တိုယိုတာ ရဲ့ ဂယက်

Total Toyota Recall

Toyota Dealerchip in Denver Colorado

ကမ္ဘာ့အကြီးဆုံးမော်တော်ကားထုတ်လုပ်ရေး ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်တဲ့ တိုယိုတာ
ကားကုမ္ပဏီ ဟာ သူ့ ရဲ့ ဖောက်သည်တွေ ကိုအနာအဆာပါတဲ့ ဒါမှ မဟုတ် သူ့ ကားတွေ
ဝယ်စီးသူတိုင်းကို နောက်ဘ၀ အထိပို့ ဆောင်ပေးမယ့် မော်တော်ကားတွေထုတ်လုပ်တယ်လို့ 
တိုယိုမော်တော်ကား ပိုင်ရှင် တွေ ရဲ့ ဒေါသ ပေါက်ကွဲမှု နဲ့ ကြုံနေရပါတယ်။

အမေရိကန် နိုင်ငံမှတော့ ပြန်ပြင်ရမယ်လို့ ကြေညာထားတဲ့ မော်တော်ကားအစီးရေလေး
သန်းလောက်ကို တိုယိုတာ ကုမ္ပဏီက ပြန်လည် ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။၁၉၃၇ ခုနှစ်
မှာ ကီအီချီရိုးတိုယိုတာ စတင်တည်ထောင်ခဲ့တဲ့ တိုယိုတာ အုပ်စု (Toyota Group)ဟာ

သူ့ ရဲ့ သမိုင်းတစ်လျှောက်မှာ အဆိုးရွားဆုံး စက်ပိုင်းစက်ရာ နည်းပညာ အရည်အသွေး
ချွတ်ချုံကျမှု နဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါတယ်။

ပြည်ပကနေ အမေရိကန် ကိုတင်သွင်းတဲ့ မော်တော်ကားဈေးကွက် ရဲ့ ၅၀ ရာခိုင်နှုန်း
လောက်ကို ဈေးကွက် ဝေစုရထားတဲ့ တိုယိုတာ ဟာ သူ့ ရဲ့ အနှစ်နှစ်အလလ က
တည်ဆောက်ထားတဲ့ ဈေးကွက် ကိုလက်လွှတ်ရတော့ မယ့် အချိန်ဖြစ်နေပြီ လို့ 

အမေရိကန် နိုင်ငံထုတ် အော်တိုမိုဘိုင်းလ် မဂ္ဂဇင်းကြီးက သုံးသပ်ထားပါတယ်။

ဗာဂျီးနီးယား ပြည်နယ်က တိုယိုတာ တာကိုမာ ပိုင်ရှင် ခရစ်လီကတော့ “ကျွန်တော်ကားအသစ်ဝယ်စီးတယ်ဆိုတာ ဒီလို ပြန်ပြင်ရတာ တို့ အလုပ်ရုံသွားအပ်တာတို့ မလုပ်
ချင်လို့ ဗျ  အခု တော့ ဒီလာ လို ပြန်အပ်ပြီး တစ်ပတ်ကျော်လောက်ကြာမယ်တဲ့”
တိုယိုတာ နှင့် ပတ်သက်၍ သူ၏ခံစားချက်ကို Freedom News Group အားပြောပြ
သည်။

တိုယိုတာ မော်တော်ကား ထုတ်လုပ်ရေးသည် ၂၀၀ရ ခုနှစ်တွင်း အမေရိကန် နိုင်ငံတွင်းကားရောင်းချရငွေ
ရှစ်ဘီလျှံကျော် ရရှိခဲ့သည်။ယခုတော့ အမေရိကန်
သမ္မတကိုယ်တိုင် ဖိအားပေးခံနေရပြီ ဖြစ်သည့် တိုယိုတာ သည် သူ၏မော်တော်
ကားဖောက်သည်များ၏ ယုံကြည်မှု ကို စွန့် လွှတ်ရတော့မည်ဖြစ်သည်။

ယမန် နှစ်ဇွန်လ က က တိုယိုတာ အကြီးအကဲ အဖြစ်ခန့် အပ်ခံရသူ အကီယို”
တိုယိုဒါ (တိုယိုတာ ဖောင်ဒါ အာကီချိယို တိုယိုဒါ၏ မြေးဖြစ်သည်) ကတော့
တိုယိုတာ ကုမ္ပဏီ က ဖောက်သည် တွေ ကို မှဲ့ တစ်ပေါက် မစွန်းရအောင် ဆောင်

ရွက်ပေး ပါ့မယ့် ဟု ၀န်ခံစကားဆိုခဲ့ပြီး သူ့ ရဲ့ ဖောက်သည်တွေ အတွက် လည်း
တောင်းပန် စကားပြောခဲ့သည်။

မစ်ချီဂန် တက္ကသိုလ် မှာ ပညာသင်ကြားနေတဲ့ ဂျပန် ကျောင်းသား တစ်ဦးဖြစ်
သူ အချီကီယို ကတော့ တိုယိုတာ ရဲ့ အောခ်ျဝဇ် ပဲလေ။ တိုယိုတာ ရဲ့ အစုအပြုံ
လိုက် အရည်အသွေးညံ့ ဖျင်းမှု ပဲပေါ့ ဟု ဒုတိယကမ္ဘာ စစ်က နာဇီ ဂျာမဏီ တို့ 
၏ လူအစုံလိုက် အပြုံ လိုက် သတ်ဖြတ်ခံရသည့် အောခ်ျဝဇ် အကျဉ်းစခန်းများ နှင့်
ယှဉ်ပြီး မှတ်ချက်ပေးသည်။

ဟိုက်လန်ဒါ ၊အဗလွန် ၊ကာဗရီ ၊ထန်ဒရာ စတဲ့ မော်ဒယ်တွေမှာ လည်းအပြစ်အနာ
အဆာပါခဲ့သလို အမေရိကန် တွေ အကြိုက်များတဲ့ ပရီးယပ်စ်မှတော့ အောက်ခြေကြမ်း
ခင်းနဲ့  ဘရိတ်နင်းပြား တို့ ညိနေတာကြောင့် အရေးပေါ်ဘရိတ် အုပ်ရာမှာ ခက်ခဲမှုတွေရှိ
တယ် လို့ ထပ်မံသတင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် တစ်နိုင်ငံတည်းမှာ ပဲ ကားစီးရေ5.6 Million လောက်ကို ပြန်လည် ပြင်ဆင်ပေးရမယ့်
တိုယိုတာ ဟာ အခုလို အမှားအယွင်းတွေ ကြုံရတာ ကတော့သူတို့ ရဲ့ ရိုဘော့နည်းပညာ (စက်ရုပ်တွေ နဲ့ မော်တော်ကားထုတ်လုပ်) ကို အားကိုးလွန်းတာကြောင့် ဖြစ်တယ် လို့ တိုယိုတာ ရဲ့ စက်မှု အင်ဂျင်နီယာ အကြီးအကဲဟောင်း
တစ်ဦးက နယူးယောက်တိုင်းမ် သတင်းစာကို ပြောပါတယ်။

မော်တောကား နဲ့ ပတ်သက်တဲ့ သတင်းတွေ ကို ဦးစားပေးရေးလေ့ ရှိတဲ့ ဒက်ထရွိုက်
သတင်းစာကတော့ တိုယိုတာက သူ့ ဖောက်သည်တွေ ဆီက ပိုက်ဆံကိုလိမ်ယူရုံမဟုတ်
ဘူး ..သေတွင်းပါ ပို့ နေသလိုပဲ လို့ ရေးသားထားပါတယ်။