၁၅ ဇန်န၀ါရီ ရန်ကုန် ၊ ၊ဟိန်းခိုင်ထွန်း
First Burmese Women Aviator Fly in the Sky

Air Bgan လေကြောင်းလိုင်းက တွင် မြန်မာ နိုင်ငံ၏ ပထမ ဦးဆုံးအမျိုးသမီး လေယာဉ်မှုးနှစ်ဦးအား ပထမတန်း လေယာဉ်မှုးများ ဖြင့် စတင်တာဝန်ပေးကာပျံသန်းမှု အစီအစဉ် များတွင် စတင် တာဝန် ပေးတော့ မည် ဖြစ်ကြောင်း သတင်း
ရရှိသည်။
မလေးရှား နိုင်ငံတွင် နှစ်နှစ်ကြာ လေယာဉ် မှုး သင်တန်းပြီးဆုံး၍ Air Bagan တွင်
တာဝန်ထမ်းဆောင်နေ သည့် အမျိုးသမီး လေယာဉ်မှုး နှစ်ဦးမှာ မနှင်းဦးဝေ နှင့်
မမေချိုဝင်း တို့ ဖြစ်သည်။
၎င်းတို့ နှစ်ဦး သည် သင်တန်းဆင်းပြီးစ ကနဦး တွင် ပထမတန်း လေယာဉ်မှုးများ
အဖြစ် စတင်တာဝန် ထမ်းဆောင် ရမည် ဖြစ်သော်လည်း ပျံသန်းချိန် ပြည့်မှီပါက
နိုင်ငံတကာ လေကြောင်းပျံသန်းမှု ဆိုင်ရာ အုပ်ချုပ်ရေး ဘုဒ်အဖွဲ့ ၏ စံနှုန်းများ နှင့်
အညီ အကြီးတန်း လေယာဉ်မှုးများ အဖြစ်စတင် တာဝန် ထမ်းဆောင်ရမည်ဖြစ်သည်။
ပထမတန်း လေယာဉ်မှုး အဖြစ်စတင် တာဝန်ထမ်း ဆောင်နေပြီ ဖြစ်သည့် မနှင်း
ဦးဝေ သည် အထက ၂ လသာ မှ ဆယ်တန်းအောင်မြင်ပြီးနောက် ဒဂုံတက္ကသိုလ်
တွင် နိုင်ငံတကာ ဆက်ဆံရေးဘာသာ ရပ်ဖြင့် ဘွဲ့ ရရှိခဲ့သူ တစ်ယောက်ဖြစ်ကာ
မလေးရှား နိုင်ငံ Integrated Aviation Academy မှ သင်တန်းပြီးမြောက်ခဲ့သူ
တစ်ဦး ဖြစ်သည်။
မြန်မာ နိုင်ငံ ၏ ပထမဦး ဆုံး အမျိုးသမီး လေယာဉ်မှုးများ ပေါ်ထွက်လာခြင်း
နှင့် ပတ်သက်၍ အသက် ၈၄နှစ် အရွယ်ရှိ အမျိုးသမီး ဆရာ ၀န် ဒေါက်တာ
ဒေါ်ကြည်ကြည်က “မြန်မာ အမျိုးသမီးများ ယခု ကဲ့သို့ ကမ္ဘာ နှင့် ရင်ဘောင်
တန်း နိုင်ပြီး သူရ ၊သတ္တိ နှင့် စွန့် လွှတ်စွန့် စား အလုပ်များကို လုပ်ကိုင် နိုင်
ခြင်း အတွက် ကြိုဆိုရမည် ဖြစ်ကြောင်း Freedom News Group သို့ ပြောသည်။
၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးပြီးနောက် နိုင်ငံတကာ ၏ စီးပွားရေး ပိတ်ဆို့ မှု
များကြောင့် နိုင်ငံတကာ ပြေးဆွဲမှု ခရီးစဉ်များ ကို ပြန်လည် ရပ်ဆိုင်းခဲ့ရသည်။
Air Bagan လေကြောင်းလိုင်းသည် လက်ရှိ တွင် ခရီးစဉ် နှစ်ဆယ်ကို ပြေး
ဆွဲနေပြီး ယခု နှစ်ဆန်းတွင် ထပ်မံ၍ တရုတ်၊ကမ္ဘောဒီးယား နှင့် ထိုင်းနိုင်ငံ
များသို့ တိုးချဲ့် ပြေးဆွဲမည် ဖြစ်ကြောင်း Air Bagan မှ တာဝန်ရှိသူ တစ်ဦးက
Freedom News Group သို့ ပြောသည်။
Air Bagan လေကြောင်းလိုင်း ပိုင်ရှင် ဦးတေဇသည် မြန်မာ စစ်ခေါင်းဆောင်
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ သမက် တော်စပ်သူ ဖြစ်ပြီး Air Bagan လေကြောင်း
လိုင်း အပြင် မြန်မာ နိုင်ငံ၏ အင်အားကြီး စီးပွားရေး ကုမ္ပဏီ များ ဖြစ်သည့် Htoo Trading Company , Htoo Wood Products Company Ltd. , Myanmar Avia Export Company Ltd, Myanmar Treasure Resorts , Pavo Aircraft Leasing Company Ltd. , Pavo Trading Company Ltd., Aureum Palace Hotels & Resorts စသည့်
ကုမ္ပဏီ များကို ပိုင်ဆိုင်သူ ဖြစ်သည်။
ဦးတေဇ ပိုင်ဆိုင်သည့် Pavo Aircraft Leasing ကုမ္ပဏီသည် မြန်မာ စစ်အစိုးရ ၏
အရှေ့ ဥရောပ နှင့် ရှရုား နိုင်ငံများမှ လက်နက်များဝယ် ယူရာ တွင် ကြားခံ ဆောင်ရွက်
ပေးပြီး ကာဇက်စတန် နိုင်ငံမှ တစ်ဆင့် ငွေကြေးအလွှဲ အပြောင်း လုပ်ပေးသည့် ကုမ္ပဏီ
ဖြစ်သည်။
စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဦးတေဇသည် ၂၀၀၉ ခုနှစ်ထဲ တွင် Yangon United အမည် ရှိ ဆုကြေးစား ဘောလုံးကလပ် ကိုတည် ထောင်ခဲ့သူ တစ်ဦး ဖြစ်ပြီး
သူ၏ ကလပ်မှာ ရန်ကုန် မြို့ ခံတို့ ၏ အားပေးမှု ကို ရရှိသည်။
