ကျော်ကြားသူ တို့ နှင့် မြွေ

Updates : Stars and Snake

ဘီယွန်ဆေးရဲ့ ဖက်ရှင်

နက်ဖြန် ဂရမ်မီဆုပေးပွဲဆိုတော့ ကမ္ဘာတစ်လွှား
က ဖက်ရှင်နယ်ပယ်မှာ ကျင်လည်နေသူတွေ
အတွက် စိတ်လှုပ်ရှားစရာ အကောင်းဆုံးအချိန်
တစ်ခုလို့ ဆိုရမှာပါ။ရွှေကမ္ဘာလုံးဆု၊ဂရမ်မီဆု၊
အော်စကာဆု ပေးပွဲတွေမှာ ဆင်မြန်းလာတဲ့
ငွေကြယ်ပွင့်တွေ ရဲ့ ဖက်ရှင်ဟာ တစ်နှစ်တစ်ခါဆို
သလို နိုင်ငံတ၀ှမ်းက ဖက်ရှင်ရေစီးကြောင်းကို
ပြောင်းလဲနိုင်လို့ ပါပဲ။

တရုတ်နွယ်ဖွား အမေရိကန် နာမည်ကျော် ဒီဇိုင်နာ ဗီရာ ၀န်ကတော့ “ဆုပေးပွဲတွေမှာ ၀တ်လာ
ကြတဲ့ ဒီဇိုင်းတွေထဲက အထင်ပေါ်ဆုံးရှိတာ တွေ ကိုနောက်နေ့ မှာ ကြေးရတတ်မမတွေက ကျွန်မ
တို့ ဒီဇိုင်နာတွေကို အပ်ကြရော ..”လို့ ဆိုပါတယ်။

ဒီနှစ် ဂရမ်မီ ၁၀ ဆုလျှာထားခံရတဲ့ ဘီယွန်ဆေး တစ်ယောက်ဘယ်လိုဖက်ရှင် ဆင်မြန်းလာမလဲ
ဆိုတာ ကို Vanity Fair , Glamour , Vogue စတဲ့ မဂ္ဂဇင်းတွေက Fashion Police တွေ
ပွဲမစခင် နှစ်ဆယ့်လေးနာရီလောက် ကတည်းက အသင့်ရောက်နှင့်နေပါပြီ။

၂၀၀၀ ပြည့်နှစ်က အဆိုတော် ဂျနီဖာလိုပက်ဇ် ရဲ့ ဂရမ်မီ ပွဲတက်ဖက်ရှင် နဲ့ ၁၉၉၈ ခုနှစ်က ၅၀
ကြိမ်မြောက် ဂရမ်မီဆုပေးပွဲမှာ ဘီယွန်ဆေးရဲ့ ဖက်ရှင် တွေဟာ မရိုးနိုင်ပဲ တစ်မျိုးဆန်းနေ တဲ့
ဖက်ရှင်တွေ ပဲပေါ့။

ဂျက်ဆီကာဘီးလ် ရဲ့ အော်စကာဖက်ရှင်

ဒီလို ပွဲတက်ဖက်ရှင်တွေ ရဲ့ ဈေးနှုန်းက ဘယ်
လောက်ရှိလဲ ဆိုတာကတော့ ဒီဇိုင်နာရဲ့ လက်
ရာနဲ့ ဝတ်စုံတွေမှာ ထည့်သွင်းအလှဆင်မယ့် ကျောက်မျက်ရတနာတွေ ရဲ့ တန်ကြေးပေါ်မူ
တည်ပါတယ်။တကယ်လို့ များ ၀တ်စုံဟာ ကျောက်
မျက်ရတနာ အလှတွေ စီချယ်မထားဘူးဆိုရင်
၂၀၀၇ ခုနှစ်တုန်းက ဂျက်ဆီကာ ဘီးလ် ရဲ ပရာဒါ
ဖက်ရှင်တိုက်က စိတ်ကြိုက်မှာ ယူထားတဲ့ ဒီဇိုင်းက ဒေါ်လာနှစ်သောင်းတန်ကြေးရှိပါတယ်။

ဒီတစ်ပတ်မှာတော့ ပွဲတက်ဝတ်စုံတွေ ကို အဓိက
ထားဖော်ပြပေးခဲ့ပေမယ့် နောက် တစ်ပတ်မှာ
တော့ ချစ်သူစုံတွဲတွေ နဲ့ လိုက်ဖက်မယ့် ဗယ်လင်
တိုင်းဖက်ရှင် ကို စောင့်မျှော်ဖတ်ရှုပါ။

ဒီနှစ်ရွှေကမ္ဘာလုံးဆုပေးပွဲမှာ ဒရူးဘယ်ရီမိုး ရဲ့ ဖက်ရှင်
ထရန်စဖော်မာဇာတ်ကားရုံတင်တုန်းကမယ်ဂန်ဖောက်စ်ရဲ့ပွဲတက်ဖက်ရှင်
ကင်ကာဒီရှန်းနဲ့ တေလာဆွတ်ဖ်တို့ ရဲ့ အပျိုရိုင်း အနီရောင် Dolce & Gabana ၀တ်စုံများ
ဗင်လင်တိုင်းနေ့ မှာ တွေ့ ကြရမယ့် စကားလက်ဂျိုဟန်ဆန် ရဲ့ ဂူချီဝတ်စုံနဲ့ အလှ

နိုင်ငံတကာမှာ တော့ နာမည်ကျော်ကြားတဲ့ အနုပညာရှင်တွေ ဟာ မြွေတွေ နဲ့ ဓာတ်ပုံ အရိုက်ခံ
ကြပါတယ်။စပါးကြီးမြွေ နဲ့  မြွေဖြူ စပါးအုံး မြွေမျိုးတွေ နဲ့ ပါ မြန်မာ နိုင်ငံမှာတော့ နာမည်ကျော်အနုပညာ ရှင် တွေ ဖြစ်တဲ့ ကျော်ဟိန်း၊အိန္ဒြာ ကျော်ဇင်စသူတို့ လည်းမြွေတွေ နဲ့ 
ဓာတ်ပုံ အရိုက်ခံကြပါတယ်။

အနောက်နိုင်ငံမှတော့ မြွေနဲ့ ဓာတ်ပုံရိုက်ခံတာ ဆွဲဆောင်မှုရှိတယ်။လပ်ကီးကောင်းတယ်။
ဆက်ဆီ ဖြစ်တယ်ပေါ့။ပုံမှာ ရေချယ်ဝိုက်ဇ် ၊ဘရစ်တနီ စပီးယားနဲ့  မိုက်ကယ်ဂျက်ဆင် တို့ မြွေတွေ နဲ့ ဓာတ်ပုံအရိုက်ခံထားတာ တွေ့ ရမှာပါ။

အလှမွေးမြွေကြီး နှင့် The Fountain ,Lovely Bones မင်းသမီးရေချယ်ဝိုက်ဇ်
ရုပ်သံတင်ဆက်မှုတစ်ခုတွင်တွေ့ ရသည့် အန်ဂျလီနာဂျိုလီ နှင့် မြွေဖြူကြီး
ဖျော်ဖြေပွဲတစ်ခုတွင် မြွေဖြူကြီး နှင့် တွေ့ ရသည့် ဘရစ်တနီစပီးယား
မိုက်ကယ်ဂျက်ဆီနှင့် သူကိုယ်ပိုင်မြွေထားသည့် စပါးအုံးမြွေကြီး