မြန်မာ စစ်ခေါင်းဆောင်များ အင်္ဂလိပ်ဘာသာ စကား ပြော သင်တန်းများတက်ရောက်

၁၉ ဇန်န၀ါရီ နေပြည်တော် ၊                         ၊ညွှန့် သက်ထားဦး

English as a  Second Language in Junta ‘s Jungle City

အရေး၊အဖတ်၊အတတ်ပညာ အမြဲပဲတို့ လေ့လာ

အမေရိကန် ဗာဂျီးနီးယား ပြည်နယ် လွှတ်တော်အမတ် ဂျင်ဝဘ် နှင့် အာရှ နှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်းဘဲလ် တို့ နှစ်ဦး
မြန်မာနိုင်ငံသို့ လာရောက်ပြီး နောက်ပိုင်းမှ စ၍ နေပြည်တော်ရှိ မြန်မာ စစ်ခေါင်း
ဆောင်များ အကြား အမေရိကန် သုံး အင်္ဂလိပ် ဘာသာ စကားပြောနည်း သင်ကြား
မှု များ ပိုမိုခောတ်စား လာသည် ဟု သိရှိရသည်။

လက်ထောက်ဝန်ကြီး ကတ်ကမ်းဘဲလ် လာစဉ် က စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး
ဗိုလ်ချုပ်ကျော်ဆန်း နှင့် တွေ့ ဆုံစဉ် ကတ်ကမ်းဘဲလ် က ဦးစွာ စတင်နှုတ်ခွန်းဆက်

သော “How are you doing today?” ဆိုသည့် နှုတ်ခွန်းဆက် မေးခွန် အား ဗိုလ်
ချုပ် ကျော်ဆန်းမှ ဒီနေ့  ဘာလုပ်နေသလဲ ဟု မေးသည် ဟု အထင်ရ သဖြင့် I’m
waiting for you ဟု ပြန်လည် ဖြေကြားရမှ မြန်မာ စစ်ခေါင်းဆောင်းများ တွင်
ဗိုလ်ချုပ် ကျော်ဆန်း နှင့် ကတ်ကမ်းဘဲလ် တွေ့ ဆုံမှု မှာ ဟာသတစ်ခု လို ဖြစ်ခဲ့
သည်။

ပြန်ကြားရေး ၀န်ကြီး ဗိုလ်ချုပ် ကျော်ဆန်းသည် ထိုနေ့ မှစ၍ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၏
ပြစ်တင်မှု ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိ ဦးထင်အောင် အပါအ၀င် ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာဌာန မှ ဆရာ များထံတွင် အင်္ဂလိပ်စာ သင်
ယူမှု များပြုလုပ်နေသည် ဟု သတင်း Freedom News Group မှ စုံစမ်းသိရှိရသည်။၏

ဗိုလ်ချုပ် ကျော်ဆန်းကဲ့သို့ ပင် မြန်မာ ၀န်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန် ၊ ဒုတိယဗိုလ်
ချုပ်ကြီး သူရရွှေမန်း ၏ မိသားစု ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး အပါအ၀င် လယ်
ယာစိုက်ပျိုးရေး ၀န်ကြီး ဗိုလ်ချုပ် ဌေးဦး ၊စက်မှု ၁ ၀န်ကြီး ဦးအောင်သောင်း နှင့်ကာ
ကွယ်ရေး ၀န်ကြီးဌာန မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ တို့ သည် လည်း ဗိုလ်ချုပ်
မှုးကြီး သန်းရွှေ ၏ အမိန့် အရ အင်္ဂလိပ်စာ သင်ယူနေကြောင်း သိရှိရသည်။

ထိုသို့ အင်္ဂလိပ်စာ သင်ယူရာတွင် နိုင်ငံခြားသား လူမျိုးတစ်ဦး အားငှားရမ်း၍
အင်္ဂလိပ် ဘာသာစကား သင်ယူခွင့်မရှိကြောင်း သိရသည်။နိုင်ငံခြားသား အား
ငှားရမ်း ခွင့် မရှိခြင်းမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက စီအိုင်အေ သူလျှိုများ စကား
ပြောသင်တန်းဆရာ အဖြစ်လာရောက်မည် ကို စိုးရိမ်၍ ဖြစ်နိုင်ကြောင်း ၀န်ကြီး
တစ်ဦး နှင့် နီးစပ်သည့် နိုင်ငံတကာ အတွေ့ အကြုံရှိ ညွှန်ကြားရေး မှုးတစ်ဦးက
Freedom News Group သို့ ပြောသည်။

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သန်းရွှေ၏ သမီး ဖြစ်သူ သန္တရွှေသည်လည်း
ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းရှိ နိုင်ငံခြား ဘာသာတက္ကသိုလ် တွင် အင်္ဂလိပ်
ဘာသာ စကားပြော သင်ယူနေကြောင်း ယခင် တစ်ပတ်က ခောတ်ပြိုင် အင်တာနက်
စာမျက်နှာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ရွေးကောက်ပွဲ ၀င်မည့် မြန်မာ စစ်အရာရှိ များ အား
နိုင်ငံတကာတွင် ပိုမို တွင်ကျယ်မှု ရရန် အတွက် အင်္ဂလိပ် ဘာသာ စကားပြောသင်

တန်းများအား ပိုမို သင်ကြား ရန် ယခင် နှစ်ကတည်းက ညွှန်ကြားခဲ့သည်။

2 thoughts on “မြန်မာ စစ်ခေါင်းဆောင်များ အင်္ဂလိပ်ဘာသာ စကား ပြော သင်တန်းများတက်ရောက်

  1. ပြောတော့ဘာဖြစ်လဲတဲသူကပြောမှာပေါ့ကိုဝေမိုးရဲ့  ကို့နေရာကိုနေစမ်းပါကွာ ၀င်ပါတော့ထမင်းစားရမှာကြနေတာဘဲ

  2. သူကတော်သေးတာပေါ့..
    ဟိုအဘွားကြီးဆို kyaing kyaing is my name လို့ ပြောတာတဲ့။

Comments are closed.