ပြည်ပ ခရီးသွားသူများ နိုင်ငံတကာ လေဆိပ်များ တွင်အခက်အခဲများကြုံရ

၂ ဇန်န၀ါရီ ဘန်ကောက်၊                          ၊Freedom News Group

Airport Security Scanning Tighten

လေဆပ်တွင်အမျိုးသမီးအသုံးအဆောင်ပစ္စည်းတစ်ခုကို စစ်ဆေးနေစဉ် ဓာတ်ပုံ-အေပီ

ခရစ္စမတ် နေ့  တွင် အယ်ခိုင်ဒါ အကြမ်းဖက် အဖွဲ့ အစည်း နှင့် အဆက်အသွယ်ရှိသည့်  နိုင်ဂျီရီးယား တက္ကသိုလ် ကျောင်းသား တစ်ဦး၏ မအောင်မြင်သော North West လေကြောင်းလိုင်း ဗုံးဖောက်ခွဲမှု ပြီးနောက် နိုင်ငံတကာ လေဆိပ်များ တွင် ခရီးသွားလာသူများကို ပို၍ စေ့စပ်သေချာသည့် ရှာဖွေမှု များပြုလာ ခဲ့သည်။

ဇန်န၀ါရီလ ၁ ရက်နေ့ က မြန်မာနိုင်ငံမှ ဂျပန် နိုင်ငံသို့ ခရီးထွက်ခဲ့သည့် စီးပွားရေးလုပ်ငန်း
ရှင် တစ်ဦးဖြစ်သူ ဦးဝင်းမောင်က “ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်မှာ ပြောင်းစီးရတာလေ ရန်ကုန် လေဆိပ်မှာ ဒီလောက် မစစ်ဘူး။ ဘန်ကောက်လေဆိပ်ရောက် တော့ သေချာစစ်တာ အရင်က ကိုယ်နဲ့ တစ်ပါတည်း မီးခြစ်
တို့ ၊ဓားတို့ လောက်ပဲ ယူလို့ မရတာ အခု ရေမွှေး တို့  ဆေးမှုန့် တို့ မှင် ထည့် ပြီးသုံးရတဲ့
ဖောင်တိန် တို့ တောင် ယူလို့ မရတော့ ဘူး ဟု ပြောသည်။

North West လေကြောင်းလိုင်းအား ဗုံးခွဲရန် အတွက် နိုင်ဂျီးရီးယား နိုင်ငံသား အသုံးပြုခဲ့သည့် PETN အမျိုးအစား အရည်ဗုံးကြောင့် ခရီးသည်များ လေယာဉ်ပေါ်တွင် မိမိ နှင့် တစ်ပါတည်း မျက်စဉ်း ၊ချောင်းဆိုးပျောက်ဆေးစသည့် မည်သည့် ဆေးဝါးအရည်မှ အယူမခံတော့ကြောင်း သိရသည်။

လန်ဒန် မှ ဇာတိ မြန်မာ နိုင်ငံသို့ အားလပ်ရက် ပြန်လာသူ မဇင်ဇင်က လည်း ”တစ်ဦးချင်း
သေချာစစ်တာ နှုတ်ခမ်းဆိုးဆေးရည်တောင် ခွင့်မပြုဘူး”ဟု ပြောသည်။

မအောင်မြင်သော ဗုံးဖောက်ခွဲမှုပြီးနောက် နိုင်ငံတကာ လေဆိပ်များတွင် လုံခြုံရေးပိုမို
တင်းကျပ်ပြီး တစ်ဦးချင်းစီအား ပိုမိုစစ်ဆေးရှာဖွေမှုများရှိသောကြောင့် ပြည်ပ နိုင်ငံများရှိ
မြန်မာ နိုင်ငံသားများသည် လေဆိပ် သို့ သတ်မှတ် ချိန် ထက် အချိန် သုံးနာရီခန့် စောရောက်ရှိ ရန် လိုအပ်သည် ဟု ပြည်ပခရီးစဉ်များ သို့ ထွက်ခွာနေသည့် သမားတော် တစ်ဦးက ပြောသည်။