ရွှေပြည်အေး နှင့် မြို့မငြိမ်း နှစ် တစ်ရာ ပြည့် ကို အမျိုးသားကဇာတ်ရုံတွင် ကျင်းပ

၁၇ ဇန်န၀ါရီ ရန်ကုန် ၊                     ၊ယူကွန်

မြို့ မငြိမ်းအမှတ်တရပွဲမှ ဂျင်းနီ

ဂန္တ၀င် ဂီတစာဆိုနှစ်ဦးဖြစ်သည့် အင်္လကာ ကျော်စွာ ရွှေပြည်အေး နှင့် မြို့ မငြိမ်း နှစ်
၁၀၀ ပြည့် အခမ်းအနားကို ယနေ့ ညနေ ၆ နာရီတွင် ရန်ကုန် မြို့ မြို့ မကျောင်းလမ်းရှိ
အမျိုးသား ဇာတ်ရုံ၌ ကျင်းပခဲ့သည် ။

ထိုအခမ်းအနားတွင် နိုင်ငံကျော် ၀ါရင့် အဆိုတော်များ နှင့် ယနေ့ ခောတ်ပေါ် အဆိုတော်
များဖြစ်သည့် ကျော်ကျော်ဗို နှင့် ဂျင်းနီ တို့ နှင့် အတူ လူမင်းနှင့် စိုးမြတ်သူဇာတို့ လည်းပါ
ဝင်ခဲ့ကြသည်။

ရွှေပြည်အေး နှင့် မြို့ မငြိမ်းတို့ ၏ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် လက်မှတ် ရောင်းချကြေး
မှာ အနိမ့်ဆုံးကျပ် ၅၀၀၀ မှ အများဆုံး ကျပ် ၂၀၀၀၀ ထိဈေးပေါက်သည်။

အမျိုးသား ဇာတ်ရုံတွင် ဂီတ ဖျော်ဖြေပွဲ များ ကျင်းပခွင့် တွင် ကန့် သတ်မှုများပါဝင်ပြီး
ယခင်လ ၁၆ ရက်နေ့ က မေဆွိ၏ အမှတ်တရ ဖျော်ဖြေပွဲ တစ်ခုသာ ကျင်းပခွင့် ရရှိခဲ့သည်။