၇ ဇန်န၀ါရီ ရန်ကုန် ၊ ၊ယူကွန်
Moonlight Shadow of Internet Freedom

အသစ်ဖွင့်လှစ် လိုက်သည့် အင်တာနက် ဆားဗစ် ပရိုဗိုက်ဒါ(ISP) တစ်ခုဖြစ်သည့်
ရတနာ ပုံ ဆိုက်ဘာ စီတီး တွင် အသုံးပြုသော Apache Server ကို တပ်ဆင်ပေး
နေသည့် ရုရှား ကုမ္ပဏီ တစ်ခု ဖြစ်သော CBOSS ကုမ္ပဏီ မှ နည်းပညာ ဆိုင်ရာ ချို့ 
ယွင်းချက်များကြောင့် ဆာဆင် ဖြတ်တောက် နိုင်သော ဆော့ဖ်ဝဲ များ အလုပ်မလုပ်
ကာ ပြည်တွင်းမှ နေ၍ ပြည်ပ ရှိ ၀ဘ်ဆိုတ် နှင့် ဘလောက်များ အကုန် ကြည့်ရှု နိုင်
သည် ဟု ဆိုသည်။
ယခင်က ပိတ်ပင်ထားရှိသော blogspot ဆိုက်များကို ပြန်လည်ကြည့်ရှုနိုင်သည့်
အကြောင်း နှင့် ပတ်သက်၍ KMD ကွန်ပျုတာ သင်တန်းကျောင်းမှ သင်တန်းဆရာ
တစ်ဦးက “အခု ဘလောက်စပေါ့ တွေ ပြည်ကြည့်လို့ ရပြီ ယူတုဘ် ရောပဲ မြန်မာတယ်
လီပို့ က ဂြိုလ်တု ရီဆီဗာ ကို ရတနာပုံ ရွှေ့နေတဲ့ အချိန် မှာ တစ်ချို့ ဆော့ဖ်ဝဲတွေက
ရပ်ထားရတယ်ကြားတယ်။ဒါပေမယ့် ခဏ ပဲ ဖြစ်မယ်ထင်တယ် “ဟုပြောသည်။
ကျင်းပပြီးစီးခဲ့သည့် ရှစ်ကြိမ်မြောက် အိုင်စီတီ ရက်သတ္တပတ် ပွဲတော်သို့ သွားရောက်
ခဲ့သည့် ကွန်ပျူတာ ကုမ္ပဏီ တစ်ခုမှ ၀န်ထမ်းတစ်ဦးက “ရတနာပုံ ဆိုင်ဘာ စီတီးက ရုရှား
က သင်တန်းဆင်းလာတဲ့ ဗိုလ်လောင်းတွေပဲ နည်းပညာ ပိုင်းကို ခန့် ခွဲတာ အပြင်လူလုံး
ဝမပါဘူး ဒီလ နောက် ဆုံးထားပြီး တစ်နိုင်ငံလုံး အင်တာနက် ပေးတာကို ဒီက ဖြန့် မယ်။
အခု ဘလောက်စပေါ့ တော့ ကြည့်လို့ ရတယ် ဒါပေမယ့် ကွန်နက်ရှင်က ပိုတောင်နှေးနေ
သေးတယ် “ဟု ပြောသည်။
မြန်မာ စစ်အစိုးရသည် ပြည်တွင်းမှ အင်တာနက် သုံးစွဲသူများ နိုင်ငံတကာရှိ မည်သည့် ၀ဘ်ဆိုက်များကို ကြည့်ရှုမှု အများဆုံး ဖြစ်သည်ကို ဆာဗေး လုပ်ချင်သည့် အခါတွင် အင်တာနက် သုံးစွဲခွင့် ကို သီတင်းတစ်ပတ်ခန့် အကြာလွှတ်ပေးထားတတ်သည့် အကျင့်
မျိုး ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့် ရှိစဉ် ကတည်းက အသုံးပြုသည်။

အဲဒီဆင်ဆာလုပ်တဲ့ရုရှားတွေကိုပြောပေးပါ။ရေတစ်ခွက်ဟာသောက်သုံးတဲ့သူအပေါ်
မူတည်ပြီးဆေးဖြစ်နိုင်သလို၊အဆိပ်လည်းဖြစ်နိုင်ပါတယ်။အင်တာနက်မှာတင်ထားတာကရေအဆင့်ပါ။ဘာမှဖြတ်တောက်စရာမရှိပါဘူးလို့ ၊ရုရှားစကားနဲ့လည်းကုသိုလ်ဖြစ်ရှင်းပြပေးပါ။အများကိုပိတ်ပင်ပြီးနောက်မှခွေထုတ်/စာအုပ်ထုတ်စားယင်ဒီကိစ္စမှာပါဝင်သူအားလုံးရဲ့သားသမီးမြေးနဲ့ကာယကံရှင်တွေကိုယ်တိုင် မျက်စေ့၊နားပါးစပ်နဲ့ကိုယ်လက်အင်္ဂါတွေ ချို့ ယွင်းတတ်တယ်၊မစုံမလင်မွေးတတ်တယ်၊စုံလင်ခဲ့ယင်လည်း။အကြောင်းအမျိုးမျိုးကြောင့်ပျက်စီးတတ်တယ်။မယားနဲ့သားသမီးတွေဈေးသွားရင်းမျက်နှာကို၊ဓါးနဲ့အလှီးခံရတတ်တယ်၊ကိုယ်တိုင်လည်းဓါတ်ဆီနဲ့ပက်ခံရပြီးမီးခြစ်လက်ဆောင်အပေးခံရတတ်တယ်လို့ ရုရှားလိုရှင်းပြပေးလိုက်ပါ။
ရု၇ှားဖြစ်ဖြစ်၊တရုပ်ဖြစ်ဖြစ် ဆရာစားတော့ချန်မှာပဲ၊သူတို့ နဲ့ မတိုက်ဆိုင်တဲ့အချိန်တွေမှာကိုင်ဘို့ အကွက်ကတော့ချန်မှာပဲ၊သူတို့ရဲ့စေတနာကို၅၀%ထက်တော့ကျော်ပြီးမျှော်လင့်ချက်မထားဘို့ တော့လိုလိမ့်မယ်၊ကိုယ့်အားကိုယ်ကိုးပြီးတိုင်းပြည်အတွက်စစ်မှန်တဲ့စေတနာကိုမွေးမြူနိုင်ကြပါစေ။
စီးပွားရေးသမားရဲ့လက်ကိုင်တဲ့အ၀ှါမဖြစ်ကြပါစေနဲ့။
မရပါဘူး၊ပိတ်ထားမြဲပါ၊ဒို့ နိုင်ငံသမိုင်းတစ်လျှောက်မှာ၊အုပ်ချုပ်သူထံက အခွင့်အရေး ရလိုရငြား ဖော်လံဖါးပြီး အုပ်ချုပ်သူအစိုးရနဲ့ အုပ်ချုပ်ခံပြည်သူတွေကိုနားလည်မှုလွဲသည်ထက်လွဲအောင်ညာဝါးရေးသားတောင်းစားတဲ့မီဒီယာတွေနဲ့ သတင်းမှောင်ချချင်တဲ့ဘလော့ကါတွေကတရားခံအစစ်တွေပဲ။အစိုးရဆိုတာမိဘကွ၊သားသမီးတွေကောင်းတာပဲမြင်ချင်တာပေါ့၊မင်းတို့ က၀က်ဆိုက်တွေကိုလျှောက်ဘန်းထားတာကိုး၊လူငယ်တွေရဲ့ သဘောကိုနားလည်အောင်မကြိုးစားပဲပိတ်ပင်မှုပြုနေတာဟာ အစိုးရကိုပေးမယ့် အနာဂတ်လူငယ်တွေရဲ့ မဲကိုဖျက်ပစ်တာပဲ။ဝက်ဆိုက်တွေဖွင့်ပေးလိုက်ပါ၊နောက်မှနောင်တမရနဲ့ ၊ဆိုးတာပယ်ပြီးကောင်းတာယူဘို့ ကသူတို့ တာဝန်ပဲ။
???