ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင်လွှတ်ပေးမည်

ရောမမြို့ ရှိလွှတ်တော် တွင်ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ် ပုံအားချိတ် ဆွဲဂုဏ် ပြု ထားစဉ်

နေအိမ်တွင် အကျယ်ချုပ်ချထားခြင်းခံရသည့် ဒေါ်အောင်ဆန်းစုကြည်အား နောက်၁၁ လ ခန့် 
အကြာ နိုဝင်ဘာလတွင် လွှတ်ပေးမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး၏
ပြောစကားကို ကိုးကားပြီး အေပီ သတင်းဌာန ကဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် သည် လာမည့် နိုဝင်ဘာ
လတွင် နေအိမ် အကျယ်ချုပ် သက်တမ်း၁၈ လပြည့်မြောက်
မည်ဖြစ်သည်။

NLD ဒုဥက္ကဌ နှင့် ကာကွယ်ရေး ၀န်ကြီးဟောင်း ဗိုလ်ချုပ်ကြီး
သူရ ဦးတင်ဦး ကိုမူ မကြာခင် ပြန်လွှတ်ပေးမည် ဟု ပြောကြား
ခဲ့သည်။

သူမသည် ၂၀၀၉ ခုနှစ်မေလတွင် အမေရိကန် နိုင်ငံသားဂျွန်ဝီလျှံယက်တောအား နေအိမ်တွက် လက်ခံထားမှု ဖြင့်အကျယ်ချုပ် သက်တမ်းထပ်မံ တိုး မြှင့်ခြင်းခံရသည်။

ယခင် သီတင်းပတ်က ကျောက်ပန်းတောင်းမြို့ နယ်တွင် ကျင်းပခဲ့သည့် ပြည်ထဲရေးဝန်ကြီး
ဌာန လက်အောက်ခံ ၀န်ထမ်းများ အစည်းအဝေးတွင် ဗိုလ်ချုပ်မောင်ဦး က နိုဘလ် ငြိမ်းချမ်း
ရေးဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာမည့် နိုဝင်ဘာလ
တွင် ပြန်လည် လွတ်မြောက်လာလိမ့်မည် ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် မြန်မာစစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည် ဟု ကြေညာထားသော်လည်း
ယခု အချိန် ထိ မည်သည့် မည်ရက် ကျင်းပမည်ကို အတိအကျ မပြောသေးချေ။

၂၀၁၀ တွင် ရွေးကောက်ပွဲလုပ်ဖြစ်ပါက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည့် အချိန်
သည် ရွေးကောက်ပွဲဝင် နိုင်ရန် လုံလောက်သည့် အချိန် မဟုတ် ဟု နိုင်ငံရေး အကဲခတ်များက
ဆိုသည်။

ကျောက်ပန်းတောင်း တွေ့ ဆုံပွဲ တွင် ဗိုလ်ချုပ်မောင်ဦးက အမျိုသား ဒီမိုကရေစီ အဖွဲ့ ချုပ်အနေဖြင့်
လည်း ရွေးကောက်ပွဲ ၀င်ရောက်နိုင်သည် ဟု ပြောကြားသွားခဲ့သည်။

မြန်မာနိုင်ငံတွင်း ရှိ နိုင်ငံရေး အင်အားစု တစ်ခု ဖြစ်သော တတိယ အုပ်စု ဟု နာမည်ကျော်ကြား
သည့် ပုဂ္ဂိုလ် များသည် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာမည် ကို သေမလောက်
ကြောက်သူများ ဖြစ်သည် ဟု ၁၉၉၈ ခုနှစ် ပြည်သူ့ လွှတ်တော်ခေါ်ယူရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ပြီး
ထောင်ဒဏ် နှစ်ရှည် ချမှတ် ခြင်းခံရသူ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးက Freedom News
Group သို့ ပြောသည်။

ဆက်စပ်သတင်း (ဒေါ်အောင်ဆန်းစုကြည်တော့ လွတ်မည် ရွေးကောက်ပွဲက ဒီနှစ်ထဲ မသေချာ)