ဒေါ်အောင်ဆန်းစုကြည်တော့ လွတ်မည် ရွေးကောက်ပွဲက ဒီနှစ်ထဲ မသေချာ

၁၉ ဇန်န၀ါရီ နေပြည်တော် ၊                       ၊Freedom News Group

Aung San Suu Kyi Will Be Freed But Election in 2010 May Be ?

မကြာခင်ပြန်လည်လွတ်မြောက် လာတော့မည်ဟု သတင်းများထွက်ပေါ်နေသည့် ဒေါ်အောင်ဆန်းစုကြည်

နေအိမ်တွင် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံထား
ရသည့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်
ဆန်းစုကြည်သည် မကြာခင် လွတ်မြောက်လာနိုင်မည်
ဟု ရာနှုန်းပြည့် ဖြစ်နိုင်ခြေရှိ သော် လည်း ၂၀၁၀ ခုနှစ် တွင်
ရွေးကောက်ပွဲ ကျင်းပမည် ဆိုခြင်းမှာ သေချာပြီ ဟု
ကျိန်းသေ တစ်ထစ်ချ မပြောနိုင်သေးကြောင်း
နေပြည်တော် ရှိ စစ်ဗိုလ်ချုပ်များတွင် သုံးသပ်
ပြောကြားနေကြသည်။

ဒေါ်အောင်ဆန်းစုကြည် ကတော့ ပြန်လည်
လွတ်မြောက်လာမည် ရွေးကောက်ပွဲကတော့
လိုအပ်လျှင် ရွှေ့ဆိုင်းမည် ဆိုသည့် သတင်းနှင့်
ပတ်သက်၍ Freedom News Group မှအမေရိကန်
နိုင်ငံထုတ် Foreign Affairs မဂ္ဂဇင်း လစဉ် ဖတ်
သော စစ်တပ်အရာရှိ ဗိုလ်မှုးကြီး တစ်ဦးထံသို့ 
မေးမြန်းကြည့်ရာ “သူက (ဗိုလ်ချုပ်မှုးကြီး သန်းရွှေ)
အဓိက ဘာလဲဆိုတော့ သူ ခေါင်းချတဲ့ အချိန် ထိ စစ်တပ်က နိုင်ငံကို အုပ်ချုပ်တာ
ကို ပဲမြင်ချင်တဲ့ ပုံရှိတယ်၊Playing Game နဲ့ ပြောရရင် ဒေါ်အောင်ဆန်းစု ကြည်ကို လွှတ်ပေးမယ်။

ပြီးရင်အခု မှ လွတ်လာ တဲ့ ဒေါ်အောင်ဆန်းစုကြည် က ဘယ်လိုလုပ် ရွေးကောက်ပွဲ ၀င်လို့ ရ
အုံးမှာ လဲ ဆိုပြီး ရွေးကောက်ပွဲကို နောက်ဆုတ်မယ်။ ဒေါ်စု သေသေချာချာ အချိန် ယူပြီး
ပြင်ဆင် နိုင်အောင် ပေါ့ ။နိုင်ငံတကာ ကို ပြောမယ်။ ကဲ …ဘယ်သူက ဘာပြောလို့ ရအုံး
မလဲ “ သူ၏ ရွေးကောက်ပွဲ နှင့် ပတ်သက် ၍ သုံးသပ်ချက် အား Freedom News Group
သို့ ပြောသည်။

လတ်တလော တွင်လည်း ၂၀၁၀ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ မြန်မာ စစ်အစိုးရထံမှ
မည်သည့် သတင်းထုတ်ပြန်ကြေညာ ချက်များ မပြုလုပ်သလို ရွေးကောက်ပွဲ အတွက်
တရား ၀င်မဲဆွယ်ခွင့် ရရှိသည့် ကြံဖွတ် နှင့် တစည ကဲ့သို့ အဖွဲ့ များက ပင် မည်သည့်
အားတက် သရောပြုလုပ်ခြင်းမျိုးမှ တွေ့ ရှိရခြင်း မရှိ ဟု ရန်ကုန်မြို့ ရှိ တတိယ အင်
အားစု ၀င် တစ်ဦးက ပြောသည်။

စစ်အစိုးရ ၏ ရွေးကောက်ပွဲ ကို ထောက်ခံ သည့် တတိယ အင်အားစု ၀င် အချို့ မှာရွေး
ကောက်ပွဲ ဥပဒေ ကို မထုတ်ပြန် သေး၍ မချင့်မရဲ ဖြစ်ကြသည် ဟု သတင်းရရှိသည်။
ထိုကဲ့သို့ ရွေးကောက်ပွဲအား ယခုနှစ်ထဲ တွင် ကျင်းပရန် စိတ်မပါ ခြင်းမှာ မကြာခင်က
ဖြစ်ပွားခဲ့သည့် အီရန် ရွေးကောက်ပွဲ ဂယက်ကြောင့် လပေါင်းများစွာ ဆန္ဒပြမှု ဖြစ်ပွား
ခဲ့ခြင်းကြောင့် လည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး လှုပ်ရှား တက်ကြွသူ တစ်ဦးက သုံးသပ်
သည်။

မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အမည်မဖော်လိုသော အရာရှိ တစ်ဦးကမူ
စစ်တပ်က တစ်သက်လုံး အချိန်ဆွဲ တည့် နည်းဗျူဟာ (Delaying Tactics)
တွေ နဲ့ ကစားလာတာ ဘာမှ ယုံလို့ မရဘူး ဟု ပြောသည်။