တိုက်လေယာဉ်ပျက်ကျသည့်နိမိတ်ကိုယူ၍ ဒေါ်အောင်ဆန်းစုကြည်သည် မထင်မှတ်ပဲ အာဏာရသွားနိုင်ကြောင်း နာမည်ကျော် လက္ခဏာ၊ဗေဒင်ဆရာက နိမိတ်ဖတ်

ဟိန်းခိုင်ထွန်း

ပျက်ကျသွားသည့် လေသူရဲ တစ်ယောက်စီး တရုတ်လုပ် F7 တိုက်လေယာဉ်

ရန်ကုန်ရှားရှားပါးပါးဗျာ အမျိုးသမီးက လေယာဉ်မှုး ဖြစ်တဲ့ အချိန်မှာ ဒီစစ်ကိုယ်ကိုယ်စားပြုတဲ့
တိုက်လေယာဉ် နောက် အမျိုးသား ယောင်္ကျားမောင်းလာတာက လေယာဉ်ဘီးမြေနဲ့ ထိတော့မယ့် အချိန်ကျမှ ပျက်ကျသွားတယ်၊သာမန် ကြည့်ရင် တော့ ဘာမှ မဟုတ်ဘူး

မဟာဘုတ် တော်လာ အတိတ် ၊နိမိတ် အယူ နဲ့ ရှေးမြန်မာ အယူအဆအရ ဆို နဲနဲဆန်းတယ်။နိမိတ် နဲ့ သင်္ကေတ တွေ ပါနေတယ် ဖြစ်ရပ် နှစ်ခုစလုံးက တစ်လအတွင်းနှစ်ခုစလုံးစ သတင်းထွက်တဲ့
အချိန်က ၉ ရက်ကွာတယ်။ဒါနိမိတ်လို့ ယူသော်ရ၏ ပေါ့။

ဒါကို ကျွန်တော်က နိမိတ်ယူပြီးပြောမယ် စစ်နာမ်က တိုက်လေယာဉ်က စစ်အစိုးရ မထင်မှတ် ပဲ ဘေးတွေ့ ပြီး အိုးစားကွဲမယ် ၊ နောက် တစ်ချိန်လုံး ငုပ်ကောင် တရှိန်ထိုး
နဲ့  သရဖူ ဆောင်း သွားနိုင်လိမ့်မယ်။ လေယာဉ်မှုး နှစ်ဦး စလုံးရဲ့ နာမည် တွေ ကိုယူပြီး
သာစည် ၊ ပင်းယ အဟော နဲ့ ဟော လို့ ရသေးတယ်။ ဒါပေမယ့် မပြောလိုတော့ ဘူးဟူ
အဆိုပါ နာမည်ကြီး ဗေဒင်ဆရာ က Freedom News Group သို့ ပြောသည်။

ထိုဗေဒင် ဆရာ ၏ အဟော နှင့် ပတ်သက်ပြီး ရန်ကုန် အခြေစိုက် ဗကသ အဖွဲ့ ဝင် နိုင်ငံ
ရေးလှုပ်ရှားသူ ကိုမျိုးဦးက “ဖြစ်နိုင်တယ် ဒေါ်စု လွတ်လာရင် လူတွေ အကုန်လုံးလိုက်လာ
ပြီး ပြင်သစ်တော်လှန်ရေး ဗာစတီး အကျဉ်းထောင် ကို စီးသလို မျိုးဖြစ်သွား နိုင်တယ်“ဟု
သူက သုံးသပ်သည်။

ယခုလ ၂၂ ရက်နေ့ ပျက်ကျခဲ့သော တရုတ်နိုင်ငံလုပ်တိုက်လေယာဉ်နှင့် ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန၊လေကြောင်းရန် ကာကွယ်ရေးဌာန နှင့် လေတပ်က ပူးတွဲ
စစ်ဆေးမှုများပြုလုပ်နေသည် ဟု သတင်းရရှိသည်။

အမည် မဖော်လို သော လေတပ် အရာရှိ ဟောင်း တစ်ဦးက မူ ကျွန်တော်တို့ ကြားတာ
က ဒီလို “အဝေးထိန်း စနစ်နဲ့ အသေးစားပေါက်ကွဲမှုလေးဖြစ်အောင်လုက်လိုက်တာ ရီမုတ်
(အဝေးထိန်း)ဧရိယာ ထဲဝင်လာမှ လုပ်လို့ ရတာ ပြေးလမ်းနဲ့ နီးလာမှ ခွဲပစ်လိုက်တာ၊ရှရုား
ဧဂျင့် တစ်ချို့ ခွဲတာ ဖြစ်နိုင်တယ်လို့ ယူဆတယ်( မြန်မာစစ်တပ်၏ မော်စကို တွင် စစ်ပညာသင်ယူနေ သောဗိုလ်လောင်းများတွင် ရုရှားထောက်လှမ်းရေးမှ ဦးဏှောက် ဆေးခံထားရသူများပါဝင်သည်) ထိုအကြောင်းကို နောက်မှ အသေးစိတ် ဖော်ပြပါမည်။

လေယာဉ် မပျက်ကျခင်ကတည်းက မော်စကို က ဘလောက်တစ်ချို့ မှ တရုတ်လေယာဉ်
ဆိုဘာ ဖြစ်တယ်ညာဖြစ်တယ် နဲ့ ပါနေပြီ နိုင်ငံတကာ စစ်ရေး ဈေးကွက်မှ တရုတ်နဲ့ ရုရှား
နဲ့ က အပြိုင်လေ “ဟု ထိုလေတပ် ဗိုလ် ဟောင်းက ပြောသည်။

အခြားသော အတည်ပြုမရသည့် သတင်းအရမူ မြန်မာ ၀ယ်ယူမည်ဟု စကားကျွံထား
သည့် တရုတ်စစ်လက်နက်များကို ထပ်မံ မ၀ယ်ယူလိုသောကြောင့် ထိုတိုက်လေယာဉ်ကို
ဗုံးခွဲရခြင်း ဖြစ်သည်ဟု သိရသည်။

တရုတ် F 7 တိုက်လေယာဉ်သည် ရုရှားလုပ် မီကိုယန် – ဂူရီဗစ်ရှိ မစ် ၂၁ တိုက်လေယာဉ် ပုံစံ
ဒီဇိုင်းဆင်ထားခြင်း ဖြစ်ပြီး Chengdu J-7 အဖြစ် လူသိများက ပြည်ပနိုင်ငံများသို့ ရောင်းချရာ
တွက် F7 ဆိုသည့် နာမည် ဖြင့်ရောင်းချသည်။

ထိုတိုက်လေယာဉ်ကို ယီမင် နိုင်ငံ အပါအ၀င် အာဖရိက ၊အရှေ့အလယ်ပိုင်းနှင့် အာရှ နိုင်ငံများမှ
အသုံးပြုကြသည်။