တရုတ်နိုင်ငံလုပ် F7 တိုက်လေယာဉ် ရန်ကုန်အပြည်ြပည် ဆိုင်ရာလေဆိပ်တွင်ပျက်ကျ

၂၂ ဇန်န၀ါရီ ရန်ကုန် ၊                        ၊ဟိန်းခိုင်ထွန်း

Burmese Fighter Pilot Killed in Crashes

တရုတ်နိုင်ငံလုပ်F7တိုက်လေယာဉ်တစ်စီး

တရုတ်နိုင်ငံလုပ် တစ်ယောက်စီး F 7 အမျိုးအစား ဂျက်တိုက်လေယာဉ် တစ်စီးမှာ လေ့ကျင့် ပျံသန်း နေစဉ် ဇန်န၀ါရီလ ၂၂ ရက်နေ့ မနက် နံနက် ခုနှစ်နာရီ ခန့် အချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ် ၏ C R 2 ပြေးလမ်း တွင် ပျက်ကျခဲ့သည်အမည်မဖော်လိုသော လေတပ် အရာရှိ တစ်ဦးက Freedom News Group သို့ အတည်ပြုပြောကြားသည်။

တစ်ယောက်စီး အမျိုးအစား F7 တိုက်လေယာဉ် သည် ပုံမှန် ပျံသန်းနေရာ မှ ဆင်းသက်
ရန် အတွက် လေယာဉ်ပြေးလမ်း ပေါ်သို့ ချဉ်းကပ်စဉ် စက်ချို့ ယွင်းကာ ပျက်ကျခဲ့ခြင်း
ဖြစ်သည်။လေယာဉ်ပျက်ကျမှု ကြောင့် လေတပ်မှ လေယာဉ်မှုး သေဆုံးခဲ့သည်။

တရုတ် နိုင်ငံလုပ် တိုက်လေယာဉ်ပျက်ကျပြီးနောက် ရုရှား နိုင်ငံတွင် ပညာတော်သင်
သွားရောက်နေသော မြန်မာ စစ်ဗိုလ်များ၏ ဘလောက်များမှ တစ်ဆင့် တရုတ်ဆန့် ကျင်
ရေး ရေးသားမှုများ ၊တရုတ် နည်းပညာ အားသလျှော်မှုများ နှင့် တရုတ်တိုက်လေယာဉ်
များ အားအလကားပေးလျှင် တောင် မယူ ဟု စသဖြင့် ဖော်ပြထားသည်။(Freedom
News Groupမှ ထိုသတင်းကို Twitter တွင်တင်ပြီး ဖြစ်ပါသည်)။

မြန်မာ့လေတပ် တွင်တရုတ် တိုက်လေယာဉ် အစီး ခုဆယ်ထက် မနည်း ရှိပြီး တရုတ်
တိုက်လေယာဉ်များမှာ ပုံမှန် အားဖြင့် တစ်နှစ် နှစ်စီး ခန့် ပျက်ကျသည်။

လေယာဉ် မပျက်ခင်ကတည်းက တရုတ် နိုင်ငံမှ ထုတ်လုပ်သည့် တိုက်လေယာဉ်
များ ၀ါဒဖြန့် ရှုံချလျှက်ရှိရာ မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့် တရုတ် မုန်းတီး
ရေး ပိုမို လုပ်နိုင်ရန် အတွင် တိုက်လေယာဉ် တစ်စီး အား စတေးခဲ့ခြင်း ပေးပဲလား
ဟု မြန်မာ လေတပ်ဗိုလ် က သူ၏ သုံးသပ်ချက် ကို ပြောသည်။

.ခင်လက ရုရှားထံမှ ဒေါ်လာ သန်း၅၇၀ ဖိုးရှိ ဂျက်တိုက်လေယာဉ်များဝယ်ယူရန် သဘောတူထားပြီးဖြစ်ကြောင်းရုရှား သတင်းဌာန အီတာတာစ် တွင်ဖော်ပြထားသည်။

ဆက်စပ်သတင်း ယခင်လ ရုရှား တိုက်လေယာဉ် ၀ယ်ယူမှု

2 thoughts on “တရုတ်နိုင်ငံလုပ် F7 တိုက်လေယာဉ် ရန်ကုန်အပြည်ြပည် ဆိုင်ရာလေဆိပ်တွင်ပျက်ကျ

  1. ပုံ မှား နေ တယ်…. ပြင် သစ် က မီး ရခ်ျ တိုက် လေ ယဉ် ကြီး …..

  2. China made F 7 Crash news report is Naypyitaw
    deliberatelly anti – china propaganda .

Comments are closed.