လှိုဏ်ခေါင်းသတင်းပေါက်ကြားမှု သေဒဏ်ချမှတ်(သတင်း ဆောင်းပါး)

Burmese whistle-blowers sentenced to death – BBC source

Freedom News Group

နေပြည်တော်ရှိဥမင်လှိုဏ်ခေါင်း Photo:BBC

မြန်မာ စစ်တပ်မှ့  မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်နေသည့် ဥမင်လှိုဏ်
ခေါင်း  သတင်းနှင့် အခြားအရေးကြီးအချက်အလက်များပေါက်ကြားမှု ဖြင့်ဖမ်းဆီးထိန်းသိမ်းထားသည့် ဗိုလ်မှုး ၀င်းနိုင်ကျော် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဥရောပရေးရာဌာနမှ ကိုသူရကျော် တို့ အား ဇန်န၀ါရီလ ၆ ရက်နေ့ က မြောက်ပိုင်းခရိုင်တရားရုံးက သေဒဏ် အမိန့် ချမှတ်လိုက်သည် ဟု သေဒဏ် နှင့် ထောင်ဒဏ် ချမှတ်လိုက်သည် ဟု လန်ဒန်မှ လာသည့် ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုသတင်းပေါက်ကြားမှု အမှုတွဲတွင် ပါသက်သူ နောက်ထပ်တစ်ဦးဖြစ်သည့် နိုင်ငံခြား
ရေးဝန်ကြီးဌာန မှ ကိုပျံစိန်ကိုမူ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်သည် ။သတင်းပေါက်
ကြားမှု ဖြင့် သေဒဏ် ၊ထောင်ဒဏ် ချမှတ်ခြင်းခံရသူများသည် မြန်မာ စစ်အစိုးရ ခေါင်းေ
ဆာင်များ၏ ရုရှား နှင့် မြောက်ကိုရီးယား နိုင်ငံခရီးစဉ်များတွင် လက်နက်ဝယ်ယူမှု၊လှို့ ဝှက်
ဓာတ်ပေါင်းဖို နှင့် ဥမင်လှိုဏ်ခေါင်းတည် ဆောက်နေမှု သတင်းများပေါက်ကြားမှု ကြောင့်
ဖမ်းဆီးခံရပြီး သေဒဏ် အပြစ်ပေးခံရခြင်းဖြစ်သည်။

၎င်းတို့ ၏ အတွင်းရေးသတင်းများကို အမြဲတမ်း လှို့ ဝှက်ထားတတ်သည့် မြန်မာစစ်အစိုးရ၏ ရေငုံနှုတ်ပိတ်ကိစ္စများသည် ၂၀၀၉ ခုနှစ်ထဲတွင်  နိုင်ငံခြားသတင်းဌာနများထံရောက်ရှိခဲ့သည်။

ပြည်တွင်း နိုင်ငံရေးလေ့လာ သူ တစ်ဦးကမူ “စစ်တပ်က မနေ့ က DVB သတင်းထောက်
ကို ထောင်ဒဏ် အနှစ် နှစ်ဆယ် ချတယ်။ဒီနေ့  ဗိုလ်မှုးဝင်းနိုင်ကျော်တို့ ကိုသေဒဏ်ချတယ် နောက် ပြီးခဲ့တဲ့ စက်တင်ဘာ က ဖမ်းထားတယ့် လှုပ်ရှားတက်ကြွသူ
တွေ ကို ထောင်ချတယ် ဒါ ၂၀၁၀ ကိုကြိုပြင်နေတာပဲ ။လာမလုပ်နဲ့  တစ်သက်စာနားသွားမယ့် ပေါ့ ။ဒီသဘောပဲ “ဟု သူ၏ အမြင် ကို Freedom News Group သို့ ပြောသည်။

နိုင်ငံတော်၏ လှို့ ဝှက်ချက် ပေါက်ကြားမှု သည် သေဒဏ် အပြစ်ပေးနိုင်သည် ဟု မြန်မာ
အစိုးရ အဆက်အဆက် ၏ ဥပဒေတွင် ဖော်ပြထားသည်။

လက်ရှိ မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏ လက်ထက်တွင် ထိပ်တန်းလှို့ ဝှက်ပေါက်ကြားမှု များကို ယခုကဲ့သို့  တရားရုံး အမိန့် ဖြင့်သေဒဏ်ချမှတ်သော် လည်း
စစ်အာဏာရှင် ဟောင်း ဦးနေ၀င်းလက်ထက် ကမူ တစ်ခါတည်း လက်စဖျောက် ပစ်သည်။

၁၉၇၂ ခုနှစ်တွင် လှို့ ဝှက်သတင်းပေါက်ကြားမှု ဖြင့် ရန်ကုန်မြို့ ကုန်းမြင့်ရိပ်သာ မှ တစ်ဆင့်
ရေကြည်အိုင် တွင် ဖမ်းဆီးထားသည့် စစ်ထောက်လှမ်းရေးအရာရှိ နှုတ်ခမ်းမွှေးမောင်လွင်
ခေါ် ဗိုလ်မှုးကြီး ဦးလွင်အား ဦးနေ၀င်းမှ ထောက်လှမ်းရေး အရာရှိ တစ်ဦးဖြစ်သူ ဗိုလ်မှုးသံဒိုင် အား အမိန့် ပေး၍ တစ်ခါတည်းပြစ်သတ်စေခဲ့သည်။

နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦးဖြစ်သူ ဦးသီဟ တင့်ဆွေက “ဦးချိုးနှိပ်ကွပ်
ထားခြင်းသည် မြန်မာ စစ်အာဏာရှင် တို့ ၏ အလေ့အထ ဖြစ်သည်” ဟု ပြောသည်။
ဦးသီဟတင့်ဆွေက ဆက်၍ “လက်ရှိ စစ်အာဏာရှင်သည် သေဒဏ် အပြစ်ပေးသော်
လည်းကြိုးမိန့် မရှိကြောင်း သို့ သော်လည်း ၂၀၀၈ ဖွဲ့ စည်းပုံ အသက်ဝင် သွားသည့် အခါ
သေဒဏ် အပြစ်ပေးခံထားရသူ များအတွက် စိုးရိမ်စရာရှိကြောင်း ထပ်လောင်း
ပြောကြားသည်။

ရံဖန်ရံခါ တွင် မူ မြန်မာ စစ်အစိုးရသည့် ကန်စွန်းရွက် ဈေးတက်သည့် သတင်းကို နိုင်ငံခြား
သတင်းဌာန များအား ပြောမိသူ ကို လည်းလှို့ ဝှက် သတင်းပေါက်ကြားမှု ဖြင့်တရားစွဲ
ထောင်ချတတ်သည်။