၏ မဟုတ်မမှန် ၀ါဒဖြန့် ချိရေး လက်တံကို ပြန်ကြားရေးဝန် ကြီး ဗိုလ်ချုပ် ကျော်ဆန်း ထက် ဆန့် ကားပေး နိုင်သူ ဖြစ်ကြောင်း အညင်းပွားဖွယ်ရာမရှိ ထောက်
ခံမှု ရထားသူ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် စစ်အုပ်စု ၏ တစ်ဖက်သတ် ပြောဆိုချက်များ အပေါ် ရဲချုပ် ခင်ရီက သတင်းထောက်များကို ထပ်ဆင့်
ပြောကြားပေးခဲ့ရသည်။

ယခုနှစ် အတွင်း သူ ၏ အကြော်ကြားဆုံး ဖြစ်ရပ်များ မှာ သတင်းထောက်များက မေးသည့် အခါ မကြားခြင်ယောင် ဆောင်ခြင်း ၊ ကြိုတင် ဇာတ်တိုက်ထားသည့် မေးခွန်း

မဟုတ်လျှင် မဖြေကြားခြင်း တို့ အပြင် အောက်တိုဘာလ က ရန်ကုန် တိုင်းရဲမှုးကြီး ၀င်းနိုင် အား လာဘ်စားမှု ၊အာဏာ အလွဲသုံးစား လုပ်မှု ၊အမိန့် မနာခံ မှု စသည့် ကိစ္စများ နှင့် အရေးယူရာတွင် သူ့ ကိုပါ ရာထူးမှ မှ ဖယ်ရှား၍ ဖမ်းဆီး ထောင်ချထားပြီး ဟု သတင်း
ထွက် ပေါ်ခဲ့သော် လည်း မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာန ချုပ်မှ ကုလားထိုင်သည်သူ့ အတွက်
ပင် ဖြစ်စေခဲ့သည်။

Freedom News Group မှ စုံစမ်းသိရှိရ သောသတင်းများအရ ၂၀၁၀ ရွေးကောက်ပွဲတွင်
တာဝန်ယူမည့်အဓိကရုဏ်း နှိမ် နှင်းရေး ရဲ အရာရှိ ငါးရာ ကို သူ ကိုယ်တိုင် ဦးဆောင်သင်တန်း ပေးနေ၍ ထိုရဲငါးရာ ကို အမိန့် ပေး နိုင်ခွင့်မှာ သူ နှင့် ဗိုလ်ချုပ်မှုး
ကြီး သန်းရွှေ ထံမှာ ပင်ရှိသည် ဟု သိရသည်။

၅။ မခိုင်ရွှန်းလဲ့ရည်

အောက်တိုဘာ လက ခွဲစိတ် ကုသရာတွင် သေဆုံးခဲ့သည့် အသက် ၁၅ နှစ် အရွယ်မခိုင်ရွှန်းလဲ့ရည် ၏ သတင်းသည် ပြည်တွင်း၊ပြည်ပ သတင်း မီဒီယာများတွင်
ပါ အကျယ်တ၀င့် ဖော်ပြခံရပြီး ပြည်သူများကြား စိတ်ဝင်စားမှု အရှိဆုံးသောသတင်း
ဖြစ်ခဲ့သည်။သူမ သေဆုံးမှု ဂယက် သည် မီဒီယာလောက နှင့် ဆေးကုသရေးနယ်
ပယ်တွင် သို့ ပါ အငြင်းပွားဖွယ်ရာများ ဖြစ်စေခဲ့ကာ အဆုံးတွင် တော့ သူမ အားခွဲ
စိတ် ကုသ ပေးသည် ဆရာဝန် တစ်ဦး ဖြစ်သူ ဒေါက်တာကြည်စိုး မှာ ဆမ လက်မှတ်
ငါး နှစ် အသိမ်းခံရပြီး ဆေးရုံ မှ သူမ၏ ကျန်ရှိ သည့် မိသားစု အားလျှော်ကြေးသိန်း
တစ်ထောင်ပေးခဲ့ရသည်။