၃ ဇန်န၀ါရီ ရန်ကုန် ၊ ၊Freedom News Group
News of the Year

စစ်အာဏာရှင် များက ဖိနှိပ် အုပ်ချုပ်သော မြန်မာ နိုင်ငံတွင် ကျောင်းသား တစ်ယောက်ကို
ဖမ်းဆီး ထောင်ချသည် မှာ ထူးထူးခြားခြား သတင်းမဟုတ်လှသော် လည်း အသက်နှစ်ဆယ်ကျော် အရွယ် ခန့် သာရှိ သေးသည့် အထက်ဗမာပြည် ကျောင်းသား ခေါင်းဆောင် ကိုဗိုလ်မင်းယုကို အား စွဲချက်ပေါင်း ၄၀ ဖြင့် ထောင်ဒဏ် ၁၀၄ နှစ်ချမှတ် လိုက်သည် ဆိုခြင်းကတော့ စစ်အာဏာရှင် တို့ ၏ အညှိုးအတေး နှင့် လူမဆန် အောင် ရက်စက် တတ်သည့် အလေ့အကျင့် ကို ဖော်ထုတ်ပြသရာ ရောက်သည်။
စစ်အာဏာရှင် တို့ လှို့ ဝှက်တရားစီရင်ခဲ့သည့် ထိုအမှု ကို Freedom News Group မှ စုံစမ်းဖော်ထုတ်ကာ ကိုဘိုမင်းယုကို အား အမိန့် ချပြီး နှစ်ပတ်အကြာတွင် ကမ္ဘာသိ ဖော်ထုတ် နိုင်ခဲ့သည်။
ဇန်န၀ါရီလ ၂ ရက် ၂၀၀၉ ခုနှစ်တွင် ကိုဗိုလ်မင်းယုကို သတင်းအား Fredom News Group မှ စတင် ဖော်ပြ ခဲ့ပြီးနောက် နိုင်ငံတကာသတင်းမီဒီယာ များဖြစ်သည့် အေပီ၊အေအက်(ဖ)ပီ ၊နယူးယောက် တိုင်းမ်၊ဂါးဒီးယန်းတို့ တွင် ပါရှိလာခဲ့သည်။
အသက် အရွယ်နှင့် မမျှ အောင် ထောင်ချတတ်သည့် မြန်မာ စစ်အာဏာရှင် တို့ ၏ စရိုက်
ဆိုးကို Freedom News Group မှ တစ်နှစ်တာ အတွင်း အထူးခြား ဆုံး သတင်း အဖြစ်ဖေါ်ပြလိုက်ရပါသည်။
