ဟေတီငလျှင်ဘေး ကျော်ကြားသူများက လက်မနှေး

၁၆ ဇန်န၀ါရီ ကာလီဖိုးနီးယား ၊                     ၊Freedom News Group

Haiti: How the Stars Are Helping
Rampage in Haiti

ငလျှင်ဒဏ်ကြောင် တဖြည်းဖြည်းပြိုကျပျက်စီးနေသည့် အဆောက်အဦ

ဇန်န၀ါရီလ ၁၂ ရက်နေ့ က ကာရစ်ဘီယံ ကျွန်းနိုင်ငံ တစ်ခု ဖြစ်တဲ့ ဟေတီ နိုင်ငံမှာ
လှုပ်ခတ်သွားတဲ့ ငလျှင် ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးပြီး ဒုက္ခရောက်ခဲ့ရတဲ့ ဟေတီပြည်
သူများ အတွက် အမေရိကန် အပါအ၀င် နိုင်ငံတကာက ကျော်ကြားသူတွေ က အလှု
ငွေတွေ စတင်ထည့် ၀င်နေကြပါပြီ။

ဟေတီ နိုင်ငံရဲ့ ငလျှင်ဘေး ကယ်ဆယ်ရေး လုပ်ငန်း တွေ အတွက် စတင်ဆော်သြသူ
ကတော့ ဟေတီ နိုင်ငံဖွား နာမည်ကျော် အဆိုတော် ၀ိုင်ကလဖ် ဂျွန် ဖြစ်ပါတယ်။Hips
Don’t Lie သီချင်းကို ကိုလံဘီယန်း အဆိုတော် ရှကီးရား နဲ့ တွဲဖက်သီဆိုပြီး နာမည်ရ
လာတဲ့ ၀ိုင်ကလဖ် ဂျွန်ဟာ သူအရင် ကတည်းက ဟေတီပြည်သူ တွေ ကို ကူညီဖို့ 
တည်ထောင်ထားတဲ့ ရီလီ ဖောင်ဒေးရှင်း ကနေ အကူအညီ တွေ စတင်ပေးခဲ့ပါတယ်။

လူမှုရေး လုပ်ငန်းတွေ ကို အားသွန်ခွန်စိုက် လုပ်လေ့ရှိတဲ့ ရုပ်ရှင် သရုပ်ဆောင် အန်ဂျ
လီနာ ဂျိုလီ နဲ့ ဘရက်ပစ် တို့ ကလည်း နယ်စည်းမခြား ဆရာ ၀န်များ အဖွဲ့ ကို ဒေါ်လာ
တစ်သန်းကျော် လှုဒါန်းခဲ့ပြီး ဘရက်ပစ်ရဲ့  Not On Our Watch ဖောင်ဒေးရှင်းက နေ
အကူအညီ တွေ ဆက်ပေးသွားဖို့ အစီအစဉ်ရှိတယ်  လို့ ညူးယောက် တိုင်းမ် သတင်း
စာမှဖော်ပြထားပါတယ်။

ပေါပ်ဘုရင်မကြီး မက်ဒေါနားက လည်း ဟေတီ ပြည်သူတွေ ရေ နှင့် အစားအသောက်ရရှိ
ရေးအတွက် ဒေါ်လာ နှစ်သိန်းခွဲ လှုဒါန်းပါတယ်။

ဒီနှစ်ရွှေကမ္ဘာလုံးဆု အတွက်လျှာထားခံရတဲ့ မင်းသမီး ဆန်ဒရာ ဘူလောခ် ကတော့ နယ်
စည်းမခြား ဆရာဝန်များအဖွဲ့ ကို ဒေါ်လာ တစ်သန်းထည့်ဝင်ပါတယ်။

အလှပဂေး အမျိုးသမီး ၁၄ ယောက်နဲ့  လှို့ ဝှက်တွေ့ ဆုံမှု ရှိတယ်လို့ လတ်တလော မီဒီယာ တွေမှာ သတင်းကြီး နေတဲ့ ဂေါက်သီးရိုက် အကျော်အမော် တိုင်းဂါးဝုဒ်က
အရေးပေါ် ရွှေ့ ပြောင်းဆေးရုံ စောက်ဖို့ ဒေါ်လာ သုံးသန်း ထည့်ဝင်ပါတယ်။

ဘရာဇီးဘောလုံး အကျော်အမော် ဟောင်း လီယိုနာဒို ရဲ့  ချစ်သူဟောင်း ဖြစ်တဲ့
စူပါမော်ဒယ်(လ) ဂစ်စလီ ဘွန်ချန်းက နဲ့ နာမည်ကျော် မျက်လှည့် ပညာရှင် ဒေး
ဗစ် ဘလိန်း တို့ က အမေရိကန် ကြက်ခြေနီ အသင်းကြီးကို ဒေါ်လာ တစ်သန်း
စီထည့်ဝင်ပါတယ်။

ရေ နဲ့ အစားအသောက် တွေ လိုအပ် ဆဲ ဖြစ်ပြီး နိုင်ငံတကာ သယ်ယူပို့ ဆောင်ရေး
စနစ် မရှိသေးတဲ့ ဟေတီ နိုင်ငံ ကို နိုင်ငံတကာ က အကူအညီ တွေ ပေးချင်ပေးမယ့်
လဲ ပြိုကျနေ တဲ့ တံတားတွေ နဲ့  အပျက်အစီးတွေ ကြောင့် ပိတ်ဆို့ နေတဲ့ လမ်းတွေ
က ထောက်ပံ့မှု တွေ ကို ခရီး မတွင် ဘူး လို့  ဟေတီ နိုင်ငံ ပိုတော် ပရင့်စ်က မြန်မာလူ
မျိုး  ဦးလှမြင့်က Freedom News Group ကို ပြောပါတယ်။

အပျက်အစီး တွေ နဲ့ ပြည့်နှက်နေ တဲ့ ပိုတော် ပရင့်စ်က လေယာဉ်ကွင်းက ရာနှုန်းပြည့်
အသုံးမပြုနိုင်တာကြောင့် အမေရိကန် လေယာဉ် တင် သင်္ဘောကြီး USS Carl Vinsin
ဟာ ပိုတော် ပရင့် ပင်လယ်ဝ မှာ အခြေစိုက် ပြီး သယ်ယူပို့ ဆောင်ရေးတွေ လုပ်ပေးနေရ
ပါတယ်။
မြို့ တော် ပိုတော်ပရင့်စ် နဲ့ ရှန်တီ တောင်းမှ လုယက်မှု တွေ ၊ အုပ်စုလိုက် ဆိုးသွမ်းမှု
တွေ ရှိနေပြီး အစားအစာ ပြတ်လတ်နေတဲ့ ပြည်သူ တွေ ကတော့ အကူအညီ ပေး
ရေး ၀န်ထမ်းတွေ ဆီက အစား အသောက် တွေ ကို လုယက် ယူငင်ကြပါတယ်။

ဒုက္ခရောက်နေ တဲ့ ဟေတီ ပြည်သူတွေ ကို အကူအညီ ပေးကြတဲ့ အထဲမှာ သမ္မတ
ဟောင်းဘီလ် ကလင်တန် နဲ့ လက်ရှိ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် တို့ 
ရဲ့  သမီး ချယ်ဆီး ကလင်တန်က လည်း ဟေတီ ပြည်သူတွေ ရံပုံငွေ ရရှိရေး အတွက်
အားတိုက် အားတိုက် ပါဝင်ကူညီပါတယ်။