ပြည်ပသတင်းထိုင်ဝမ်-အမေရိကန် လက်နက်ရောင်းဝယ်မှု ထိုင်ဝမ်နိုင်ငံက၀ယ်ယူထားသည့် တစ်စီးလျှင် ဒေါ်လာ၁၈ သန်းတန် ဘက်စုံသုံး Black Hawk ဟယ်လီကော်ပတာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်ကျွန်းကို အမေရိကန်ဒေါ်လာ သန်း ခြောက်ထောင့်လေးရာ တန်ဖိုးရှိတဲ့ အဆင့်မြင့် ခုခံကာကွယ်ရေးစစ်လက်နက်ပစ္စည်းတွေ ရောင်းချမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် က ကြေငြာခဲ့ပါတယ်။ အမေရိကန်က ထိုင်ဝမ်ကျွန်းကို အဆင့်မြင့် ခုခံကာကွယ်ရေး ဒုံးကျည်တွေ၊ ရေဒါတွေ ၊မိုင်းခွဲတဲ့ သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေ နဲ့ တခြား ဆက်သွယ်ရေးဆိုင်ရာ စစ်လက်နက်ပစ္စည်းတွေကို ရောင်းချမှာဖြစ်ပါတယ်။ တရုပ် အစိုးရဟာ အလွန်ဒေါသ ထွက်နေပြီး သူနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ စစ်ဘက်ဆိုင်ရာ အပြန်အလှန် ဆက်သွယ်မှုတွေ၊ လုံခြုံရေးဆွေးနွေးမှုတွေကို လည်း ရပ်ဆိုင်းထားမယ်လို့ စနေနေ့ မှာ ချက်ချင်းတုန့်ပြန် ကြေငြာလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု က ထိုင်ဝမ်ကျွန်း အနေနဲ့သူ့ကိုယ်သူ ကာကွယ်နိုင်အောင် ထိုင်ဝမ်-အမေရိကန် နှစ်ဖက်သဘောတူ စာချုပ်အရ အခုလို ကူညီခဲ့တာ လို့ ခုခံပြောဆို ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု က တရုတ်နဲ့ ထိုင်ဝမ်အကြားက ပြဿနာကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့ လိုလားပါကြောင်း နှင့် လက်နက်ရောင်းချတာဟာ ထိုင်ဝမ်ရေလက်ကြားမှာ လုံခြုံရေးကို ထိန်းထားပြီး တည်ငြိမ်မှုရှိစေဖို့ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောခွင့်ရပုဂ္ဂိုလ် လော်ရာ တစ်ရှ်လာ က ပြောပါတယ်။ ပီကင်းမြို့တော်မှာ တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဟီယာဖီ က တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂျွန်ဟန်းစ်မန်း ကိုဆင့်ခေါ်ခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ပြင်းထန်စွာ ကန့်ကွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ကိစ္စဖြစ်တယ် ထိုင်ဝမ်ကို စစ်သုံးပစ္စည်းကိရိယာတွေ ရောင်းချမယ့်အစီအစဉ်ကို ဖျက်သိမ်းပေးဖို့လည်း တရုတ်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဟီယာဖီ က အမေရိကန် အစိုးရကို တိုက်တွန်းသွားခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် မှာ တရုပ် ဟာ ဗြိတိန် အစိုးရ က ထိုင်ဝမ်ကို စစ်လက်နှက် ရောင်းချမှု နဲ့ အလားတူပြဿနာ တက်ခဲ့ဖူးပါတယ်။ မူရင်း (ဆင်ဝှါ အေပီ ဗွီအိုအေ) WFWW (NEW YORK) Rate this:လူမှု မီဒီယာ ကွန်ယက် တွင် သတင်း ကို ဖြန့် ဝေရန် Share on LinkedIn (Opens in new window) LinkedIn Share on Facebook (Opens in new window) Facebook Share on Pinterest (Opens in new window) Pinterest Email a link to a friend (Opens in new window) Email Share on X (Opens in new window) X Print (Opens in new window) Print Share on Tumblr (Opens in new window) Tumblr Like Loading... Related
ထိုင်ဝမ်က လက်နက်ဝယ်တယ်ဆိုတာ တရုတ်ပြည်မကြီးကို မပြတ်စောင့်ကြည့်နေရတဲ့ရန် ရှိပါတယ်။ သူ့မှာ ၀ယ်စရာလည်း ပိုက်ဆံရှိပါတယ်။ ထိုင်ဝမ်သားတွေဆိုတာကလည်း ချမ်းသာကြပါတယ်။ မြန်မာက ၂၀၀၉ ဒီဇင်ဘာလ အတွင်းတုန်းက ရုရှားကနေ MiG-29 အစီး ၂၀ အတွက် အမေရိကန်ဒေါ်လာ သန်း ၅၇၀ ဖိုး စာချုပ်ချုပ်တာကမှ တကယ်ဆိုးရွားတဲ့ သတင်းပါ။
ထိုင်ဝမ်က လက်နက်ဝယ်တယ်ဆိုတာ တရုတ်ပြည်မကြီးကို မပြတ်စောင့်ကြည့်နေရတဲ့ရန် ရှိပါတယ်။ သူ့မှာ ၀ယ်စရာလည်း ပိုက်ဆံရှိပါတယ်။ ထိုင်ဝမ်သားတွေဆိုတာကလည်း ချမ်းသာကြပါတယ်။ မြန်မာက ၂၀၀၉ ဒီဇင်ဘာလ အတွင်းတုန်းက ရုရှားကနေ MiG-29 အစီး ၂၀ အတွက် အမေရိကန်ဒေါ်လာ သန်း ၅၇၀ ဖိုး စာချုပ်ချုပ်တာကမှ တကယ်ဆိုးရွားတဲ့ သတင်းပါ။