ကလန်သံဗျင်
သုဝဏ္ဏ မင်းဒင်လမ်းထိပ်ရှိ နံနက်ခင်း ပျံကျရောင်းချသောကုန်စိမ်းဈေးတန်းတွင် ဖြစ်သည်။
ဟဲ့ ….မိအေး ကြားပြီးပြီလား ကျူရှင် ဆရာ ဓာတု အလီ ကို ကြိုးပေးလိုက်ပြီဆိုတာ
..ကောင်မရဲ့ တိုးတိုးပြောပါ နင်အဖေတွေ ကြားသွားလို့ နင့် လင် ဓာတု အလီ နောက် လိုက်
နေရ ပါအုံးမယ်။ ဒါနဲ့ ဓာတု အလီက ကမူးကွေ့ မှာ ကျုရှင် ပြတာ မဟုတ်လား အခု ဘာဖြစ် လို့ လဲ ..သူက ကမ္ဘောဒီးယားသွားတုန်းက ဗိုလ်ချုပ် သန်းရွှေ နှပ်ချီးကလော်နေ
တဲ့ ပုံကို နိုင်ငံဂျားက ကျောင်းသားတွေကို ပေးလို့ ဆိုလား ပဲ ။ငါလဲ သေချာမသိဘူး၊
လမ်းထဲမှာပြောနေကြတာ ပဲ။
အနှီ ခေါင်းရွက်ဗျက် ထိုးဈေးသည်များ၏ စကားကြောင့် ကလန်သံဗျင် တစ်ယောက် ချမ်းချမ်းစီး မနက်ခင်းကြီးထဲ သက်ပြင်းအကြိမ်ကြိမ်ချရသည် ။ မြန်မာ စစ်ဗိုလ်ချုပ်တို့ 
၏ သတင်းအမှောင် ချထားမှု ကား ဘယ်လောက် ခရီးရောက်နေ သလဲ ဆိုတာကိုပင်။
ထိုခေါင်းရွက်ဗျက်ထိုးဈေးသည်များ ပြောဆိုနေကြသည် မှာ သတင်းပေါက်ကြားမှု ဖြင့်
သေဒဏ်ချခံထားရသည့် ဗိုလ်မှုး ၀င်းနိုင်ကျော် ၏ သတင်းနှင့် တမြန့် နေ့ က အီရတ်
တွင် လူပေါင်းများစွာ အားအဆိပ်ဓာတ်ငွေ့ လွှတ်ပြီး သတ်ဖြတ်ခဲ့သည့် အာဏာရှင် ဆက်
ဒမ်ဟူစိန်၏ ညီဝမ်းကွဲ ဖြစ်သူ တို့ ၏ သတင်းအား ရောထွေးပြီး ပြောနေကြခြင်း ဖြစ်သည်။
မြန်မာအစိုးရက ဗိုလ်မှုးဝင်နိုင်ကျော် သတင်းကို လုံးဝထုတ်ပြန် ခြင်းမရှိသောကြောင့်
အကြားအမြင် အားနည်းလှသော မြန်မာ ပြည်သူ အချို့ က စလောင်းသတင်းများမှ
တစ်ဆင့် မျက်ဝါးထင်ထင် တွေ့ မြင်လိုက်ရသည့် ဓာတုအလီ သတင်းနှင့် ရောထွေး
ကြခြင်းဖြစ်သည်။ နှစ်နှစ်ဆယ် အတွင်း သတင်းအမှောင်ချမှုသည် အလွန်အလုပ်
ဖြစ်ခဲ့ပြီ ဟု သံဝေဂ ရယုံပင်ရှိသည်။လက်လုပ်လက်စားတွေ မို့ အင်တာနက်ဆိုတာ
ဘာမှန်းမသိ ပြည်ပ သတင်းဝဘ်ဆိုတ်များတွင် ထိုဗိုလ်မှုးဟောင်း သတင်းအလျှိုလျှိုဖော်
ပြခဲ့ပြီး ဖြစ်သော်လည်း ၀ဘ်ဆိုတ်များက ပျံကျဈေးတန်း၊ဆိုက်ကားဂိတ် နှင့် ဘတ်(စ်)ကား
မှတ်တိုင်ရှိ လူအုပ်ကြီးဆီသို့ ရောက်မလာ …ဟိုမိုင်ပေါင်းထောင်ပေါင်းများစွာက ဓာတုအလီ ကား စစ်အတွင်းဂျာနယ်တွေမှာ ပါခဲ့ဖူး၍ မှ ခရီးပေါက်သေးသည်။
အော်…ဆိုးရွားလှပေသည်တကား…
နောက်ထပ်..ဆိုးရွားတာ တစ်ခုရှိသေးသည်..တစ်မြန်နေ့ က ယောက်လမ်းထိပ်တွင် သူငယ်ချင်း တစ်ယောက်နှင့် ဆုံဖြစ်ရာ ဘယ်သွားမလို့ လဲ မေးကြည့်တော့ အမေရိကန်
ရောက်နေ တဲ့ သူငယ်ချင်းက မှာ လို့ ဆေးဖယောင်းတိုင် တွေ ကို ပတ်ခ်ရိုင်ရယ်က DHL
နဲ့ ပို့ ပေးမလို့ ဟု ဆိုသည်။
ကလန်သံဗျင် တစ်ယောက် အတော်အံသြသွားရသည်။အမေရိကန် ရောက်နေတာ ဆေးဖယောင်းတိုင်ကား ဘာလုပ်မလို့ လဲ ၊ဒီဆေးဖယောင်းတိုင် အတော်ပဲ အစွမ်း
ပါလား.လူတွေတောင် မနည်းသွားရတဲ့နေ ရကို သူကရောက်အုံးမည် ဆိုပဲ ။
ဂျာနယ်လစ်ပြီပြီ ထပ်စပ်စုကြည့်မိသည်။ အမေရိကန်တောင်ရောက်နေပြီပဲ ဒီဆေး
ဖယောင်းတိုင်က ဘာလုပ်အုံးမလို့ လဲ ။
သူငယ်ချင်းဖြစ်သူက ဟိုမှာ သူ အလုပ်ကောင်းလို့ နဲနဲ အတိုက်အခိုက် လေးတွေ ရှိတယ်
တဲ့ အဲဒါ နဲနဲ ယတြာချေချင်လို့ တဲ့ ဒါနဲ့ ပို့ ပေးရတာ ။
အာဏာရှင် ဟောင်းကြီး ဦးနေ၀င်း အာဏာ မစွန့် ခင် နှစ်ရက်လောက်အလိုကတည်းက
အလျှိုလျှိုပေါ်လာသည့် သတင်းစာများကို သေနတ်သံ မျက်ရည်ယိုဗုံးဒဏ် များမှ အရဲစွန့် ရောင်းချပြီး စာနယ်ဇင်းလောက ထဲသို့ ဒိုက်ဗင်ထိုးလာခဲ့သည့် ကလန်သံဗျင် ကလည်း သတင်းလေးဘာလေးရမလား ဆိုပြီး နဲနဲစကားထေ့ကြည့်မိသည်။
အတိုက်အခိုက်တွေ ရှိတယ်ဆိုတော့..ကျွန်တော်တို့ မြန်မာ လူမျိုးအလုပ်အကိုင် ကောင်း
နေတာကို တခြားလူမျိုးတွေက မနာလိုကြတာပေါ့။ ဒီလိုလား …ဟုမေးကြည့်တော့ ဘယ်ကလာ ဟုတ်ရမှာ တခြားလူမျိုးတစ်ယောက်က သူ့ ကိုစားသောက်ဆိုင်မှာ စားပွဲထိုး
ဖြစ်အောင် သွင်းပေးထားတာကို မြန်မာ အချင်းချင်းက မကြည်လို ပါဗျာ အဲဒါနဲ့ ဆေးဖယောင်းတိုင် နဲ့ ဒီတနင်္လာနံ ကံကော် သားပို့ ပေးမလို့ ပါ….ဟူသော သူငယ်
ချင်းဖြစ်သူ ၏ စကားအဆုံးတွင်
ကလန်သံဗျင်၏ အတွေးတွေ ကြေးစည်လို သံစုံမြည်ခဲ့ရသည်။ ဓာတုအလီ၊ဆေးဖယောင်း
တိုင်၊အမေရိကန် ၊မြန်မာ ၊အတိုက်အခိုက် ယတြာ ချေခြင်လို့ စသည်ဖြင့် အတွေးတွေ မဆုံးတော့ …
ဘာပဲဖြစ်ဖြစ်လေ ရွေးကောက်ပွဲပြီးရင်တော့ ဆေးဖယောင်းတိုင်တို့ ၊ကန်တော့ပွဲတို့ ၊မင်း
ကြီးမင်းလေးရုပ်တွေ နိုင်ငံခြားကို အိတ်စပို့ လေးဘာလေးလုပ်မှ
ကလန်သံဗျင် သည် မြန်မာနိုင်ငံရန်ကုန် မြို့ မှ ၀ါရင့် သတင်းအယ်ဒီတာ တစ်ဦးဖြစ်ပြီး
သူ၏ နာမည်ရင်းမဟုတ်ပါ။

ကျေးဇူးပါ။ ပြည်တွင်းက ပြည်သူလူထုနဲ့ အဟပ်မိတဲ့ အရေးအသားလေးတွေ သဘောကျပါတယ်။
ဒီဆောင်းပါးလေးသိပ်ကောင်းတယ်ဗျာ….ပြည်ပသတင်းဌာနတွေက ရန်ကုန်က လူနည်းစုဆီလောက်ပဲရောက်တယ်ဆိုတာမှန်တယ်။နိုင်ငံခြားရောက်မြန်မာတွေက လည်းစိတ်အရေခွံမလဲကြသေးပါလား။