၆ ဇန်န၀ါရီ ဘော်စတွန် ၊ ၊သီရီထက်
Int ‘ l Women Fashion Trend

ဆယ်စု နှစ် တစ်ခု ပြောင်းတိုင်း နိုင်ငံတကာမှာ တော့ ဖက်ရှင် ရေစီကြောင်းဟာ ဂ ငယ်ကွေ့  ကွေ့ သလို ပြောင်းလဲတတ်သွားပါတယ်။ကမ္ဘာ့ ဖက်ရှင် ရေစီးကြောင်းကို
လွှမ်းမိုးထား နိုင်တဲ့ Paris Fashion Week , London Fashion Week , New York
Fashion Week တွေ ရဲ့  Fall နဲ့  Autumn ရှိုးတွေ မှာ နောက်နှစ် ခောတ်စားလာမယ့်
ဖက်ရှင် တွေ့ ကို တွေ့ နိုင်ပါတယ်။
ကမ္ဘာတစ်လွှားမှာ လူကြိုက်များတဲ့ FTV(Fashion TV) က တော့ ၂၀၁၀ မှာ အနီနဲ့  အနက် စပ်ထားတဲ့ ဖက်ရှင် နွေရာသီ မှာ ဆို အ၀ါ နဲ့ အနက်စပ်ထားတဲ့ ကာလာတွေ
လူကြိုက်များမယ်လို့ ဆိုပါတယ်။ In Style မဂ္ဂဇင်း ရဲ့ ဖက်ရှင် ဂုရုက တော့ အသားကပ်
ဘောင်းဘီ လို့ ခေါ်တဲ့ Tight Pant အရှည်၊အပေါ်က ကုတ်အရှည် နဲ့  လည်ရှည် သား
ရေဖိနပ် ဖက်ရှင် တွေ ခောတ်စား မယ့် နှစ် လို့ သုံးသပ်ထားပါတယ်။

လာမယ့် ကမ္ဘာ့ ဖလား ဘောလုံးပွဲမှာ ၀တ်ဖို့ အတွက် လည်း အင်္ဂလန် ဘောလုံးကတော်
များက နာမည် ကျော် ဖက်ရှင် ဒီဇိုင်များ ဆီ အလုအယက် အပ်နှံနေကြတယ့် ဖက်ရှင် ဒီဇိုင်း ကတော့ ပုံမှာတွေ့ ရတဲ့ အတိုင်း အဆိုတော် ဘီယွန်ဆေး အမ်တီဗွီ ဆုပေးပွဲမှာ
ဝတ်ဆင်ခဲ့တဲ့ အနီရောင် စကတ် ဖက်ရှင် ဖြစ်ပါတယ်။
နွေရာသီမှာ တော့ လူလတ်ပိုင်း အမျိုးသမီး ငယ်များက အပေါ်အောက် တစ်ဆက်တည်း
ဖက်ရှင် တွေ ကို ပိုရွေးချယ်ကြလိမ့် မယ်လို့ In Style ရဲ့  ဖက်ရှင် ကဏ္ဍ မှာ သုံးသပ်ထား
ပါတယ်။
ဧည့် ခံပွဲ တွေမှာ တော့ အမျိုးသမီးတွေဟာ ရင်သားပေါ်ဖက်ရှင်တွေ ၀တ်မြဲတိုင်း ၀တ်ဆင် အုံး
မှာ ဖြစ်ပြီး လည်ပင်း မှာ အရင်လို ဘယက်နဲ့  ကျောက်မျက်ရတနာ တွေ ဆွဲတာ နည်းသွားပြီး
လက်ကောက် ၀တ်မှာ ပို အရေးပါလာတဲ့ ၀တ်စားမှု တွေ ပြုမှာ ဖြစ်ပါတယ်။




