အင်တာနက်၊အီးမေး အသုံးပြုသူများသို့ သတိရှိရန် သတင်းထုတ်ပြန်မှုများ

၂၂ ဇန်န၀ါရီ ဘန်ကောက်         Freedom Technology Expert Group

U.S. Under Chinese Hack Attack

တရုတ်နိုင်ငံတွင်အင်တာနက် လွတ်လပ်ခွင့်မရှိပုံကို ကာတွန်းဆရာက သရုပ်ဖော်ရေးဆွဲထားမှု

Google အင်တာနက် ကုမ္ပဏီ၊ ပီစီဝေါလ် ၊နယူးယောက်တိုင်းမ် သတင်းစာ (ယနေ့ ထုတ်)
နှင့် အခြားသတင်းဌာန များမှ သတိပေးချက်အရ တရုတ် နိုင်ငံ၏ ဆိုင်ဘာ ထောက်လှမ်း
ရေး အဖွဲ့ ဝင်များသည် အင်တာနက် ၀ဘ်ဆိုတ် နှင့် အီးမေးများ စွာကို ကျူးကျော်ဝင်ရောက် ပြီး အခြားသူများ၏ သတင်းအချက် အလက် ကို ရယူကာ သတင်း
ရောင်းစားမှုများ ပြုလုပ်ကြသည် စီအန်အန် သတင်းဌာန က သတင်းထုန်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က လည်း တရုတ်၏ လုပ်ရပ်သည် အင်တာ
နက်လွတ်လပ်မှု နှင့် သူတစ်ပါး၏ ပုဂ္ဂလိက လုံခြုံမှု ဟု ပြောင်ပြောင် တင်းတင်းချိုးဖောက်
ခြင်း ဟု ယနေ့ ရှုံချပြောကြားခဲ့သည်။

တရုတ် အစိုးရ အဖွဲ့ အစည်းများ၏ လေ့ကျင့်ပေးမှု ရရှိခဲ့သည် ပီကင်းလိုလားသော
အင်တာနက် ကျွမ်းကျင် သူများသည် တိဘက် ၊ ဇင်းကျန်း ၊ထိုင်ဝမ် စသည့် တရုတ်

အတိုက်အခံ တို့ ၏ အီးမေးများသာမက တတိယ နိုင်ငံများမှ အတိုက်အခံများ၏
အီးမေး နှင့် ၀ဘ်ဆိုတ်များကို ပါ ဖောက်ထွင်း ၀င်ရောက် ခဲ့ကြောင်း တိုင်းမ် မဂ္ဂဇင်း
တွင် ဖော်ပြထားသည်။

အာဏာရှင် စနစ် ရှင်သန်ဆဲ ဖြစ်သော တတိယ နိုင်ငံများ ဖြစ်သည့် အီရန်၊ကျူး
ဘား၊ဆူဒန် ၊ မြောက်ကိုရီး ၊ဥဇဘက် ကစ္စတန် စသည့် နိုင်ငံများမှ ထင်ရှားသော အတိုက်အခံများ၏အီးမေး များကို လှို့ ဝှက် ၀င်ရောက်ပြီး သတင်းအချက် အလက်များရယူကာ သက်ဆိုင်ရာ အာဏာ ရှင် အစိုးရ များထံ ရောင်းစားမှုများ
ရှိသည်။

"In an interconnected world, an attack on one nation's networks can be an attack on all," Clinton said at The Newseum in Washington

လတ်တလော တွင် လည်း တရုတ်၏ နိုင်ငံတွင်း အင်တာနက် ဆင်ဆာ တင်းကျပ်
မှု နှင့် တရုတ် အိုင်ပီ လိပ်စာ နှင့် လာသော ဟက်ကာ တိုက်ခိုက်မှု များက
ဂူဂဲ အပါအ၀င် အမေရိကန် ကုမ္ပဏီ ၃၄ ခု ကို ၀င်ရောက် တိုက်ခိုက်ခြင်းကြောင့်
ဂူဂဲ က တရုတ် ရှိ သူ့ ၏ ဌာနခွဲ ကို ပိတ်ပစ်ခဲ့သည်။

တရုတ် ၏ အင်တာနက် ရာဇ၀တ် မှု များနှင့် ပတ်သက်၍ မည်ကဲ့သို့ အကာအကွယ်ရယူ နိုင်မည် လဲ ဟု Freedom News Groupက ထိုင်းနိုင်ငံ သမာဆတ် တက္ကသိုလ် တွင် ကွန်ပျူတာ သိပ္ပံ ဘာသာရပ် မဟာဘွဲ့ တက်ရောက် နေသော ကို စထွန်းအောင် အား မေး
မြန်း ကြည့်ရာ ‘ ဒီနေ့ ပဲ ကျောင်းမှာ ထိုင်းနည်းပညာ ဘုတ်အဖွဲ့  က ထုတ်ပြန် တာကို ဆရာက တစ်ဆင့် ပြောတယ်….အဲဒါတွေကတော့

တစ် ) တရုတ် (ပီကင်း) ကပေါ့ နော် နိုင်ငံတကာမှာ ရောက်နေတဲ့ တရုတ် တွေ ကနေ
တစ်ဆင့် ဒီကိစ္စတွေ ကို ဆောင်ရွက်နေ ကြတယ်။

နှစ် ) တရုတ် ပြည်တွင်းက နေ အင်တာနက် ဟက် လုပ်တာတွေ ရှိသလို နိုင်ငံတကာရောက် တရုတ် အချို့ ရဲ့ အကူအညီ နဲ့ လှုပ်ရှားကြတယ်။

သုံး) တရုတ်လူမျိုးတွေ ဖွင့်ထားတဲ့ အင်တာနက် ဆိုင် တွေမှာ သုံးတယ်ဆိုရင် သတိရှိ
ဖို့ နဲ့  ကိုယ့် ရဲ့ အီလက်ထရောနစ် ဒီဗိုက်(စ်) တွေ ကို တရုတ်လူမျိုးတွေ ကို မပေး

မိစေ ဖို့  ဆိုပြီး မှာထားတယ် ဟု ပြောသည်။

တရုတ် နိုင်ငံ၏ လုပ်ရပ် မှာ သတင်း နည်းပညာကြောင့် ကမ္ဘာတွင် ဒီမိုကရေစီ စီးဆင်း
မှု နှင့် သတင်းလွတ်လပ်ခွင့် ကျယ်ပြန့် လာခြင်းကို တိုက်ခိုက်ရာရောက်ကြောင်းဟီလာ
ရီ ကလင် တန်က ဆက်လက် ပြောကြားခဲ့သည်။

ကာလီဖိုးနီးယား တက္ကသိုလ် (အယ်အေ) မှ ကွန်ပျူတာ မဟာသိပ္ပံ ဘွဲ့ ရရှိခဲ့သည့်
ကို အောင်ဇေယျာမြင့် က “ဒီမှာက တရုတ် များ တဲ့ အများသုံး အင်တာနက် စင်တာ
တွေမှာ သုံးရင် တော့ ကိုယ်ရဲ့ အချက်အလက် တွေ ကို စက်ထဲမှာ မကျန် ခဲ့စေနဲ့ 
နောက် ကိုယ်သုံးနေတဲ့ အချိန်မှာ တရုတ် တစ်ဦးဦးက မသိမသာ နဲ့  အဲဒီကွန်ပျူတာ
ကို သုံးဖို့ စောင့် နေရင် သတိရှိဖို့ လိုတယ်။တရုတ်တွေ ရောင်းတဲ့ ကွန်ပျူတာ ဆိုင်မှာ

ဆော့ဖ်ဝဲ နဲ့  အမာထည် အချို့ ဝယ်ရင် လဲ သတိထားဖို့ လိုတယ် ဟု ပြောသည်။

တရုတ် နိုင်ငံ ၏ မျက်နှာ ပြောင်တိုက် အရှက်မဲ့လှ သော ကိုယ်ရေးကိုယ်တာ လုံခြုံ
မှု ဖောက်ထွင်းမှု နှင့် ပတ်သက် ၍ ဖီလားဒဲဖီးယား တက္ကသိုလ် ဆိုင်ဘာ လုံခြုံရေး
လေ့လာ မှု ဌာန မှ ပါမောက္ခ တစ်ဦးက “တရုတ်က ဆိုင်ဘာ ၀ဲဖဲ တွေ ကို ဒီထက်ပို
လုပ်မယ်၊ ဖေ့ဘွတ် တို့ အိုင်ရီ နဲ့ တွစ်တာ တွေ က အာဏာရှင် စနစ် ကို ခြိမ်းခြောက်
တယ် ဆိုတာ သူတို့ ကောင်းကောင်းသိပြီ ဘယ်သူမှ အင်တာနက် မသုံးနိုင် ရဲ လောက်
အောင် ကို သူတို့ ဆက်လှုပ်ရှားကြမယ် ဟု နယူးယေက်တိုင်းမ် သတင်းစာ သို့ ပြောသည်။

အမေရိကန် အစိုးရက တရုတ်၏ ဆိုင်ဘာ ရာဇ၀တ်ကျူးလွန်သူများကို ဖော်ထုတ်ပေး
ရန် တောင်းဆိုထားသည်။

မြန်မာ ဒီမိုကရေစီ လှုပ်ရှားသူများ အနေဖြင့် လည်း မိမိ၏ ဆိုင်ဘာ လုံခြုံမှုများ ရှိရန်
ဂရုစိုက် သင့်ကြောင်း ရန်ကုန် အခြေစိုက် ဘလောက်ဂါ များ ပြောဆိုသည်

ဗြိတိထုတ် IT Expert မဂ္ဂဇင်း နှင့် အမေရိကန် ထုတ်ပီစီဝေါလ် နှင့် Laptop မဂ္ဂဇင်းများက
မိမိတို့ ၏ လှို့ ဝှက် ကုဒ် နှင့် နက်ဝခ် ဆက်သွယ်မှု များ ကို သတိရှိ ကြရန် ရေးသားဖော်ပြထား
သည်။

4 thoughts on “အင်တာနက်၊အီးမေး အသုံးပြုသူများသို့ သတိရှိရန် သတင်းထုတ်ပြန်မှုများ

  1. Cybercrime, like every digital industry, is outsourcing. Though the U.S. still produces more malware, spam and viruses than any country in the world, illicit IT jobs are increasingly scattered across an anarchic and international Internet, where labor is cheap, legitimate IT jobs are scarce and scammers are insulated from the laws that protect their victims by thousands of miles. As Thomas Friedman might say, the criminal underworld is flat.

  2. လသာလမ်းက တရုတ်မ အင်တာနက်ဆိုင်မှာ ဖရီးသုံးနေတုန်းက မင်းတို့ ဒါမျိုးမရေးပါလား ၊အခုမှ ငွေစလေးရွှင်တော့

  3. မင်းတို့ တွေ အင်တာနက်အရှေ့မှာ ပဲ အချိန်ဖြုန်းနေလို
    ၀ တို့ က ချီတနာ နဲ့  သတိ ပါးပါးလေးပေးတာပါ။

Comments are closed.