နှစ်နှစ်ရာ အတွင်းအင်အားပြင်းထန် လွန်းသောငလျှင် ကြောင့် ဟေတီ နိုင်ငံ ကမ္ဘာ နှင့် အဆက်အသွယ်ပြတ်

ကာရစ်ဘီယံ ကျွန်းနိုင်ငံ တစ်ခုဖြစ်တဲ့ ဟေတီ နိုင်ငံမှာ ဒေသစံတော်ချိန် အင်္ဂါနေ့ ညနေ ပိုင်းက လှုပ်သွားတဲ့ ငလျှင် ကြောင့် လျှပ်စစ်ဓာတ်အားအပါအ၀င် တယ်လီဖုန်း ဆက်သွယ်
ရေးလိုင်းတွေပါ ပြတ်တောက်ခဲ့ရလို့ ဒီကျွန်းနိုင်ငံလေးဟာ ကမ္ဘာ နဲ့ အဆက်အသွယ် ပြတ်
သွားခဲ့ရတယ် လို့ CBS သတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံရဲ့ လူသိများလှ တဲ့ မြို့ ဖြစ်တဲ့ ပို့ အော်ပရင့်မှာ ဆိုရင် ပြင်းအား ခုနှစ် အဆင့်ရှိတဲ့ ငလျှင် လှုပ်ပြီးတဲ့ နောက်မှာ တစ်မြို့ လုံး ဖုန်လုံးကြီးတွေ လိပ်တက်လာပြီး တိုက်တာ
အိုးအိမ်ခြံမြေတွေ လည်း ပြိုကျပျက်စီးကုန်တယ် လို့ မသေကောင်းမပျောက်ကောင်း ကျန်ခဲ့တဲ့ ဟေတီနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက စီအန်အန် သတင်းဌာန ကို ပြောပါတယ်။

ဒီညနေ လှုပ်ခတ် သွားတဲ့ ငလျှင်ဟာ နှစ် ပေါင်း နှစ်ရာ အတွင်းမှာ အဆိုးရွားဆုံးငလျှင် ဖြစ်တယ် လို့ လည်း နိုင်ငံတကာဘူမိလေ့လာရေး အဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။
ဟေတီ ဟာ သူ့ ရဲ့ သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံးနဲ့ ရင်ဆိုင်နေရပြီး သူတို့ နိုင်ငံ
သားတွေဟာ ဒုက္ခကိုယ်စီရောက်နေတဲ့ အတွက် သူတို့ နိုင်ငံက သတင်းထောက်တွေ
အကူအညီ ပေးရေး ၀န်ထမ်းတွေ ကိုယ်တိုင်တောင် ဘာတာဝန် မှ မထမ်းဆောင် နိုင်
လောက်အောက် ကို အပျက်အစီး တွေ ကြားထဲမှာ ပိတ်မိနေတယ် လို့ အမေရိကန်
သံအမတ်ကြီးက ပြောပါတယ်။

ကပ်ဘေး ဆိုက်နေတဲ့ ဟေတီ နိုင်ငံ ကို အမေရိကန် ၊ကုလ ၊ဘရာဇီလ်း နဲ့ ကျန် တဲ့
ကမ္ဘာ့ နိုင်ငံတွေ က အရေးပေါ်အကူအညီ တွေ ချက်ခြင်းပို့ ပေးမှာ ဖြစ်ပါတယ်။

အင်းအားပြင်းထန်တဲ့ ငလျှင်ဟာ ကာရစ်ဘီယံ ပင်လယ် ထဲထိ ဆက်လက်လှုပ်ခတ်
သွားပေမယ့် စုနမိ ဖြစ်ပေါ်မယ့် အန္တရာယ် မရှိတာ ကြောင့် ကျူးဘား နဲ့ ဒိုမီနီကန်
ရီပတ်ဘလစ် နိုင်ငံတွေဟာ စုနမိ ဒဏ်ခံရမှု က လွတ်မြောက်ခဲ့ပါတယ်။

ဟေတီ နိုင်ငံဟာ ဖွံ့ ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံထဲမှာ ပါဝင်ပြီး အခု လိုများ
ပြားလှတဲ့ ပျက်စီးဆုံးရှုံး မှုတွေ ကို ခံစားရတဲ့ ပြည်သူ တွေ အနေနဲ့ အရေးပေါ်
အကူအညီ တွေ လချက်ခြင်းရောက်မလာ ခဲ့ဘူးဆိုရင် ပြည်သူ တွေ  အသက်

အန္တရာယ် ဆုံးရှုံူးမှု တွေ ဖြစ်ပေါ် နိုင်တယ် လို နိုင်ငံတကာ အကူအညီပေးရေး
အဖွဲ့ တွေ က သတင်းထုတ်ပြန်ထားပါတယ်။