၃ ဇန်န၀ါရီ နေပြည်တော် ၊ ၊ညွှန့် သက်ထားဦး
Junta Hikes Salaries Ahead of Election
လစာကျပ် သောင်းငါးထောင်မှ လစာ ကျပ် ရှစ်သောင်း အတွင်းရရှိသည့် အစိုးရ
ဝန်ထမ်းများ အားယခုနှစ် ဘဏ္ဍရေး နှစ် အစဖြစ်သည့် ဧပြီလ ၁ ရက်နေ့ 
မှ စ၍ လစာ နှစ်ဆ တိုးပေးတော့ မည် ဖြစ်ကြောင်း နှစ်ဆန်းပိုင်းမှ စ၍ နေပြည်တော်
အစိုးရ ၀န်ထမ်း သတင်းရပ်ကွက် တွင် သတင်းများ ထွက်ပေါ်နေသည်။
ထိုသို့ အစိုးရ၀န်ထမ်းများအား လစာတိုးပေးခြင်းသည် ယခုနှစ်ထဲတွင် ကျင်းပတော့
မည့် ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးခြင်းသာဖြစ်ကြောင်း ပညာရေး ၀န်ကြီး
ဌာန မှ အဆင့်မြင့် ၀န်ထမ်းတစ်ဦးက Freedom News Group သို့ ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်ကိုင် တပ်ဖွဲ့ များမပါ အစိုးရ၀န်ထမ်းပေါင်း နှစ်သန်းနီးပါးရှိ
ရာ လစာတိုးပေးပါက ထိုလူဦးရေ နှစ်သန်း နှင့် ၎င်း တို့ ကိုမှီခိုနေသူများကို အလိုအလျှောက်
မဲဆွယ်စည်းရုံးပြီးသား ဖြစ်သွားမည် ဖြစ်သည်။
ဆေးသုတေသန ဦးစီးဌာန မှ ၀န်ထမ်းတစ်ဦးကမူ “သူတို့ လစာတိုးပေးတာလောက်
နဲ့ သူတို့ ဘက်ကို မဲဆွယ်လာအောင် စွဲဆောင်လို့ မရဘူး၊လစာတိုးပေးရင်လဲ ပိုက်ဆံ
တော့ ယူထားလိုက်မယ် ၊ဒါပေမယ့် ကိုယ် ကြိုက်တဲ့ဘက်ပဲ မဲထည့်မယ် ”ဟုပြောသည်။
မြန်မာနိုင်ငံ တွင် စစ်အုပ်စုအာဏာရယူချိန်မှ စပြီး အစိုးရ၀န်ထမ်းများအား လစာ ငါး
ကြိမ် တိုးမြင့်ပေးခဲ့ပြီး ဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် နောက်ဆုံးအကြိမ် တိုးမြင့်ပေးခဲ့ရာ လက်
နက်ကိုင်တပ်ဖွဲ့ များမှာ လစာ ငါးဆမျှ တိုးမြှင့်ခံစားခဲ့ရသည်။
စစ်အစိုးရ ၀န်ထမ်းများ လစာ တိုးမြှင့် ပေးမည့် ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့ ရှိ
ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုမှ အစိုးရ ၀န်ထမ်းတစ်ဦးက “သူတို့  ပိုက်ဆံကို စိတ်ကြိုက်
ရိုက်ပြီးလစာ တိုးလို့ ရတယ်လေ ၊ကျွန်တော်တို့ က ဒီနှစ် လုံးဝစီးပွားရေးမကောင်းရတဲ့
အထဲ လိုက်တိုးပေးရမယ် ဆိုတာ ကျတော့ အရမ်းခက်တယ် “ဟု လက်ရှိအခြအနေကို
ရှင်းပြသည်။
