Freedom Technology Expert Group

Apple ရဲ့ သူဌေး Steve Jobs ဟာ အီလက်ထရောနစ် ဈေးကွက်မှာ ဝေစုအများဆုံးကို သိမ်းပိုက်ဖို့ အချိန်ယူရပါဦးမယ်။ ဒါပေမယ့် အနာဂတ်နဲ့ ပက်သတ်ပြီး ဈေးကွက်ဝေစု၊ အမြတ်ဝေစုတွေလို ဖန်တီးမှုကို ဝေစုပိုင်းလို့ရရင် Steve Jobs ကို ဘယ်သူမှ လိုက်မီနိုင်မယ် မထင်ဘူး။ အခုလည်း ဆန်ဖရန်စစ္စကိုမှာ Apple ရဲ့ နောက်ဆုံးထုတ် ပစ္စည်း iPad ကို ကြေညာလိုက်တာ အင်တာနက်ပေါ်မှာ သူ့သတင်းတွေနဲ့ ပွထနေလေရဲ့။ ဒီတော့ iPad ဆိုတာဘာလဲ၊ ဘာထူးခြားလို့လဲ၊ အနာဂတ်မှာ ဘယ်လိုလွှမ်းမိုးမှုတွေရှိနိုင်သလဲ ဆိုတာကို ကောင်းဆိုးဝေဖန်သင့်တာပေါ့။
ပထမဆုံး အနေနဲ့ iPad ဆိုတာ iPod/iPhone အကြီးစာလို့ ယေဘုယျပြောနိုင်ပါတယ်။ MacBook အသေးစားလို့ ပြောရင်လည်း လွန်မယ်မထင်ဘူး။ နည်းပညာ သဘောတရားအရ iPad ဟာ tablet ကွန်ပျူတာဖြစ်ပါတယ်။ ဖြစ်ချင်တော့ tablet ကွန်ပျူတာတွေဟာ အဆန်းမဟုတ်ပါဘူး။ သူတို့ပေါ်တာ ၁၉၆၀ ကတည်းက ဖြစ်ပါတယ်။ Apple ကတောင် Newton နာမည်နဲ့ tablet ထုတ်ဖူးပါတယ်။ ဒါပေမယ့် tablet ကွန်ပျူတာတွေဟာ အောင်မြင်ကျော်ကြားမှုကို မခံစားခဲ့ရပါဘူး။ ဒီတော့ ဘယ်သူကမှ မအောင်မြင်ခဲ့တဲ့ ဈေးကွက်ကြီးကို Apple က ပြန်လည်ဝင်ရောက်တာဟာ မိုက်လုံးကြီးရာ မကျဘူးလား။

ကျွန်တော်တို့ခေတ်ဟာ iPhone, Kindle နဲ့ PSP တို့ရဲ့ ခေတ်ဖြစ်ပါတယ်။ ဒီကိရိယာတွေအားလုံးဟာ ဘယ်သွားသွား ကိုယ်နဲ့မကွာ သယ်သွားနိုင်ပြီး ရောက်လေရာအရပ်မှာ ၀ါယာလက်အင်တာနက်နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ကြတဲ့ လူတန်းစားတစ်ရပ်ကို ဖန်တီးခဲ့ပါတယ်။ Apple ဟာ သူ့ရဲ့ tablet ကွန်ပျူတာကို အခုလို အနှောင်အဖွဲ့ကင်းတဲ့ မိုဘိုင်းခေတ်မှာ ပြန်လည်မွေးဖွားပေးခဲ့ပါတယ်။
iPad ရဲ့ Touch Screen Keyboard ဟာဘယ်လောက်အထိ အလုပ်ဖြစ်မှာလဲ ။on-screen
ကီးဘုတ် တွေဟာ ဆင်စွယ် ရဲတိုက်တွေ နဲ့ နာဆာလို အကောင်းဆုံးဥဏှောက် တွေ စုစည်းရာ
နေရာလောက်မှာ ကလွဲပြီးသာမန်ပြည်သူတွေကြားမှာ အသုံးမတည့် လောက်ဘူးဆိုတာ
စတိဗ်ဂျော့ သိဖို့ ကောင်းတာပေါ့။
တစ်ကိုယ်ရည် ကွန်ပျူတာ အဖြစ်သုံးလို့ ကောင်းပေမယ့် တယ်လီဖုန်းဆက်သွယ်ရေးအနေနဲ့ သုံးဖို့ မှကျတော့ ဧရာမ ဟန်းဖုန်းကြီး အဖြစ် မိမိ ရဲ့ ဖောက်သည် တွေကို လူကြားထဲ အရှက်ခွဲသလိုဖြစ်
မနေဘူးလားဆိုတာကို Apple ကကြိုမတွေးထားမိဘူးထင်ပါတယ်။

ဖန်တီးမှု ကို မောင်ပိုင်စီးသူ နည်းပညာ ဆောင်းပါး၏ ကျန်ရှိနေသော အပိုင်းကို နောက်နေ့ များတွင်
ဆက်လက် ဖော်ပြပါမည်။
