Google ဟာ ဘာသာရေးဖြစ်ပါတယ်(အပိုင်း၂)

၂၄ ဇန်န၀ါရီ ရန်ကုန် ၊                       ၊Freedom Technology Expert Group

Is Google New Religion?

ကာလီဖိုးနီးယားပြည်နယ်Mountain View ရှိဂူဂဲ ကုမ္ပဏီ၏ရုံးချုပ်

Google အပေါ်ရော ဒီကိစ္စဟာ ဘယ်လို သက်ရောက်နိုင်ပါသလဲ။ ပထမဆုံးတော့ သမိုင်းမှာ Google ဟာ အာရှအင်အားကြီးနိုင်ငံတစ်ခုအတွက် သူရဲကောင်းအနေနဲ့ မှတ်ကျောက်အတင်ခံရကိန်းရှိပါတယ်။ အခုဆိုရင်ပဲ လွပ်လပ်စွာပြောဆိုရေးသားပိုင်ခွင့်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း First Amendment Coalition အပါအ၀င် အဖွဲ့အစည်းတွေဟာ တရုတ်နိုင်ငံရဲ့ အင်တာနက်ပေါ်လစီကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) မှာတင်ပြတိုင်ကြားဖို့ အမေရိကန်အစိုးအရကို အကြံပြုနေပါတယ်။ အနောက်နိုင်ငံတွေနဲ့ ကုန်သွယ်ခွင့်ပြန်လိုချင်တဲ့ တရုတ်ဟာ ၂၀၀၁မှာ အနောက်နိုင်ငံသားတွေနဲ့ အနောက်နိုင်ငံကစီးပွားရေးလုပ်ငန်းတွေကို တရုတ်တွေနဲ့ တန်းတူအခွင့်ရေးပေးရမယ်ဆိုတဲ့ WTO စည်းမျဉ်းတစ်ခုကို သဘောတူခဲ့ပါတယ်။ အနောက်နိုင်ငံက website တွေကို ဆင်ဆာလုပ်ပိတ်ပင်ခြင်းအားဖြင့် တရုတ်ဟာ ဒီစည်းမျဉ်းကို ချိုးဖောက်ရာကျပါတယ်။ အမေရိကန်သမ္မတ Obama ဟာ တရုတ်ရဲ့ အဖြေကို စောင့်ဆိုင်းနေပြီး WTO ရဲ့ အမေရိကန် ကိုယ်စားလှယ် Ron Kirk က လွပ်လပ်စွာပြောဆိုခွင့် အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်ကို ဆွေးနွေးနေပါတယ်။ ဒီဖြစ်ရပ်တွေဟာ တရုတ်နိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ကို အကျိုးပြုနိုင်ပါတယ်။
Google အနေနဲ့ ရရှိနိုင်တဲ့ ဒုတိယ အကျိုးကျေးဇူးကတော့ စီးပွားရေးအကျိုးကျေးဇူးပါ။ တရုတ်အာဏာပိုင်တွေက Google ကို သူတို့နိုင်ငံကနေ ထွက်သွားစေချင်တယ်လို့ ထင်ပါသလား။ ဒီကိစ္စတွေရှုပ်နေတုန်း ဇန်န၀ါရီ ၂၃ မှာ တရုတ်ဟာ သူတို့နိုင်ငံမှာ အင်တာနက်သုံးသူတွေ တိုးလာကြောင်း ကြေညာခဲ့ပါတယ်။ ဆိုလိုတာက Google ထွက်သွားရင် ဒီအသုံးပြုသူတွေကို ပြိုင်ဖက်တွေက သိမ်းပိုက်လိမ့်မယ်ပေါ့။ တရုတ်နိုင်ငံရဲ့ပြင်ပမှာတော့ ဒီကိစ္စကြောင့် Google ဟာ ကိုယ်ကျင့်တရားထိမ်းသိမ်းတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ နာမည်ကောင်းရလာနိုင်ပြီး အသုံးပြုသူတွေရဲ့ အားပေးမှုကို ပိုမိုရရှိနိုင်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးနယ်ပယ်မှာလည်း Google ဟာ ယုံကြည်မှုပိုမိုရရှိလာနိုင်ပြီး ဥပဒေကြောင်းအရ ထိန်းချုပ်မှုတွေနည်းပါးလာနိုင်ပါတယ်။ Google ရဲ့ သြဇာအာဏာကို စီးပွားရေးနယ်ပယ်မှာ စိုးရိမ်နေချိန်မှာ ဒီကိစ္စဟာ Google အပေါ် အကျိုးပြုနိုင်ပါတယ်။ Google အတွက် ဆုံးရှုံးစရာထက် အကျိုးများစရာပိုရှိပါတယ်။
ယုံကြည်ချက်တွေ၊ ရပ်တည်မှုတွေ၊ အကျင့်သိက္ခာတွေ၊ စောင့်ထိန်းမှုတွေဟာ ဘာသာရေးဆရာတွေဆီက ကြားရတဲ့ စကားတွေဖြစ်ပါတယ်။ အခု Google နဲ့ ပက်သတ်ပြီး ဒီစကားလုံးတွေကြားရနေပါပြီ။ ဒါကြောင့်အစေပိုင်းက ပြောခဲ့သလိုပဲ Google ဟာ ဘာသာရေးဆိုတာသေချာပါတယ်။