Sundance ရုပ်ရှင်ပွဲတော်မှ ဓာတ်ပုံများ
ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန် ရိုက်ကူးသည့် အေဗာတာ ရုပ်ရှင် ဇာတ်ကားကားက ကမ္ဘာတစ်လွှားပြ သရာမှရရှိသည့် ၀င်ငွေ ဒေါ်လာ သန်း တစ်ထောင့်ရှစ်ရာခြောက်ဆယ်ဖြင့် ၁၉၉၇ ခုနှစ်က ၀င်ငွေအကောင်းဆုံးဖြစ်ခဲ့ပြီး ၁၂ နှစ်တိုင် ၀င်ငွေ အကောင်းဆုံးရုပ်ရှင်ကား အဖြစ် စံချိန်တင်ထားသည့် တိုက်တန်းနစ် ဇာတ်ကား၏ စံချိန် ကို ချိုးလိုက်ပြီ ဖြစ်သည်။
အေဗာတာဇာတ်ကားကို ဒါရိုက်တာ ဂျိမ်း(စ)ကင်မရွန် က ရိုက်ကူးခဲ့ပြီး ၀င်ငွေ သန်း တစ်ထောင့်ရှစ်ရာ လေးဆယ့်သုံး ရရှိခဲ့သည့် တိုက်တန်းနစ်ဇာတ်ကား ကိုလည်း ဒါရိုက်တာ ဂျိမ်း(စ)ကင်မရွန်ကပင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။
၂၁၅၄ ခုနှစ်တွင် လူသား နှင့် နဗ ဂြိုလ်သား တို့ စစ်ပွဲ အကြောင်းကို အမြင်ဆိုင်ရာ နှင့် အသံဘက်ဆိုင်ရာအထူးပြုလုပ်ချက် နည်းပညာများ သုံးစွဲပြီး ဆန်းသစ်စွာ ရိုက်ကူးထားသည့် အေဗာတာ ဇာတ်ကား ၏ ဒါရိုက်တာ ဂျိမ်း(စ)ကင်မရွန် မှာ ၁၉၈၄ ခုနှစ်က အာနိုး သရုပ်ဆောင်ထားသည့် Terminator ဇာတ်ကားဖြင့် ကမ္ဘာ တစ်ဝှမ်း စတင်နာမည်ကျော်ကြားလာခဲ့သည်။
တိုက်တန်းနစ် ရုပ်ရှင်ဇာတ်ကားပြီးနောက်တွင်၂၀၀၃ ခုနှစ်က သူရိုက်ကူးခဲ့သည့် Ghost
Of Abyss နှင့် ၂၀၀၅ ခုနှစ်က Alien the Deep ဇာတ်ကားများ သည် အောင်မြင်မှု မရရှိ
ခဲ့ချေ။

အေဗေတာ သည် ၆၇ ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ကားဆု
ရရှိခဲ့ပြီး မတ်လ ၆ ရက်နေ့ တွင် ကျင်းပမည့် ၈၂ ကြိမ်မြောက် အော်စကာ ဆုပေးပွဲ တွင်
အကောင်းဆုံးဇာတ်ကား ဆုချီးမြှင့် ခံရမည် ဟု ထင်ကြေးပေးခံထားရသည်။ဝါရင့်ရုပ်ရှင်
ဝေဖန်ရေးဆရာ တို့ ကမူ အေဗာ တာ ဇာတ်ကားသည် သန်မန်မျှသာ ဖြစ်သည် ဟု ဆိုသည်။
ဒါရိုက်တာ ဂိုင်းရစ်ချီရိုက်ကူးသည့် ရှားလောခ်ဟုမ်းဇာတ်ကားမှာ လည်း ပရိသတ်အား
ပေးမှု ရရှိပြီး Box Office တွင် သီတင်းခြောက်ပတ်ကြာချိတ် ဆွဲထားသည်။ထိုဇာတ်ကား
တွင် ရှားလောခ်ဟုမ်း အဖြစ် သရုပ်ဆောင်သည့် မင်းသား ရောဘတ် ဒေါင်းနေး ဂျူနီယာ
မှာ ရွှေကမ္ဘာ လုံးဆုပေးပွဲ တွင် အကောင်းဆုံးမင်းသားဆုရရှိခဲ့သည်။
၂၀၀၃ ခုနှစ်က Lord of the Ring : Return Of The King ဇာတ်ကားဖြင့် အော်စကာဆု
၁၁ ဆုရရှိခဲ့သည့် ဒါရိုက်တာ ပီတာဂျက်ဆင်၏ The Lovely Bones ဇာတ်ကားမှာ ထင်သ
လောက် ၀င်ငွေ မကောင်းခဲ့ချေ။ထိုဇာတ်ကားတွင် မင်းသား မတ်ဝှေးလ်ဘတ် ၊ရေချလ် ၀ိုဇ်
နှင့် အသက်၁၅ နှစ် အရွယ်မင်းသမီးလေး ဆာရိုဆီ ရိုနန် တို့ ပါဝင် သရုပ်ဆောင် ထားသည်။
The Lovely Bones ,The Blind Side နှင့် Up in the Air ဇာတ်ကားများမှာ အော်စကာဆုရရှိရန် များစွာ ထင်ကြေးပေးခံနေရသည်။
Rank ![]() |
Title ![]() |
Studios ![]() |
Worldwide gross ![]() |
Year ![]() |
Ref. ![]() |
|---|---|---|---|---|---|
| 1 | Avatar | 20th Century Fox | $1,858,866,889 | 2009 | [# 1] |
| 2 | Titanic | Paramount Pictures/20th Century Fox | $1,843,201,268 | 1997 | [# 2] |

