ပိုတော်ပရင့်စ် သို့ နိုင်ငံတကာ အကူအညီ များရောက်ရှိ

၁၄ ပို့ တော်ပရင့်စ် ၊                          ၊Freedom News Group

Freedom News Group သတင်းထောက် လှမြင့် ပို့ တော်ပရင့်စ် မှ သတင်းပေးပို့ သည်။
Donate To Haiti (American Red Cross)

အမေရိကန် သမ္မတ အိုဘားမားက ဟေတီပြည်သူတွေ ဇွဲမလျှော့ကြနဲ့  ဖြစ်နိုင်သမျှ အကူအညီ တွေ အားလုံးပေးသွားမယ် လို့ ရေဒီယို မိန့် ခွန်းမှာ ပြောဆိုသွားပြီး ဟေတီ
ပြည်သူတွေ အတွက် ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့သွားမယ်လို့ ကြေညာခဲ့ပေမယ့်
ဟေတီ ပြည်သူတွေ က မပျော်နိုင်ရှာ ကြပါဘူး။

မြို့ တော်ပို့ တော်ပရင့်စ် ရဲ့ လမ်းတွေမှာ ဆိုရင် အလောင်းတွေက မြင်မကောင်းအောင်ပျံ့ ကျဲနေပြီး အော်သံ၊ငိုရှိုက်သံ နဲ့  ညည်းတွားရှိုက်သံတွေ ဟာ နိုင်ငံစုံက လာရောက်
ကြတဲ့ အကူအညီ ပေးရေး အဖွဲ့ တွေကို ကြိုဆိုနေသလိုပါပဲ ။သမ္မတ နန်းတော်ပါ ပြို
ကျခဲ့လို့  သမ္မတကိုယ်တိုင် တောင် အိပ်စရာ နေစရာ မရှိတော့ လောက် အောက် အတိဒုက္ခကြုံခဲ့တဲ့ ဟေတီ နိုင်ငံသားတွေ ဟာ သောက်သုံးရေ နဲ့ စားသောက်ဖွယ်ရာ တွေလည်း ပြတ်လတ်ခဲ့ရပါတယ်။

ပို့ တော်ပရင့် အနီးက ရှန်တီ မြို့ ကလေးမှာ ဆိုရင် အိမ်တစ်ခုလုံးပြိုကျသွား လို့ နေစရာ မရှိ တော့ တဲ့ ဇလာဖာရာ တို့ မိသားစု ဟာ လမ်းမပေါ်မှာ ပဲ အိပ်စက်ရတယ် လို့ ဆိုပါ
တယ်။မြိုတော်ရဲ့ အလှပဆုံး ဟိုတယ် တစ်ခုဖြစ်တဲ့ ဟိုတယ် မွန်တားနား ဟာ အခု
ဆိုရင် ပျိုကျက်စီးသွားတဲ့ အုတ်ပုံ တစ်ခု အဖြစ်သာ မြင်ရတော့မှာ ဖြစ်ပါတယ်။ဒီဟိုတယ်
ထဲမှာ ရှိတဲ့ လူနှစ်ယောက် လည်း ပျောက်ဆုံးနေပါတယ်။အများစုက တော့ ပြင်သစ်နိုင်
ငံက ကမ္ဘာလှည့် ခရီးသွားတွေ ဖြစ်ပါတယ်။

ငလျှင်ဒဏ် ကြောင့်လူတစ်သိန်းကျော် သေဆုံးခဲ့ရတဲ့ ဟေတီ နိုင်ငံ ကို နိုင်ငံတကာက
အကူအညီ တွေ ဆက်တိုက်ပို့ ပေးနေမယ့် သေးငယ်လွန်းလှတဲ့ ဟေတီ နိုင်ငံရဲ့ လေဆိပ်
ပြေးလမ်း တွေ ကြောင့် ထောက်ပံ့ ပို့ ဆောင်ရေး လုပ်ငန်း တွေ အချိန် နဲ့ တပြေးညီ မလုပ်
ဆောင် နိုင်ကြပါဘူး။

အမေရိကန်က စားနပ်ရိက္ခာတွေ တင်ဆောင်လာတဲ့ C 130 ကုန်တင် လေယာဉ်တွေ ဟာ
လေဆိပ် ကို ဆင်းနိုင်ဖို့ အတွက် အချိန် သုံးနာ ရီလောက် ယူကြရပါတယ်။

ယခင်ပြင်သစ် ကိုလိုနီ လက်ထက်ကတည်းက ရှိခဲ့တဲ့ အကျဉ်းထောင် ဟောင်းကြီးက
တော့ ငလျှင် ဒဏ်ကြောင့် အဆောက်အဦး အစိတ်အပိုင်း အချို့ ပြိုကျခဲ့ပြီး နှစ်ရှည် ထောင်
ဒဏ်ကျခံရတဲ့ အကျဉ်းသား အချို့ လည်းလွတ်မြောက် ထွက်ပြေးကုန် ပါတယ်။

မြို့ တော်မှာ တော့ ခိုးဆိုးလုယက်မှု တွေ  ရှိနေပြီး အများစုက တော့ စားစရာမရှိ လို့ လုယက်ကြခြင်း ဖြစ်ပြီး အချို့ကတော့ အုပ်ချုပ်ရေး ပျက်ပြားနေတဲ့ အချိန် မှာ အခွင့်
ကောင်း ယူပြီးတောကြောင် ထတာ ဖြစ်ပါတယ်။

ဟေတီသမ္မတ နှင့် ဒိုမီနီကန် ရီပတ်ဘလစ်ခေါင်းဆောင်အားတွေ့ ရစဉ် ဓာတ်ပုံ-အေပီ

ပို့ တော်ပရင့်စ် လမ်းတွေ မှာ ဆို ပိုင်ရှင်မဲ့ အလောင်းတွေ က ပြည့်နှက်နေပြီး အလောင်း
တွေ ကိုဖုံးထားတဲ့ တာပေါ်လင်စ တွေ ကို ဖွင့်ပြီး မိမိဆွေ မျိုးသားချင်း အလောင်း ကို ရှာနေ တဲ့ သူတွေက လည်းဒုနဲ့ ဒေးပါ။

ဟေတီရောက် မြန်မာ လူမျိုး အားလုံးပြန်လည် စုစည်းမှု လုပ်နေတဲ့ တယ်လီဖုန်းလိုင်းကောင်း နေတဲ့ နေရာတွေ ဆို ဆက်သွယ်လို့ လွယ်တယ်။ အခုထိတော့ အရင်သိထားသမျှ ထဲကနှစ်ယောက်လောက်ပဲ ဆက်သွယ်လို့ မရ သေးတာ လို့ ဟေတီရောက် မြန်မာ သင်္ဘော သားတစ်ဦးဖြစ်တဲ့ ကို ဒေးဗစ်က Freedom News Group ကိုပြောပါတယ်။

ငလျှင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားမှုများအား တွေ့ ရစဉ် ဓာတ်ပုံ-အယ်လအေတိုင်း

အမေရိကန် နိုင်ငံကတော့ ဟေတီ နိုင်ငံကိုပို့ ပေးမယ့် အကူအညီတွေ ကို စစ်သင်္ဘောတွေ နဲ့ ထပ်မံ ပို့ ပေးဖို့ စီစဉ်ထားပါတယ်။အခုတော့ အမေရိကန် ကြက်ခြေနီ အဖွဲ့ အပါအ၀င်
အမေရိကန် မရိန်း တပ်သား နဲ့  စစ်သား ငါးထောင် ကျော်လောက်ဟာ အကူအညီ ပေး
ရေးလုပ်ငန်းတွေ စတင်နေကြပါပြီ။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုး ဘန်ကီမွန်းက တော့ ဟေတီ နိုင်ငံဟာ ပြန်
လည် နာလန် ထူနိုင်ဖို့ အချိန် အများကြီး ယူရအုံးမယ် လို့ ပြောပါတယ်။ဟေတီ သမ္မ
တ ရီနီ ပရီဗလလ် ကတော့ အကူအညီ ပေးရေးလုပ်ငန်း တွေ မှာ သူကိုယ်တိုင်
ပါဝင်ဆောင်ရွက် လျှက်ရှိပါတယ်။

အိမ်နီးချင်း နိုင်ငံတွေ(ကာရစ်ဘီယံ) ဖြစ်တဲ့ ဒိုမီနီကန် ရီပတ်ဘလစ်၊ကျူးဘား၊ဂျာမေကာ နဲ့ ဘာဘေးဒိုး နိုင်ငံ တွေက လည်း ဟေတီ နိုင်ငံ ကို အကူအညီတွေ ပေးကြပါတယ်။