မော်ဒယ်များ နှင့် တွဲဖက်သည့် ပြပွဲများ လူကြိုက်များလာ

၂၀ ဇန်န၀ါရီ ရန်ကုန် ၊                          ၊ယူကွန်

မန္တလေးဆိုင်ကယ်ပြပွဲတွင်တွေ့ ရသည့်မော်ဒယ်များ

ကိုယ်ဟန်ပြ မော်ဒယ်(လ)များ နှင့် ကျင်းပသည့် ကုန်ပစ္စည်းပြပွဲများအား လာရောက်
ကြည့်ရှုသူများက ပို၍ စိတ်ဝင်စားကြသည် ဟု မကြာခင်က  မန္တလေးမြို့ တွင် မော်
တော်ဆိုင်ကယ်ပြပွဲပြုလုပ်ခဲ့သူ တစ်ဦးက Freedom News Group သို့ ပြောသည်။

“ကုန်ပစ္စည်း သက်သက်ချဉ်းပဲဆို စိတ်မ၀င်စားကြတော့ ဘူး ။ပြပွဲတွေကလည်း
စိတ်နေတော့ ဘယ်သူမှ လာမကြည့်ချင်တော့ ဘူး ။မော်ဒယ်(လ)တွေ နဲ့ ပါတွဲ
လိုက်ပြီး ဖျော်ဖြေရေး ထည့်လိုက်မှ လူတွေက လာကြတယ်” ပြပွဲ စီစဉ် သူတစ်
ဦးက Freedom News Group သို့ ပြောသည်။

ပြပွဲမှမော်ဒယ်(လ)တစ်ဦးဆိုင်ကယ်တစ်စီးကိုသရုပ်ပြစီးနင်းနေစဉ် ပြပွဲမှမော်ဒယ်(လ)တစ်ဦးဆိုင်ကယ်တစ်စီးကိုသရုပ်ပြစီးနင်းနေစဉ်

မော်ဒယ်များ၏ စွဲဆောင်မှု ရှိသော ကိုယ်နေ ဟန်ထားများကြောင့် ကုန်စည်ပြပွဲ
များ သည် အတန်အသင့် စွဲဆောင်မှု ရှိလာသော်လည်း ကိုယ်ဟန်ပြမော်ဒယ်များ
အနေဖြင့် ထိုက်သင့်သည့် အကျိုးခံစားခွင့် မရရှိကြောင်း သိရသည်။

နာမည်ကျော် အမျိုးသမီး မော်ဒယ်(လ) တစ်ဦးကမူ “အပြိုင်တွေက များလာ
တယ်လေ ကိုယ်ကလဲ ကိုယ့်ပွဲတွေ အမြဲတမ်း ရှိနေအောင်တာ လုပ်နေရတာ
အချို့ ပြပွဲ တွေ မှာ လျှောက်ပေးရတာ မေတ္တာ နဲ့ ပဲ ပေါ့ ၊တစ်ခါတစ်လေ လက်
ဆောင် လေး ဘာ လေးပဲရတယ်”ဟု ပြောသည်။

ထူးကုမ္ပဏီဝန်ထမ်းများ၏ နှစ်သစ်ကူး ကိုယ်ဟန်ပြတင်ဆက်မှုအခမ်းအနား

အချို့ နာမည်ကြီး စီးပွားရေးသမားများကမူ ၎င်းတို့ ၏ ကုမ္ပဏီများ မှ ၀ါသနာပါသူ များ
အား မြေတောင်မြှောက်ပေးကာ  နာမည်ကျော်မော်ဒယ်များကို မွေးထုတ်ကြသည်ဟု
ဆိုသည်။

၂၀၀၉ ခုနှစ် မှ ၂၀၁၀ သို့ အကူးအပြောင်း နှစ်သစ်ကူးည ကာလ တွင် Htoo Trading
မှ ကျင်းပသည့် Staff ပါတီပွဲ တွင် ထည့်သွင်းကျင်းပသည့် Miss Angel ပြပွဲမှာ ကုမ္ပ

ဏီဝန်ထမ်း အမျိုးသမီးများ ဖြင့်သာ ကျင်းပသော်လည်း ထိုပွဲသို့ သွားရောက်ခဲ့သူများ
က သဘောကျနှစ်ခြိုက်ကြသည် ဟု ဆိုသည်။