သီရိထက်

(ပိုတော်ပရင့်စ)သူကြုံဖူးသမျှမှာ ဒီလောက်များတဲ့ လူအုပ်ကြီး နိုင်ငံကို စွန့် ခွာတာ ခောတ်သစ်
သမိုင်းမှာ ပထမ ဆုံးအကြိမ်ပဲ လို့ Freedom News Group ကိုပြောသူကတော့
ရိုက်တာ သတင်းထောက် ရှောင်နွန် စတာပလ် ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်း အီရတ် နဲ့ အာဖဂန် နိုင်ငံတွေ ကို ရောက်ခဲ့ဖူးသူ ရှောင်နွန်က
ဆက်ပြီးတော့ သဘာဝ ဘေးဒဏ်က စစ်ဖြစ်တာထက်ပိုပြီး ကြောက်ဖို့ ကောင်းတယ်
ဒါအဖြေပဲလို့  ပို့ တော်ပရင့် ပင်လယ်အော် ထဲမှာ လှေငယ်လေးတွေ ကိုစီးပြီး နိုင်ငံ
ကို စွန့် သွားကြတဲ့ လူတွေ ကို ကြည့်ရင်း ပြောပါတယ်။
၁၉၇၀ ပြည့်လွန် နှစ်တွေက ဗီယက်နမ် နဲ့  ကျူးဘားတွေ လှေစီးပြီး ထွက်ပြေးကြ
တာ အတိတ်သမိုင်းရဲ့ နိဂုံးပဲ လို့ ထင်ထားခဲ့တာ၊ဒါပေမယ့် အခု မဟုတ်တော့ဘူး
ဟု နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ မှ ဒေါက်တာဘောဘ် ကပြောပါတယ်။
နိုင်ငံတကာက ဟေတီကို လာတယ်၊ဟေတီက နိုင်ငံတကာ ကို သွားဖို့ လုပ်တယ်
လို့ နာမည်ကျော် ဟေတီတိုင်းမ် သတင်းစာ က ဟေတီတွေ နိုင်ငံကို စွန့် ခွာကြတဲ့
အချိန်မှာပဲ ပိုတော်ပရင့် က လူနှစ်သိန်းကျော်လောက်က ကရစ်ဘီယံပင်လယ်
ထဲမှာ ရွက်လွှင့်နေခဲ့ကြပါပြီ။

သူတို့ ဘာဖြစ်လို့ နိုင်ငံကို စွန့် ခွာကြတာလဲ………နိုင်ငံတကာက အကူအညီတွေ
လာပြီလေ မယူကြဘူးလား….ခင်ဗျားတို့ အတွက် အလုံအလောက်ပါတယ်။ခင်ဗျား
တို့ ဘ၀မှာ နေ့ စဉ် စားခဲ့ရတဲ့ အစားအသောက်အတွေ ထက်ပို ကောင်းတာပါတယ်
လေ မယူကြတော့ ဘူးလား ။အင်္ကျီတွေလဲ ပါတယ်လေ။ အမေရိကန် လုပ် ၀ပ်ကင်း
ရှုးတွေရော…။ဂျာကင် တွေ ဆို ကောင်းမှ ကောင်း …မယူကြတော့ဘူးလား..ကျွန်မ
ရဲ့ အသံတွေ တိုးဝင်ပြီး တဖြည်းဖြည်းပျောက်ကွယ်သွားသည်။
ဒါဟာ ဘာဖြစ်လို့ ပါလဲ…….ဘာကြောင့် သူတို့ က နိုင်ငံမှာ မနေခြင်ကြတော့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပို့တော်ပရင့် က အလယ်တန်း ပြဆရာမ တစ်ဦးဖြစ်တဲ့ ယာ
ဆီကာ ကို မေးကြည့်တဲ့အခါ…ဟေတီယန်း တွေက ဒီနိုင်ငံကို စခြေချလာကတည်း
က ကျွန်အဖြစ်နဲ့ ရောက်လာကြရတာပါ ။ ဟေတီသမိုင်း တစ်လျှောက်မှာလည်း ငြိမ်း
ငြိမ်းချမ်းချမ်း နေခဲ့ရတာ ဆိုလို့  ဘယ်တော့မှ ရက်ပေါင်း ငါးရာ မပြည့်ပါဘူး။လူတွေ
က ဒုက္ခတွေကို ခါးစည်းပြီးခံခဲ့ရတာပါ။ အခု မျက်စေ့ရှေ့မှာ ပဲ သေကြေကြတဲ့ လူ
တွေကို စုပေါင်းပြီး ချောက်ကမ်းပါးကို မြေဖို့သလိုမျိုး မြုပ်နှံတာ တွေ့ ရတော့ အားလုံးက
သွေးပျက်မတတ်ပဲ ဟု ပြောသည်။

ဟေတီမှာ မွေးပြီး ၂၅ နှစ်ကျော်ကြာဟေတီမှာ နေခဲ့ပြီးနောက် လှေငယ်လေးဖြင့်
ထွက်ခွာတော့မည့် လူငယ်တစ်ဦးကမူ သမ္မတ တောင် ဘယ်နေရမှန်းမသိတာ ကျုပ်
တို့ က ပိုဆိုးတာ ပေါ့ ….တစ်မိသားစုလုံးလဲ သေပြီလေ ….ဘယ်ရောက်ရောက်ဘယ်
ပေါက်ပေါက်ပေါ့ ..အခုထက်တော့ပိုဆိုးမလာ နိုင်ဘူး ….ငလျှင် ကို ကြောက်လို့ ထွက်
ပြေးတာမဟုတ် ဘူး..ဟေတီက အခုထက်ပို ကောင်းလာ နိုင်စရာ မရှိတော့ ဘူးဟု
ပြောပါတယ်။

ဟေတီ မှာ ပဲ ခေါင်းချတော့မယ် ဟု ကြံရွယ်ထားသည့် အသက် ၆၀ အရွယ် အမျိုး
သမီးကြီး တစ်ဦးကလည်း အဒေါ်တို့ ရဲ့ အိပ်မက်တွေက ပြီးသွားပါပြီကွယ် နိုင်ငံတကာ
ကလာကူညီ တယ်ဆိုပေမယ့် ဆုံးရှုံးသွားတဲ့ ဘ၀ တွေကို ပြန်မရတော့ဘူးလေ။ငလျှင်က
အဆောက်အဦတွေ ကိုပါ ဖြိုပစ်တာ မဟုတ်ဘူး၊အုပ်ချုပ်ရေး ၊ပညာရေး စနစ်တွေ ကိုပါ
ဖြိုပစ်တာ ..အဒေါ်တို့ ရပ်ကွက်မှာ ကလေးတွေ အတွက် ကျောင်းတောင် မရှိတော့ဘူး၊
ကျန်ရှိနေသော အပိုင်းများအားနောက်နေ့ များတွင် ဆက်လက်ဖတ်ရှုပါ
