မြန်မာ နိုင်ငံမှာ လည်း သုံးလို့ ရတဲ့ ဂူဂဲ ရဲ့ Nexus One

၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ မှာ အင်တာနက် ဂျိုင်းယင့် ကြီး ဂူဂဲက ဆိုင်ဘာနယ်က နေခြေဆန့် ကာ မိုဘိုင်း စမတ်ဖုန်းဆက်သွယ်ရေး လောက ထဲကိုဝင်ရောက်
လာခဲ့ပါ တယ်။

နက်ဆပ် တစ် လို့ အမည် ရတဲ့ ဂူဂဲ ရဲ့ စမတ် ဖုန်းက အဲပလ် ကုမ္ပဏီက ထုတ်လုပ်ထားတဲ့
အိုင်ဖုံး ရဲ့  လူကြိုက်များမှု နဲ့  ဈေးကွက်ဝေစု ကိုယှဉ်ပြိုင်နိုင်ပါ့ မလားဆိုတာက တော့ သံသယရှိစရာ ဖြစ်ပါတယ်။

နက်ဆပ်က ဂူဂဲ ရဲ့  Android Open Source Operating System ကိုအသုံးပြုထားတာ ဟာ တခြားမိုဘိုင်း ဟန်းဆက်တွေထက် နည်းပညာ အလွန်မြင်မားပြီး သူ့ ကို ဆက်သွယ်
စရာ တယ်လီဖုန်းတစ်ခု အဖြစ်သာ မဟုတ်ပဲ သင့်ရဲ့ ကွန်ပျူတာ လက်တော့ပ် တစ်လုံးလို
ပါ သူ့ ကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။

အင်တာနက် နဲ့  မိုဘိုင်းဆက်သွယ်ရေး နှစ်မျိုးလုံးကို တစ်ချိန်တည်း မှာ အသုံးပြုနိုင်ပါ
တယ်။နက်ဆပ် တစ်ကို အမေရိကန် နိုင်ငံမှာတော့ T-Mobile ဆက်သွယ်ရေး ကွန်ယက်
မှာ အသုံးပြု နိုင်ပြီး မကြာခင် လအတွင်းမှာ Verizon နဲ့  ဥရောပ မှာ တော့ Vodafone
မှာအသုံးပြု နိုင်မှာ ဖြစ်ပါတယ်။

ဂူဂဲ က သူ့ ရဲ့ နက်ဆပ် တစ် ကို GSM SIM ကဒ် အသုံးပြုတဲ့ နိုင်ငံတွေမှာပါ အသုံးပြုလို့ 
ရအောင် တီထွင်ထားပြီး ဟောင်ကောင်မှာ တော့ စတင်ရောင်းချတဲ့ နေ့ မှာပဲ ဖုန်းအလုံး
နှစ်ထောင် ကျော်ရောင်းချရပါတယ်။

GSM 850 – 900 လှိုင်းအားအသုံးပြုလို့ ရတဲ့ မြန်မာ နိုင်ငံမှာ လည်း နက်ဆပ် တစ်ကို
အသုံးပြုလို့ ရပါတယ် လို့ ဂူဂဲ က သူ့ ရဲ ၀ဘ်ဆိုတ် မှာ ဖော်ပြထားပါတယ်။

မမ်မိုရီ 512 MB ရှိပြီး ကင်မရာ 5 Megapixel အပြည့်ရှိတာ တွေဟာ iPhone ထက်

သာလွန်တဲ့ အချက် တွေ ဖြစ်ပေမယ့် အချက်အလက်သိမ်းဆည်းထား နိုင်မှုမှာ တော့
4 ဂီဂါဘိုတ် သာ ရှိသေးတဲ့ အတွက် ၃၂ GB ရှိတဲ့ iPhone ထက်စွမ်းဆောင်ရည်နိမ့်
ပါတယ်။

Face Book ,Twitter အစရှိတဲ့ Social Networking ဆိုတ်တွေ ကို နက်ဆပ် တစ်
မှာ လွယ်ကူစွာ အသုံးပြုနိုင်ပါတယ်။ဒစ်ဂျစ်တယ် သံလိုက်အိမ်မြှောင် စနစ်နဲ့  GPRS
စနစ်တွေ လည်းပါဝင်ပါတယ်။

ခရီးဆောင် အတွက် ပိုပြီး သင့်တော် တဲ့နက်ဆပ် တစ် ဟာ Touch Screen နဲ့ Voice
Command ပါဝင်တာ ကြောင့် 3Gs ဆက်သွယ်ရေး စနစ်မှာ အဆင့်အမြင့် ဆုံး နည်း
ပညာ တစ်ခု ဖြစ်ပါတယ်။

လီသီယမ် အမျိုးအစား ပိုလီမာ ဘက်ထရီကတော့ သီချင်းနားထောင်ရင် နာရီ ၂၀
ဗီဒီယို ဆိုရင် ရ နာရီ နဲ့  စကားပြောမယ် ဆိုရင် ၁၀ နာရီ ရမယ် လို့ ဆိုပါတယ်။

ဖန်သားပြင် အကျယ်ကတော့ ၃.၇ လက်မရှိပါတယ်။

အမေရိကန် နိုင်ငံတွင်းမှာတော့ T-Mobile နဲ့  နှစ်နှစ်စာချုပ် ဆိုရင် တစ်လ ကို ဒေါ်လာ
၁၇၉ ကျသင့်မှာ ဖြစ်ပါတယ်။T-Mobile နဲ့ နှစ်နှစ် စာချုပ်မှာ မိနစ် ၅၀၀ ရရှိမှာ ဖြစ်ပြီး
ညဘက် ပိုင်းနဲ့  စနေ၊တနင်္ဂနွေ နေ့ တွေ မှာ အခမဲ့ ခေါ်ဆို နိုင်မှာပါ ။ မက်ဆေ့ခ်ျက
တော့ အကန့် အသန့် မရှိ ပေးပို့ နိုင်ပါတယ်။

နက်ဆပ် တစ်ဟာ ဂူးဂဲ ရဲ့ ဒီဇိုင်း နဲ့ ဆော့ဖ်ဝဲ ကို အသုံးပြုထားပြီး ဟန်းဆက်ကိုတော့
ထိုင်ဝမ် နိုင်ငံက HTC ကုမ္ပဏီက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။