ဟိန်းခိုင်ထွန်း

ပြီးခဲ့သော ငါးလအတွင်း ရွှေပြည်သာ၊လှိုင်သာယာ၊ရွှေပေါက်ကံ မြို့ နယ်များရှိ စက်မှုဇုန်များတွင် ဖြစ်ပွားခဲ့သောဗုံးပေါက်ကွဲမှုများ၏ အဓိက တရားခံဖြစ်သူ ၁၁
ဦးအား မင်္ဂလာဒုံမြို့ နယ်အတွင်းဖမ်းဆီးရမိထားပြီ ဟု ယနေ့ ထုတ် မြန်မာ့အလင်းသတင်း
စာတွင် ဖော်ပြထားသည်။
မြန်မာစစ်အစိုးရ သည် ယခုနှစ်အတွင်းကျင်းပမည် ဟု မကြာခဏ ထုတ်ဖော်ပြောဆိုထား
သည့် ရွေးကောက်ပွဲ အားနှောင့်ယှက် ဖျက်ဆီးရန် ကြံရွယ်ထားသူများဟု ထိုလူငယ်များကို
စွပ်စွဲ ပြောကြားခဲ့သည်။
ထိုအဖွဲ့ ၏ ခေါင်းဆောင်ဟု စွပ်စွဲထားခံထားရသူ ကိုကျော်ဇေလင်းမှာ ရန်ကုန် မြို့ မင်္ဂလာဒုံ -ထောက်ကြံ အဝေးပြေးကားလမ်း ဘေး တိုကီဝါ ခဲတံ စက်ရုံရှေ့ရှိ ကုန်းတလပေါင် ကျေးရွာတွင် စာအုပ်အငှားဆိုင် ဖွင့်လှစ်ရောင်းချနေသူ တစ်ဦး ဖြစ်သည်။ကိုကျော်ဇေလင်း
အား ဇန်န၀ါရီလ ၂၂ ရက်နေ့ က ဖမ်းဆီးရမိခြင်းဖြစ်သည်။
လက်လုပ်ဗုံးများ၊ လျှပ်စစ် ဒီတိုနေတာ ၄၃ ခု၊ အမေရိကန်လုပ် TNT နှင့် C4 အမျိုးအစား
ဖောက်ခွဲရေး ပစ္စည်များ၊ ပစ္စတို ၃၂ လက်၊ ဂြိုဟ်တုဖုန်း ၁ လုံး၊အဝေးထိန်းဖောက်ခွဲရေးကိရိယာ တို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြထားသည်။
ယခု ဖမ်းဆီးထားသည့် ၁၁ ဦး မှာ ပြည်သူ့ ပြောက်ကျား စစ်တပ်ဦးမှ ဖြစ်ပြီး ထိုတပ်ဦးသည် ၁၉၉၉ ခုနှစ်က ဘန်ကောက်ရှိ မြန်မာသံရုံးကို ၀င်ရောက်စီးနင်း
ခဲ့သည့် စွမ်းအားမြှင့်မြန်မာ ကျောင်းသားစစ်သည်တော်များ အဖွဲ့ နှင့် ဆက်စပ်မှုရှိသည်
ဟု ဖော်ပြထားသည်။
ယခုလ ၂၆ ရက်နေ့ က ထုတ်ဝေသော သတင်းစာတွင် ပဲခူးတိုင်းကျောက်ကြီးမြို့ နယ်အတွင်း အင်္ဂါနေ့ မနက်က ငါးမိနစ်ခြားစီ ဗုံးနှစ်လုံးပေါက်ကွဲခဲ့သည့် သတင်းကို
ဖော်ပြထားပြီး ထိုပေါက်ကွဲမှု သည် ကရင်အမျိုးသားအစည်းအရုံး (KNU)၏တပ်မဟာ
၅ လက်ချက်ဖြစ်သည် ဟု စွပ်ဆွဲထားက ယမန် နှစ် ဒီဇင်ဘာ ကရင် နှစ်သစ်ကူးနေ့ 
က ဖာပွန် ရှိ ကရင် ရိုးရာ နှစ်သစ်ကူးနေ့ တွင် ပေါက်ကွဲခဲ့သည့် ဗုံးမှာ တပ်မဟာ ၅ ၏
လက်ချက်ဖြစ်သည် ဟု ဆိုသည်။
ယမန်နေ့ က ကျောက်ကြီးတွင် ပေါက်ကွဲခဲ့သည့် ဗုံးကြောင့် မည်သူမှ ထိခိုက်ဒဏ်ရာရ
မှုမရှိ ဟု သိရသည်။
မြန်မာ စစ်အစိုးရသည် ၂၀၀၇ ခုနှစ်မှ စ၍ နိုင်ငံရေးအရ သဘောထားကွဲပြားသော အတိုက်အခံများအားဖမ်းဆီးရာတွင် အကြမ်းဖက်သမား ဟု တံဆပ်တပ်ကာ စွပ်ဆွဲ၍
ဖမ်းဆီးမှုများကို အရှိန် အဟုန် မြင့်လုပ်ဆောင်လာသည်။
