၅၂ ကြိမ်မြောက်ဂရမ်မီဆုပေးပွဲ (Live!)

ဂရမ်မီဆုပေးပွဲ သတင်း၊ဓာတ်ပုံနှင့်ဗီဒီယိုထုတ်လွှင့်မှုများအားဤနေရာတွင်ကြည့်ရှုနိုင်သည်

တစ်နှစ်တာ အကောင်းဆုံးသီချင်းဆုရ Single Lady သီချင်းဖြစ် ဘီယွန်ဆေး သီဆိုဖျော်ဖြေစဉ်
အကောင်းဆုံပေါပ်အယ်(လ)ဘမ်နှင့် အကောင်းဆုံးအဖွဲ့ လိုက်သီဆိုဖျော်ဖြေမှုဆုရ The Black Eyed Peas အဖွဲ့ သီဆိုဖျော်ဖြေနေစဉ်
မီလေးဆိုင်းရပ်စ်
ဂရမ်မီဆုပေးပွဲသို့ ရီဟာနားရောက်ရှိလာစဉ် (AP Photo/Chris Pizzello)
white horse သီချင်းဖြစ်တစ်နှစ်တာ အကောင်းဆုံးကန်းထရီးတေးသံရှင်ဆုရရှိသွားသည့် တေလာဆွဖ်အားကြေညာပေးနေစဉ်

ဂရမ်မီဆုပေးပွဲသို့ တက်ရောက်လာတဲ့ ရစ်ကီမာတင်
ဂရမ်မီဆုပေးပွဲသို့ တက်ရောက်လာတဲ့ လေဒီဂါဂါ

၅၂ ကြိမ်မြောက် ဂရမ်ဆုပေးပွဲအခမ်းအနားကို ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ မှာ
လောစ်ဇင်ဂျလိစ် က စတာပလ် ခန်းမ မှာ မြန်မာ စံတော်ချိန် နံနက် နှစ်နာရီကတည်းက
စတင်ကျင်းပနေပါတယ်။ဒီဆုပေးပွဲမှာ ဂရမ်မီ ဆု ၁၀ ဆုလျှာထားရခဲ့တဲ့ ဘီယွန်ဆေး အပါအ၀င် တေလာဆွဖ် နဲ့ လေဒီဂါဂါ တို့ လည်းကနဦး ဆုတွေ ရရှိခဲ့ကြပါတယ်။

ဘီယွန် ဆေးကတော့ ဆုငါးဆု ရရှိနေပြီ ဖြစ်ပါတယ်။သူရတဲ့ ဆုတွေ ထဲမှာတစ်နှစ်တာ အကောင်းဆု သီချင်းအဖြစ် Single Ladies သီချင်းက Song of the Year ဆုရရှိထားပါတယ်။ ရောခ်ဂီတ အဖွဲ့ AC/DC ကတော့ဆု နှစ်ဆုဆွတ်ခူးထားပါတယ်။